backup og meta

မျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့ရင် အမာရွတ်မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

မျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့ရင် အမာရွတ်မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

လူရယ်လို့ဖြစ်လာရင် ထိခိုက်ဒဏ်ရာနဲ့မကင်းပါဘူး။ ထိခိုက်ဒဏ်ရာက ခန္ဓါကိုယ်ရဲ့နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။ အနာကိုသေချာဂရုမစိုက်တဲ့အခါ အမာရွတ်ဖြစ်လာရင်လည်း အလှပျက်စေနိုင်ပါသေးတယ်။ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေမှာဖြစ်ရင် ဖုံးကွယ်ထားလို့ရပေမယ့် မျက်နှာမှာဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကိုတော့ ဖုံးကွယ်ဖို့ခက်ပါမယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုပါမယ်။ လူတစ်ယောက်အတွက် အရမ်းအရေးပါတဲ့ မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုသေချာဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာလေးပြောပြပေးမှာမို့ ဖတ်ကြည့်ကြဖို့ပြောပါရစေ။

ဒါတွေကြောင့် မျက်နှာပေါ်မှာထိခိုက်ဒဏ်ရာရနိုင်ပါတယ်

  • မတော်တဆချော်လဲတာ
  • မုတ်ဆိတ်ရိတ်ရင်း ဓါးရှတာ
  • မျက်နှာကို တစ်ခုခုနဲ့ ထိခိုက်မိတာ
  • ထိုးကြိတ်ခံရတာ
  • တစ်ခုခုနဲ့ဝင်ဆောင့်မိတာလိုမျိုးဖြစ်နိုင်ပါတယ်။

မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုတွေလုပ်မလဲ

မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါသေသေချာချာဂရုစိုက်နိုင်မှသေရာပါအမာရွတ်တွေကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့်မျက်နှာမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အစစအရာရာသေချာဂရုစိုက်ဖို့လိုပါမယ်။

သွေးတိတ်အောင်လုပ်ပါ

အရင်ဆုံးအနာကိုသွေးတိတ်အောင်လုပ်ပေးပါ။ အနာကို တစ်သျှူးစသန့်သန့်လေးနဲ့ဖိပြီးသွေးတိတ်သွားအောင်အရင်လုပ်ပေးလိုက်ပါ။သွေးကတော်တော်နဲ့ မတိတ်ဘူးဆိုရင်တော့ ရေခဲကို တဘက်စသန့်သန့်လေးထဲ ထည့်ထုတ်ပြီး အနာပေါ်မှာ ခပ်ဖွဖွလေးကပ်ပေးလိုက်ပါ။ မျက်လုံးတဝိုက်မှာ ထိခိုက်မိတာဆိုရင်တော့သေချာဂရုစိုက်ဖို့လိုပါမယ်။

အနာကို သန့်စင်ဆေးကြောပေးပါ

အနာကိုရေအေးအေးသန့်သန့်လေးနဲ့ ညင်ညင်သာသာဆေးကြောသန့်စင်ပေးလိုက်ပါ။ အနာကိုဆေးတဲ့အခါ သန့်စင်သွားအောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးကြောတာမျိုးမလုပ်ပါနဲ့။ နောက်တစ်ခုက ရေနွေးသုံးပြီး ဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ရေနွေးသုံးပြီး ဆေးကြောတာက အခန့်မသင့်ရင် အနာကို သွေးပြန်ထွက်လာစေနိုင်တာကြောင့်ပါ။ အနာကိုဆေးကြောတဲ့အခါ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေအညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို သန့်စင်ဖယ်ရှားပေးပါ။

Antibiotics Cream တစ်ခုခုလိမ်းပေးပါ

အနာကိုသန့်စင်ဆေးကြောပြီးပြီးဆိုရင်တော့ အနာကိုခြောက်သွေ့အောင်သုတ်ပြီး အနာကိုAntibiotics Cream တစ်ခုခုလူးပေးလိုက်ပါ။ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာမျိုးတွေမဖြစ်အောင်ကာကွယ်နိုင်ဖို့ပါ။

အနာကို ပလာစတာကပ်ပေးပါ

အနာကိုဆေးတစ်ခုခုလူးပြီးပြီဆိုရင်တော့ ပတ်ဝန်းကျင်က သန့်ရှင်းမှုမရှိတဲ့အရာတွေကို ကာကွယ်နိုင်စေဖို့အတွက် အနာကို ပလာစတာလေးကပ်ပေးထားလိုက်ပါ။

အနာကိုနေ့စဉ်စစ်ဆေးပေးပါ

အနာကိုနေ့စဉ်စစ်ဆေးဖို့ကလည်း မဖြစ်မနေလုပ်သင့်တဲ့ အနာ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုပါ။နေ့စဉ် အနာက ရင်းနေလား၊ပြည်တည်နေလားဆိုတာတွေကို စစ်ဆေးပေးပါ။ အနာကိုနေ့စဉ်စစ်ဆေးပြီးဆေးထည့်တာ၊ ပလာစတာလဲတာတွေလုပ်ပေးပါ။ အနာကိုနေ့စဉ် စစ်ဆေးတာက အနာနီမြန်းရောင်ရမ်းတာတွေကို ကာကွယ်ရာလည်းကျပါတယ်။

အနာကပိုးဝင်ကူးစက်နေတာ၊ပြည်တည်နေတာ၊ အနာရင်းနေတာတွေဖြစ်နေမယ်ဆိုရင်တော့ အနာကို နီးစပ်ရာဆေးခန်းမှာသွားရောက်ပြသပေးပါ။ မျက်နှာမှာဖြစ်တာကြောင့် အမာရွတ်ကျန်ပြီး အကျည်းတန်မနေစေဖို့အတွက် အနာကိုသေချာဂရုစိုက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ မျက်နှာက အနာကျက်သွားပြီဆိုရင်တောင်မှ အပြင်သွားတဲ့အခါမှာ ပလာစတာကပ်ထားပေးတာက အဆင်ပြေမှာပါ။ မတော်တဆကုတ်မိ၊ထိမိတာတွေကြောင့် အမာရွတ်ထင်ကျန်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

မျက်နှာမှာထိခိုက်ဒဏ်ရာဖြစ်ပြီးပြီးချင်း ၂၄ နာရီအတွင်း အက်စပရင်လိုမျိုးဆေးဝါးတွေသောက်သုံးတာမျိုးမလုပ်ပါနဲ့သွေးမတိတ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ပြီးရင်တော့ ၄၈ နာရီအတွင်းရေနွေးနဲ့ရေချိုးတာ၊ရေနွေးအိတ်ကပ်ပေးတာ၊ ပူပူစပ်စပ်အစားအသောက်တွေစားတာမျိုးကိုရှောင်ရှားပေးပါ။နောက်တစ်ချက်က အနာကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ဖို့ပါ။ အနာကျက်သွားတဲ့အခါမှာလည်း အနာပေါ်ကနေနေလောင်ကာခရင်မ်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။ အနာကယားယံတဲ့အခါမှာလည်းကုတ်ဖဲ့မိတာမျိုးမဖြစ်အောင်ဂရုစိုက်ပေးပါ။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Facial Wounds: Improving Healing Times for Cuts and Scarshttps://advancedtissue.com/2016/05/facial-wounds-improving-healing-times-for-cuts-and-scars/ Accessed Date 23 July 2018

Facial injury treatmentshttps://www.healthdirect.gov.au/facial-injury-treatments Accessed Date 23 July 2018

Dos and Don’ts of Scar Preventionhttps://www.everydayhealth.com/skin-and-beauty/dos-and-donts-of-scar-prevention.aspx Accessed Date 23 July 2018

ယခုပုံစံ

01/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Thurein Hlaing Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ



Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement