backup og meta

သင့်ကလေးနှင့် အတူ ဘေးကင်းပျော်ရွှင်ဖွယ် ဟင်းချက်ပြုတ်ချိန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးနှင့် အတူ ဘေးကင်းပျော်ရွှင်ဖွယ် ဟင်းချက်ပြုတ်ချိန်

    ကလေးများအတွက် မီးဖိုချောင်ဆိုသည်မှာ အလွန် ပျော်စရာကောင်းသော နေရာဖြစ်သည်။ ကလေးများကို မီးဖိုချောင်ထဲတွင် ကူလုပ်ပေးရန် ခေါ်ထားဖို့တော့ အမြဲတမ်း အဆင်မပြေနိုင်ပါ။ သို့သော်လည်း အဆင်ပြေသည့် အချိန်တွင် ကလေးများကို မီးဖိုချောင်တွင် ကူညီလုပ်ခိုင်းသင့်ပါသည်။ အောက်တွင် အကြံပြုချက်များ ဖော်ပြထားပါသည်။

    မှန်ကန်သောအချိန်တွင် မှန်ကန်သော တာဝန်များ ရွေးချယ်ပြုလုပ်ခိုင်းပါ

    သင်သည် သင့်ကလေးကို မီးဖိုချောင်ထဲခေါ်မည်ဆိုလျှင် အနည်းငယ် ကြိုတင်စီစဉ်သင့်ပါသည်။ အကယ်၍ သင့်ကလေးဟာ ငယ်သေးသည်ဆိုပါက အသုပ် သို့မဟုတ် ထောပတ်နှင့် ပူပူနွေးနွေး စားရသည့် ပေါင်မုန့်အဝိုင်း စသော လွယ်ကူသည့် စားသောက်စရာများဖြင့် စတင်ပါ။ ပီဇာပြင်ဆင်ခြင်းသည်လည်း အကြံဉာဏ်ကောင်း တစ်ခုပင်ဖြစ်ပါသည်။

    သင့်ကလေးများကို ရှိသောပစ္စည်းများ၊ ပါဝင်သော ပစ္စည်းများနှင့် ပီဇာတစ်ခု ပြုလုပ်ပုံကို သင်ကြားပေးခြင်းသည်လည်း အလွန်ကောင်းပါသည်။ ကလေးများကို အပေါ်ယံလွှာ၊ အချဉ်ရည်နှင့် ချိစ်တို့ကို သူတို့ကို ရွေးချယ်၍ သူတို့ ကိုယ်တိုင်ပြုလုပ်စေပါ။ အသက်နည်းငယ် ပိုကြီးသော ကလေးများနှင့် ဆိုလျှင်တော့ သင်ဟာ နောက်တဆင့် တက်ပြီး သင်ကြားပေးနိုင်ပါသည်။

    သင့်အကူအညီမပါဘဲ ပြုလုပ်နိုင်သော အဆင့်များကို စဉ်းစားဖို့ မမေ့ပါနှင့်။ ကလေးသည် သင့်အား ရိုးရှင်းသော ပစ္စည်းများကို ကူညီပြင်ဆင်ပေးနိုင်ပြီး ဘယ်ရီသီးများ ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်များ ဆေးကြောခြင်း ကဲ့သို့ လွယ်ကူသော ကိစ္စများကို ကူညီ၍ ပြုလုပ်နိုင်ပါသည်။ အသက်အနည်းငယ် ပိုကြီးသော ကလေးများကတော့ ပါဝင်ပစ္စည်းများကို ချိန်တွယ်တိုင်းတာနိုင်ပြီး သင့်ရဲ့ အကူအညီ မပါဘဲ ရိုးရှင်းတဲ့ အစားအစာများကို ကူညီပြင်ဆင်နိုင်ပြီ ဖြစ်သည်။

    အန္တရာယ်ကင်းဖို့ အထူးဂရုပြု

    သင်ဟာ သင့်ကလေးကို မီးဖိုချောင်သုံး ပစ္စည်းများနှင့် မတော်တဆ ထိခိုက်မှု မရှိစေရန် အတွက် ဂရုစိုက်ပါ။ သင့်ကလေးကို ဝါယာကြိုးများ၊ ဒယ်အိုးပူများ၊ မီးဖိုများကို မကိုင်ဖို့အတွက် သတိပေးဖို့ မမေ့ပါနှင့်။ သင်ဟာ ဘယ်လိုပစ္စည်းမျိုးကို ကိုင်လို့ရတယ်၊ ဘယ်လိုပစ္စည်းမျိုးကို ကိုင်လို့မရဘူးဆိုတာကို မကြာခဏ သတိပေးပါ။ သင့်ကလေးဟာ ဘယ်လို အလုပ်မျိုးက သူတို့နဲ့ သင့်တော်ပြီး ဘယ်လို အလုပ်မျိုးက မသင့်တော်ဘူး ဆိုတာကို ပြောဖို့ မမေ့ပါနှင့်။

    သင့်ကလေးကို မီးဖိုချောင် စည်းကမ်းများကို ပြောပြခြင်းဟာလည်း အလွန်အရေးကြီးပါသည်။ မီးဖိုချောင် စည်းကမ်းများကို သင့်ကလေး ဟင်းချက်ခြင်းများ မပြုလုပ်မီ ကြိုတင် ပြောပြထားပါ။ အသက်အနည်းငယ် ပိုကြီးသော ကလေးများကိုတောင်မှ အန္တရာယ်ကင်းဖို့အတွက် လုပ်ဆောင်ရမည့် စည်းကမ်းများကို အစဉ်မပြတ် သတိပေးပါ။ ထိုကလေးများသည် ပူနေသော မီးဖိုအနားတွင်ရှိနေခြင်း၊ အလွန်ချွန်ထက်သော ဓားများသုံးခြင်းကို ဂရုတစိုက် လေ့လာကြည့်ရှုပါ။

    သန့်ရှင်းသပ်ရပ်စွာ နေထိုင်ခြင်းသည်လည်း သင့်ကလေးကို အန္တရာယ်ရှိခြင်းနှင့် မရည်ရွယ်သော မတော်တဆမှုများ ဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်၍ သင့်ကလေးကို သန့်သန့်ရှင်းရှင်းထားဖို့အတွက် ဂရုစိုက်ပါ။ ဟင်းချက်နေစဉ် အချိန်အတွင်းနှင့် ဟင်းချက်ပြီးသော အချိန်တွင် မီးဖိုချောင်အတွင်း အလုပ်လုပ်သော နေရာများတွင် သန့်ရှင်းနေအောင် ဂရုစိုက်ခိုင်းပါ။

    စည်းကမ်းအရမ်းမတင်းကျပ်ပါနှင့်

    သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေခြင်းသည် အန္တရာယ်ကင်းစေပြီး မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သော်လည်း ဤအရာသည် အချိန်ကြာလာလျှင် ပျင်းစရာကောင်းလာတတ်သည်။ ထို့ကြောင့် တစ်ခါတရံတွင် သင်နှင့် သင့်ကလေး အတွေ့အကြုံပိုမိုရရှိပြီး ပိုမို ပျော်ရွှင်စေရန် ရှုပ်ပွထားလည်း ခွင့်ပြုပေးလိုက်ပါ။ အနည်းငယ်ကြီးသော ကလေးများအတွက် ဟင်းချက်နေစဉ် ဘေးအန္တရာယ်များကို ကာကွယ်ဖို့အတွက် သင့်ကလေး လုပ်နေသော အရာများ မှန်/မမှန် သေချာစောင့်ကြည့်ပြီး ဘာလုပ်ရမယ်ဆိုတာကို သေသေချာချာ လမ်းညွှန်ပြပေးပါ။

    အသက်ပိုငယ်သော ကလေးများအတွက်ဆိုလျှင်တော့ ပါဝင်ပစ္စည်းများကို တီဗွီတွင် ပါဝင်လေ့ရှိသော ဟင်းချက်အစီအစဉ် များတွင် ပြသသည့်အတိုင်း ခွက်ကလေးများဖြင့် သေချာခွဲထည့်ပေးထားပါ။ သင့်ကလေးကို လမ်းညွှန်ပြသမှုပေး၍ ထပ်ခါထပ်ခါ ကြိုးစားစေပါ။ ဘယ်လိုပဲ ဟင်းချက်၍ ပြီးစီးသွားသည်ဖြစ်စေ သင့်ကလေးကို ပထမဆုံး အရသာကို မြည်းကြည့်စေပါ။ ထို့နောက် နောက်တစ်ခါတွင် သင်နှင့် သင့်ကလေး မည်သို့ ပိုကောင်းအောင်ပြုလုပ်မည်ကို ပြောပြပါ။ မိဘနှင့် ကလေးအတူတကွ ချက်ပြုတ်ခြင်းသည် မိဘနှင့် ကလေးအကြား ရင်းနှီးချစ်ခင်မှု ကို ရရှိစေပြီး အတွေ့အကြုံမျှဝေနိုင်သော အခွင့်အရေးများကို ပေးစွမ်းနိုင်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement