backup og meta

အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော်

အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော်
အရေပြားမှာဖြစ်တဲ့ အကြောပြတ်ရာလေးတွေက အသက်အရွယ်မရွေးဖြစ်လာနိုင်တဲ့အရာတွေပါ။ တင်ပါး၊ပေါင်၊ ဒူး၊ခြေသလုံးနဲ့ ရင်သားတွေမှာဖြစ်လာတတ်ပါတယ်။ ဒီအကြောပြတ်ရာနဲ့ပတ်သက်ပြီး လူတွေတွေးထင်ကြတဲ့ အယူအဆလွဲတွေကလည်း အများသား။ ဒီအကြောပြတ်ရာတွေ ရှိရင်ပဲ ကိုယ့်ကိုသူများတမျိုးထင်တော့မှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့ တချို့က အကြောပြတ်ရာတွေကို လူမသိအောင် ဖုံးကွယ်တတ်ကြပါတယ်။ ဘောင်းဘီတို စကပ်တို မဝတ်ရဲဘူး၊ ရေကူးဝတ်စုံ မဝတ်ရဲဘူးဆိုတော့ ဒါတွေ သက်သာပျောက်ကင်းသွားစေမယ့် နည်းတွေ မသိချင်ကြဘူးလား။
အများအားဖြင့် ဘာတွေကြောင့်ဖြစ်တတ်လဲဆိုတော့ –
  • ပျိုဖော်ဝင်လို့ လူကောင်ထွားလာတဲ့အခါ
  • ကိုယ်ဝန်ရှိလာတဲ့အခါ
  • ကိုယ်အလေးချိန် အတက်အကျမြန်တဲ့အခါတွေ
  • ကြွက်သားအမြန်တက်စေတဲ့ အလေးမလေ့ကျင့်ခန်းတွေကြောင့်ဖြစ်တတ်ပါတယ်။
  • တချို့ကတော့ စတီးရွိုက်ပါတဲ့လိမ်းဆေးတွေ၊ ခရင်မ်တွေကို အချိန်အတော်ကြာလိမ်းပြီးတဲ့နောက် အကြောပြတ်ရာတွေဖြစ်လာနိုင်ပါတယ်။

အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော်

အရေပြားအမာရွတ်တစ်မျိုးဖြစ်တဲ့ အကြောပြတ်ရာတွေကို အုံဖွဆိုပြီးပျောက်ကင်းစေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းပါးလာပြီး မှေးမှိန်ပျောက်ကင်းမှုမြန်ဆန်စေဖို့ သဘာဝပစ္စည်းတချို့က ကူညီပေးနိုင်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ကို အားဆေးအဖြစ်သောက်သုံးတာ ဒါမှမဟုတ် မုန်လာဥနီ၊ ကန်စွန်းဥ တို့လို ဗီတာမင် A ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးတာက အရေပြားကျန်းမာရေးနဲ့ အသားအရေအလှအပကိုကောင်းမွန်စေပါတယ်။ ၁၉၉၆ ခုနှစ်ကလေ့လာတွေ့ရှိမှုအရဗီတာမင် A/ retinoidsတွေက အကြောပြတ်ရာတွေကိုပျောက်ကင်းဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

သကြား

တချို့က သကြားကို အရေပြားအပေါ်ယံဆဲလ်သေပွတ်တိုက်ဖယ်ရှားတဲ့ အိမ်သုံး microdermabrasion နည်းလမ်းတစ်ခုအဖြစ်သုံးကြပါတယ်။ အရေပြားကုသရေးပညာရှင်ကလုပ်ဆောင်ပေးတဲ့ Microdermabrasion ဆိုတာ အကြောပြတ်ရာတွေကို ပါးသွားစေတဲ့ ကုသနည်းတစ်ခုဖြစ်ပါတယ်။

