backup og meta

သတိမေ့မြောခြင်း

သတိမေ့မြောခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

သတိမေ့မြောခြင်းဆိုတာ ဘာလဲ

သတိလစ်ပြီး ခေါ်မရဖြစ်နေတာ၊ နှိုးလို့မရတဲ့ ဖြစ်နေတဲ့ အခြေအနေမျိုးကို သတိမေ့မြောခြင်းလို့ ခေါ်ပါတယ်။ အကြောင်းရင်းတွေကတော့ မြောက်များစွာရှိပါတယ်။ မူးယစ်ဆေးတခုခုသုံးမိတာ၊ ဆေးသောက်လွန်သွားတာ၊ အဆိပ်သင့်တာ၊ ခေါင်းကိထိခိုက်မိတာ၊ ဦးနှောက်ရောင်တာနဲ့ သွေးထဲသကြားဓါတ်ကျတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။

လက္ခဏာများ

လက္ခဏာတွေက ဘာတွေလဲ

ဒီလိုလက္ခဏာတွေ ရှိနေရင်တော့ သတိထားသင့်ပါတယ်။

  • ကလေးက နှိုးလို့မရတော့ဘူး
  • ခေါင်းသို့မဟုတ် လည်ပင်းကို ထိခိုက်မိမယ်
  • ပျားတုပ်ခံရတာ၊ ဆေးတခုခုနဲ့ မတည့်တာမျိုးတွေ ဖြစ်နိုင်တယ်
  • ကလေးက အသက်မရှူတော့ဘူး
  • အသက်ရှူတာက အရမ်းနည်းနေမယ်
  • အသက်ကို ပြင်းပြင်းရှူနေရမယ်၊ တခြားအသံတွေလည်း ထွက်နေမယ်
  • နှုတ်ခမ်းတွေ ပြာလာမယ်

တကယ်လို့ အန်နေတယ်ဆိုရင်တော့ ဘေးစောင်းတာ၊ ဒါမှမဟုတ် မှောက်ရက်အနေအထားအတိုင်း နေသင့်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

သတိလစ်မေ့မြောခြင်းက ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဆရာဝန်က မေ့မြောသွားတဲ့သူရဲ့ အသက်ရှူလမ်းကြောင်းကို စစ်ဆေးမယ်၊ သူ့ရဲ့ အသက်ရှူခြင်းနဲ့ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း ဖြစ်နေအောင် လုပ်ပေးပါလိမ့်မယ်။ လိုအပ်ရင် အသက်ရှူစက်တပ်တာ၊ သွေးသွင်းတာမျိုးတွေလည်း လုပ်ပေးပါတယ်။

နောက်ပြီး သွေးအဖြေတွေ မသိရသေးရင်တောင် သွေးချိုဓါတ်ကျသွားတာ၊ ဦးနှောက်ထဲ ပိုးဝင်တာ စတဲ့အနေအထားတွေမှာ လူနာအခြေအနေပေါ် မူတည်ပြီး အရေးပေါ်ဌာနက ကျန်းမာရေးဝန်ထမ်းအနေနဲ့ သကြားဓါတ်ဂလူးကို့စ် ထိုးပေးတာ၊ ပိုးသတ်ဆေးတစ်မျိုးမျိုးပေးတာ မျိုးတွေလည်း လုပ်နိုင်ပါတယ်။

ကုသမှုတွေကတော့ သတိမေ့မြော၇တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဦးနှောက်အကြိတ်ကြောင့် ဦးနှောက်ပေါ်ဖိမိနေတာမျိုးဆိုရင် ဆေးတိုက်ဖို့၊ ဒါမှမဟုတ် အကြိတ်ကို ဖယ်ရှားဖို့ လုပ်ရပါမယ်။ တကယ်လို့ ဆေးသောက်လွန်သွားလို့ဆိုရင် အဲဒီအခြေအနေအတွက် လိုအပ်တဲ့ ဆေးတွေ ဆရာဝန်က ညွှန်လိမ့်မယ်။ တက်လို့သတိလစ်သွားတာဆိုရင်တော့ တက်တာကို ထိန်းတဲ့ဆေးတွေ ပေးပါလိမ့်မယ်။

တခြားကုသမှုတွေအနေနဲ့ သတိလစ်မေ့မြောစေတဲ့ အကြောင်းရင်းတွေကို ကုသဖို့ လိုပါမယ်။ အသည်းရောဂါ၊ ဆီးချိုရောဂါကုသမှုတွေပါ။

တစ်ခါတစ်လေမှာတော့ သတိလစ်ရတဲ့အကြောင်းရင်းတွေ လုံးဝပျောက်သွားပြီး လူနာက ပုံမှန်ပြန်ဖြစ်သွားတာမျိုး ရှိသလို၊ ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားရင်တော့ ဘယ်လိုမှ သတိပြန်လည်မလာတော့တာ၊ ကိုယ်လက်မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့လူနာတွေဆိုရင် အသက်ရှူနေပေမယ့် ဦးနှောက်သေဆုံးသွားတာမျိုးလည်း ရှိပါတယ်။

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

ရောဂါတခုခု၊ ထိခိုက်ဒဏ်ရာတခုခုကနေ သတိလစ်မေ့မြောခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဆီးချိုကနေ နောက်ဆက်တွဲပြဿနာ မဖြစ်လာအောင် ဂရုစိုက်တာ၊ ထိခိုက်ဒဏ်ရာ မရအောင် သတိထားတာတွေ လုပ်သင့်ပါတယ်။ သတိလစ်မေ့မြောစေတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ယာဉ်မတော်တဆမှုပါ။ ဒါကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ လိုက်နာဖို့ လိုပါတယ်။ သုတေသနလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကာကွယ်မှုနဲ့ ကုသမှုအကြောင်းရာများကို အဓိကထား လေ့လာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Treatment of children with coma. http://www.mz.gov.pl/en/treatment/services-guaranteed-
within-health- programmes/treatment-of- children-with- coma/. Accessed August 20,2016

What causes coma? http://www.healthline.com/symptom/coma. Accessed August 20,2016
Coma. http://www.mayoclinic.org/diseases-conditions/coma/basics/definition/con- 20028567.
Accessed August 20,2016

Coma: Types, Causes, Treament, Prognosis. http://www.webmd.com/brain/coma-types- causes-treatments-prognosis#1. Accessed August 20,2016

Coma in children. http://www.rightdiagnosis.com/sym/coma_in_children.htm. Accessed August 20,2016

What is a coma? http://kidshealth.org/en/kids/coma.html. Accessed August 20,2016
Coma. http://www.pediatriconcall.com/fordoctor/Diseases_a_z/article.aspx?artid=190.
Accessed August 20,2016

ယခုပုံစံ

12/05/2020

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း



Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement