မိန်းမကိုယ်ယားယံခြင်းတွေ မဖြစ်စေဖို့

ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကို မူတည်ပြီး သောက်ဆေး၊ လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့ အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။

  • ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ ခြောက်သွေ့အောင်ထားပါ။
  • နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့ အတွင်းခံကို ဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်တာကောင်းပါတယ်။
  • မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
  • အဲဒီအစား ဆပ်ပြာမပါ၊ ဓာတုပစ္စည်းမပါ၊ အရောင်တုမပါ၊ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့ သန့်စင်ပေးပါ။
  • ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ ချိုးပါ။( သိပ်မပူပါစေနဲ့)
  • မိန်းမကိုယ်နားတဝိုက်မှာ ရေမွှေးတွေ၊ ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။