ရေနွေးအိတ်ကပ်ခြင်း
ရေနွေးနဲ့ထိတွေ့တဲ့အခါ ခန္ဓါကိုယ်ကသွေးကြောတွေပွင့်လာပြီးသွေးစီးဆင်းမှုပိုမိုကောင်းမွန်စေနိုင်ပါတယ်။သွေးစီးဆင်းမှုပိုမိုကောင်းမွန်လာတဲ့အခါသွေးတွင်းမှာအောက်ဆီဂျင်ပမာဏများလာပြီး ထိခိုက်ဒဏ်ရာတဝိုက်ကိုအောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရဓါတ်တွေ ရောက်ရှိစေနိုင်ပါတယ်။
ကြွက်သားနဲ့တစ်ရှုးတွေအတွက် အကောင်းဆုံးသောနည်းလမ်းရေနွေးအိတ်ကပ်ခြင်း
ရေနွေးအိတ်ကပ်တာက အဆစ်တွေနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ၊အရွတ်နဲ့အကြောတွေနာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေနာကျင်တာကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားကိုပြေလျော့စေသလို ခန္ဓါကိုယ်က တစ်ရှုးတွေကိုလည်း ထိခိုက်မှုတွေကနေပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။
အပူဓါတ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တာကြောင့် ထိခိုက်ဒဏ်ရာတဝိုက်ကို သွေးစီးဆင်းရောက်ရှိစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ နာတာရှည်ထိခိုက်ဒဏ်ရာတွေအတွက်လည်းရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။
ရေနွေးအိတ်ကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့်နည်းလမ်းတွေက
- ရေနွေးအိတ်ကို အရေပြားပေါ်ကိုတိုက်ရိုက်မကပ်ပါနဲ့။ တဘက်စလေးနဲ့ထုပ်ပြီးမှ အရေပြားပေါ်မှာ အသုံးပြုပေးပါ။
- ရေနွေးအိတ်ကပ်တဲ့အခါ မိနစ် ၂၀ ထက်ပိုမကပ်ပါနဲ့။
- အရေပြားရောင်ရမ်းနေတဲ့နေရာတွေကိုရေနွေးအိတ်မကပ်ပါနဲ့။
- အနာပေါက်ပွင့်နေတဲ့အနာ၊ ချုပ်ရိုးတို့ပေါ်မှာရေနွေးအိတ်မကပ်ပါနဲ့။သွေးပိုထွက်လာနိုင်တာကြောင့်ပါ။
- ရေနွေးအိတ်ကပ်ရင်း မအိပ်ပါနဲ့။ အရေပြားအပူလောင်နိုင်တာကြောင့်ပါ။
- အနာကသွေးထွက်နေသေးရင်ရေနွေးအိတ်မကပ်ပါနဲ့။
- သွေးစီးဆင်းမှုသိပ်မကောင်းတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းကိုရေနွေးအိတ်မကပ်ပါနဲ့။
- အာရုံခံနိုင်စွမ်းသိပ်မရှိတဲ့နေရာမျိုးကိုရေနွေးအိတ်မကပ်ပါနဲ့။
- ဆီးချိုဝေဒနာရှင်တွေနဲ့ ကလေးငယ်တွေကိုရေနွေးအိတ်ကပ်ပေးတာမျိုးမလုပ်ပါနဲ့။
- သွေးခဲနေတဲ့နေရာကိုရေနွေးအိတ်မကပ်ပါနဲ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။