ဇီးသီးလေး ကြိုက်သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဇီးသီးစားသုံးပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို အသားအရေကိုပါ လှပစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဇီးသီးစားသုံးတာကြောင့် အသားအရေကို ဘယ်လိုအထောက်အကူပြုပေးနိုင်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး…….
ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ ဇီးသီးလေးကို စားသုံးပေးတာက
(၁) အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ်
မွမွလေး နဲ့ အရသာရှိတဲ့ ဇီးသီးလေး ကို စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေပြားပေါ်က အမည်းစက်တွေနဲ့ တင်းတိပ်တွေကို သက်သာစေနိုင်သလို အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စားတာအပြင် ဇီးသီးကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။
ဘယ်လိုပေါင်းတင်ရမှာလဲ……
မှည့်နေတဲ့ အရွယ်တော်ဇီးသီး ၂ လုံး ၃ လုံးလောက်ကို ဇလုံတစ်ခုထဲမှာ ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာ နဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကို အဆင်ပြေပါတယ်။
(၂) အရေပြားနဲ့ ဆံသားကို နေရောင်ဒဏ်က ကာကွယ်ပေးတယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေရာင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားတွေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုမရှိအောင် အထိရောက်ဆုံး ကာကွယ်ပေးထားပါတယ်။ စားသုံးပေးလို့ရသလို အရေပြားနဲ့ ဆံသားမှာ တိုက်ရိုက်ပေါင်းတင်ပေးလို့လည်း ရပါတယ်။
ဘယ်လိုလုပ်ရမှာလဲ……
ဇီးသီးကို ရေနွေးနွေးလေးနဲ့ပြုတ်ပြီး အစေ့ကိုဖယ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာ၊လည်ပင်းနဲ့ ဆံသားတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ဆေးချလိုက်ပါ။
(၃) အသားအရေကို ကြည်လင်စေနိုင်တယ်
ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်သလို အရေပြားပေါ်က အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး သွေးစီးဆင်းမှုကို ကောင်းစေနိုင်ပါတယ်။
ဘယ်လိုလုပ်ရမှာလဲ……
ဇီးသီးကိုကြိတ်ခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ စက်ဝိုင်းပုံစံအတိုင်းနှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။
[embed-health-tool-bmr]