နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ
နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက ဆေးလိပ်ငွေ့တွေက ထိတွေ့ထားတဲ့ မျက်နှာပြင်မှာ ကြွင်းကျန်နေတဲ့ ဆေးလိပ်ငွေ့တွေပါ။ သူများကမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာက တဆင့်ခံဆေးလိပ်ငွေ့ပါ။ ဒီဆေးလိပ်ငွေ့တွေ က အဝတ်အစားတွေ အသုံးအဆောင်တွေမှာ ကပ်ငြိကျန်နေတာက နှစ်ဆင့်ခံ ဆေးလိပ်ငွေ့ပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက နီကိုတင်း အကြွင်းအကျန်တွေပါ။
ဘယ်လိုနေရာတွေမှာ တွေ့နိုင်မလဲ…………………
- အဝတ်အစားတွေ
- ကြမ်းခင်းတွေ
- ပရိဘောဂတွေ
- အရုပ်တွေ
- ကားတွေ
- နံရံတွေ နဲ့
- အသုံးအဆောင်တွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။
နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ပေါင်းစပ်ထိတွေ့မိတဲ့အခါ အဆိပ်အတောက်တွေဖြစ်သွားပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ကာကွယ်ဖို့လိုပါမယ်။
နှစ်ဆင့်ခံဆေးလိပ်ငွေ့က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ………..
ဆေးလိပ်သောက်သုံးမှုကတင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့က အရွယ်မရွေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတာကြောင့်
- ပန်းနာရင်ကြပ်ရောဂါ
- နားပိုးဝင်ကူးစက်တာ
- မကြာခဏဖျားနာတာ
- ဦးနှောက်အမြှေးရောင်ရောဂါ တွေကို ခံစားရနိုင်ပါတယ်။
မွေးကင်းစ ကလေးငယ်လေးတွေမှာ
- မွေးကင်းစအရွယ်ကလေးငယ် ရုတ်တရက်သေဆုံးတာ
- မကြာခဏဖျားနာတာ
- အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာ
- DNA (မျိုးဗီဇ)တွေ ပျက်စီးစေနိုင်တယ်
- ဆီးအိမ်ကင်ဆာ
- သားအိမ်ခေါင်းကင်ဆာ
- ကျောက်ကပ်ကင်ဆာ
- ခံတွင်းကင်ဆာ
- ပန်ကရိယကင်ဆာ
- လည်ချောင်းကင်ဆာ
- အဆုတ်ကင်ဆာရောဂါတွေခံစားရစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ……….
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]