အကြောပြတ်ရာပေါ်မှာ သကြားနဲ့ပွတ်ပြီး ဆဲလ်သေဖယ်ရှားရပါမယ်။

  • သကြားပန်းကန်လုံးတစ်လုံးစာကို အုန်းဆီ သို့မဟုတ် သံလွင်ဆီလေးပုံတစ်ပုံထည့်ပြီးမွှေပါ။
  • သံပုရာရည်နည်းနည်းညှစ်ထည့်ပါ။
  • အကြောပြတ်ရာရှိတဲ့ဧရိယာမှာ ပွတ်လိမ်းပါ။ scrub လုပ်ပါ။
  • ဒီနည်းကို တစ်ပတ်လေးကြိမ်လောက် ရေချိုးတဲ့အခါ သုံးနိုင်ပါတယ်။ တစ်ကြိမ်မှာ ၈ မိနစ်ကနေ ၁၀ မိနစ်လောက် လုပ်လို့ရပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို ထိရောက်တဲ့ ကုသဖယ်ရှားမှု အဖြစ် လေ့လာမှု အထောက်အထား နည်းပါးပေမယ့် ရှားစောင်းလက်ပပ် အစစ်ရဲ့အနှစ်သားဟာ အရေပြားအတွက် နတ်ဆေး တစ်လက် ပါပဲ။ အသားအရေကို နူးညံ့ချောမွေ့စေတဲ့ အာနိသင်ကြောင့် အမြန်မပျောက်ကင်းစေရင်တောင် အသားအရေ မထိခိုက်ဘဲ အကြောပြတ်ရာတွေကို ပါးသွားစေမယ့်သဘာဝပစ္စည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အသားနဲ့ရေချိုးပြီးတိုင်း ပွတ်ပေးလို့ရပါတယ်။

Hyaluronic acid

ကော်လာဂျင်ဟာ အသားအရေကိုချောမွေ့ကျစ်လျစ်ကျန်းမာစေဖို့ ထိန်းပေးတဲ့ ပရိုတင်းတစ်မျိုးပါ။ အရွယ်ရလာတဲ့အခါ မျက်နှာနဲ့ ခန္ဓါကိုယ်အရေပြားအတွက်ကော်လာဂျင်ကလျော့နည်းလာပါတယ်။ အဲဒီကော်လာဂျင်ထွက်ရှိမှုကိုhyaluronic acid ကလံ့ှုဆော်ပေးပါတယ်။Hyaluronic acid ကို သောက်ဆေးကနေ ရရှိနိုင်ပါတယ်။

အုန်းဆီ

အကြောပြတ်ရာတွေဟာ အရေပြားထိခိုက်မှုကြောင့်ဖြစ်လာတဲ့ အမာရွတ်တစ်မျိုးဖြစ်တာကြောင့် ပျောက်ကင်းမှုမြန်ဆန်အောင် အုန်းဆီက ကူညီပေးနိုင်ပါတယ်။ အုန်းဆီက အရေပြားကိုကုသနိုင်တဲ့အာနိသင်နဲ့ နာမည်ကြီးပြီး အရေပြားအနာတွေကိုတောင် အနာကျက်မှုမြန်ဆန်စေနိုင်ပါတယ်။
virgin coconut oil ကိုသုံးပြီး အကြောပြတ်ရာတွေမှာနေ့တိုင်းလိမ်းပေးမယ်ဆိုရင် တဖြည်းဖြည်းလျော့ပါးလာမှာဖြစ်ပါတယ်။ အုန်းဆီကဘေးမရှိတာကြောင့် အသုံးပြုလို့ အလွန်တော့မရှိပါဘူး။

ဒီနည်းတွေ အားလုံးက ဘေးဖြစ်စေနိုင်တာတွေ၊ ဆိုးကျိုးတွေ ရှိတာ တစ်ခုမှ မပါဘူးဆိုတော့ တစ်ခုထက်ပိုတဲ့နည်းတွေ သုံးလို့ရပါတယ်။ ဥပမာ ရှားစောင်းလက်ပပ် ပွတ်တဲ့နေ့ပွတ်၊ အုန်းဆီလိမ်းတဲ့နေ့လိမ်း၊ ဗီတာမင် A ကြွယ်ဝတာလည်းစား၊ သကြားနဲ့လည်း မကြာကြာ scrub လုပ်ပေါ့။ ဒီနည်းလမ်းလေးတွေအတိုင်း အကြောပြတ်ရာတွေ ပါးသွားအောင် လုပ်လို့ အပြစ်အနာအဆာ ကင်းစင်ပြီး လှပချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Dr. Thinn Yadanar

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/312975.php

Accessed Dec 26, 2018.

https://www.stylecraze.com/articles/simple-home-remedies-to-remove-stretch-marks/#gref

Accessed Dec 26, 2018.

https://www.healthline.com/health/home-remedies-for-stretch-marks

Accessed Dec 26, 2018.

ယခုပုံစံ

21/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

ချွေးပေါက်ပွင့်စေပြီး မျက်နှာဝင်းလက်စေမယ့် သဘာဝနည်းလမ်း ၆ ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement