backup og meta

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး

အရေပြားက ချွေးလေးစိုလာတိုင်းယားတယ်။ ရာသီဥတုလေး ပူလာတိုင်း ယားလာတယ်။ အရေပြားပေါ်မှာလည်း အဖြူအစက်လေးတွေ၊ အသားအရောင်ထပ် ရင့်နေတဲ့ အကွက်လေးတွေ အသားအရောင်ထက်ဖျော့နေတဲ့ အကွက်လေးတွေဖြစ်နေတယ်ဆိုရင် သေချာတာက အရေပြားပြဿနာ တစ်မျိုးဖြစ်တဲ့  ညှင်း  ပြဿနာကို ခံစားနေရတာပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးပါရစေ။

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများလဲ…………

အရေပြားမှာဖြစ်တဲ့ ညှင်း သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး များကတော့

မီးဖိုချောင်တော်တော်များများမှာ အလွယ်တကူရနိုင်တဲ့ အိမ်တွင်းဂမုန်းလို့ တင်စားကြတဲ့ ကြက်သွန်နီက အရေပြားပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီက ညှင်းကို ဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။

ဒါကြောင့် ကြက်သွန်နီအရွယ်တော် တစ်လုံးကို ညက်နေအောင်ကြိတ်လို့ ရလာတဲ့အနှစ်ကို ညှင်းဖြစ်နေတဲ့နေရာမှာ လိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်အထိ အသုံးပြုပေးလို့ရပါတယ်။

အနံ့စူးရှတဲ့ ကြက်သွန်ဖြူက လည်း ကြက်သွန်နီနဲ့ မျိုးရင်းတူတာကြောင့် သူ့မှာလည်း sulfur ဒြပ်ပေါင်း ပါဝင်ပါတယ်။ ကြက်သွန်ဖြူက ဟင်းလျာတွေကို အနံ့အရသာ ပြည့်စုံစေပြီး ခန္ဓာကိုယ်ကိုတင် ကျန်းမာစေနိုင်တာ မဟုတ်ပါဘူး။ ညှင်းဖြစ်စေတဲ့ malassezia မှိုပိုးတွေ အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါသေးတယ်။

ကြက်သွန်ဖြူ ခပ်ရွယ်ရွယ် ၂ မွှာလောက်ကို နုတ်နုတ်လေးစဉ်းပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက်အထိ အသုံးပြုပေးလို့ရပါတယ်။

သင်က တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ ဒီနည်းလမ်းက သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်း ၂ မျိုးစလုံးက ညှင်းဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို အမှန်အကန် တိုက်ဖျက်ပေးနိုင်တာပါ။

နနွင်းမှုန့်အနည်းငယ်ကို ကြိတ်ခြေထားတဲ့ ချင်းအနှစ်နည်းနည်း၊ ရေနည်းနည်းတို့ကို ရောစပ်လို့ အနှစ်လေးဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်လေးကို အရေပြားပေါ်မှာ တစ်နေ့ကို၂ ကြိမ်လောက်အထိ လိမ်းပေးလို့ရပါတယ်။

ယူကလစ်ဆီမှာပါတဲ့ Terpenoids နဲ့ phenylpropanoids တို့က အရေပြားကို ထိခိုက်စေတဲ့ မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အမြဲစိမ်း အပင်တစ်မျိုးဖြစ်တဲ့ ယူကလစ်ပင်က ဆေးဖက်ဝင်တဲ့ အပင်အဖြစ် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက လက်ခံခဲ့ကြတာပါ။ ယူကလစ်အဆီမှာပါတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Cineol က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပြီး ညှင်းဖြစ်စေတဲ့ malassezia မှိုပိုးကိုလည်း အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။

တမာရွက်မှာလည်း မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ညှင်းအပါအဝင် မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ သက်သာစေဖို့ တမာရွက်ကို အသုံးပြုပေးလို့ရပါတယ်။

ရေစင်အောင်ဆေးထားတဲ့ တမာရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို  အရေပြားပေါ်မှာ လိမ်းပေးလို့ရပါတယ်။ ဒါမှမဟုတ် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပေးလို့လည်းရပါတယ်။

Tea Tree Oil ကလည်း မှိုပိုးတွေကို အထိရောက်ဆုံးတိုက်ဖျက်နိုင်ပါတယ်။ ညှင်းဖြစ်တဲ့နေရာကို ရေနဲ့သေချာဆေးကြောပြီး သန့်စင်ခြောက်သွေ့အောင်သုတ်လို့ တစ်နေ့ နှစ်ကြိမ် လိမ်းပေးရုံပါ။

လေ့လာမှုတွေအရ ပျားရည်၊ သံလွင်ဆီ နဲ့ ပျားဖယောင်းတို့ကို ဆတူရောစပ်ပြီး ရလာတဲ့အရောကို ညှင်းဖြစ်နေတဲ့ အရေပြားပေါ်ကို လိမ်းပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လိမ်းပေးတာက ညှင်းကို သိသိသာသာ သက်သာစေမှာပါ။

သင်္ဘောမယ်ဇလီအရွက်မှာလည်း မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အရွက်ကို ရေစင်အောင်ဆေးပြီး ပြုတ်လို့ရလာတဲ့ အရည်နဲ့ ရေချိုးပေးလို့ ရသလို ရေစင်အောင်ဆေးထားတဲ့ အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို အရေပြားပေါ်မှာ လိမ်းပေးလို့လည်း ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tinea Versicolor https://www.webmd.com/skin-problems-and-treatments/tinea-versicolor-cause-symptoms-treatments#2 Accesssed Date 25 February 2020

Tinea Versicolor https://www.healthline.com/health/tinea-versicolor Accesssed Date 25 February 2020

Tinea versicolor: What is it? https://www.medicalnewstoday.com/articles/315779 Accesssed Date 25 February 2020

10 Natural Remedies For Tinea Versicolor You Can Get At Home https://m.dailyhunt.in/news/india/english/curejoy-epaper-curejoy/10+natural+remedies+for+tinea+versicolor+you+can+get+at+home-newsid-81894350 Accesssed Date 25 February 2020

ယခုပုံစံ

21/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Pruritus (အရေပြားယားယံခြင်း)

ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် နည်းလမ်းကောင်းများ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement