backup og meta

အသားအရေလေးတင်းရင်းစေဖို့ ကြိုးထိုးကြမယ်

အသားအရေလေးတင်းရင်းစေဖို့ ကြိုးထိုးကြမယ်

အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အလှအပြပုပြင်နည်းတစ်ခုပေါ့။ အချိန်တိုလေးအတွင်းမှာ လှပသွားစေမယ့် နည်းလမ်းလေးတစ်ခုပါ။ နာကျင်မှုနည်းပြီး အချိန်လည်းသိပ်မပေးရတဲ့ အလှအပပြုပြင်မှုတစ်ခုပါ။ Botox ထိုးတာထက် တာရှည်ခံသလို Filler ထိုးတာထက်လည်း အချိန်ကြာကြာလှပနေစေမှာပါ။

ငယ်ရွယ်တဲ့ရုပ်သွင်ပြင်ကို ပိုင်ဆိုင်ချင်သူတွေ စဉ်းစားသင့်တဲ့အလှအပပြုပြင်မှုတစ်ရပ်ပါ။ ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်ေနာက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။

ဘာတွေထူးသွားနိုင်လဲ

ဒီကုထုံးရဲ့ အားသာချက်တွေကတော့-

  • ရုပ်သွင်ကိုနုပျိုစေပြီး အသားအရေကိုတင်းရင်းလှပစေတယ်
  • မျက်နှာကောက်ကြောင်းကိုပိုပြီးပေါ်လွင်စေတယ်
  • အမာရွတ်မထင်ဘဲ နုပျိုတဲ့ရုပ်သွင်ကိုရရှိစေတယ်
  • အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို အလျင်မြန်ဆုံးနဲ့အထိရောက်ဆုံးဖြေရှင်းနိုင်တယ်။

ဘယ်သူတွေလုပ်သင့်လဲ

အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေ၊ မျက်အိတ်တွဲတာတွေကို သိသိသာသာသက်သာ စေတဲ့နည်းလမ်းပါ။ ဒါကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုခံစားနေရတဲ့ အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့ အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ တွဲကျနေတဲ့ မျက်အိတ်တွေ၊ မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့နည်းလမ်းတစ်ခုပါ။ တစ်ကြိမ်လုပ်ထားပြီးရင် နှစ်နဲ့ချီခံတဲ့ နည်းလမ်းဖြစ်တာကြောင့် လှပချင်သူတိုင်း ရွေးချယ်သင့်တဲ့နည်းလမ်းတစ်ခုပေါ့။

ဒီကုသမှုက စိတ်ချရသလို ကြာမြင့်ချိန်ကလည်း ၁ နာရီကနေ ၂ နာရီလောက်ပဲကြာမြင့်မှာဖြစ်ပါတယ်။ ရိုးစင်းပြီး လှပစေမယ့်အလှပြုပြင်မှုတစ်ခုဆိုလည်း မမှားပါဘူး။ မင်္ဂလာဆောင်ခါနီး သတို့သမီးတွေအတွက်လည်း တော်တော်လေး အဆင်ပြေစေမယ့်နည်းလမ်းပါ။ ကဲဒီတော့ အချိန်ကုန်သက်သာပြီး တာရှည်ခံတဲ့အပြင် အသားအရေကိုတင်းရင်းလှပစေတဲ့ ကြိုးထိုးတာကို လုပ်သင့်၊မလုပ်သင့် ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ လုပ်ဆောင်ဖို့ကတော့ မဖြစ်မနေ သတိပြုသင့်တဲ့အချက်တစ်ခုပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Face-Liftshttps://www.webmd.com/beauty/webmd-medical-reference-collaboration-cleveland-clinic-cosmetic-procedures-facelifts#1 Accessed Date 8 March 2019

What you need to know about thread liftshttps://www.plasticsurgery.org/news/blog/what-you-need-to-know-about-thread-lifts Accessed Date 8 March 2019

Thread lifts: A face-lift alternative? Or not?https://www.mdedge.com/dermatology/article/154382/aesthetic-dermatology/thread-lifts-face-lift-alternative-or-not Accessed Date 8 March 2019

ယခုပုံစံ

21/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ

ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement