ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ
ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့
ငလျင် မလှုပ်ခင်
ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။
- နေအိမ်ရဲ့ အနေအထားကို သေချာ လေ့လာ ထားပါ။
- ဝင်ပေါက် ထွက်ပေါက် နေရာတွေကို သေချာလေး ရှင်းလင်းထားပါ။ ချော်လဲနိုင်မယ့် အရာတွေကို ဖယ်ထားပါ။
- မိသားစုဝင်တွေကို ငလျင် လှုပ်တဲ့ အခါ ဘယ်လို ဘေးကင်းအောင် နေရမလဲ ဆိုတာကို သင်ပေးထားပါ။
- အိမ်ထဲမှာ လုံခြုံတဲ့ အခန်း တစ်ခန်း ထားရှိပေးပါ။
- ကွဲနိုင်တဲ့ အရာတွေကို သိမ်းထားပါ။
- နံရံမှာ ချိတ်ဆွဲထားတဲ့ အရာတွေကို ဖြုတ်သိမ်းထားပါ။
- မီးဖိုနဲ့ အနီးနားမှာ မီးလောင် လွယ်မယ့် အရာတွေကို မထားပါနဲ့။
- အရေးကြီး စာရွက်စာတမ်းတွေကို သေချာ သိမ်းဆည်းထားပါ။
- လက်နှိပ် ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီ အပိုဆောင် ထားပေးပါ။
- သောက်သုံးရေကို အသင့် ဆောင်ထားပေးပါ။
- စားစရာ အခြောက်တွေကို အရန်သင့် ဆောင်ထားပေးပါ။
ငလျင်လှုပ်နေစဉ်အတွင်းမှာ
- နေအိမ်ထဲမှာ ရှိနေမယ် ဆိုရင် အိမ်ထဲမှာပဲ နေပါ။ ခိုင်ခိုင်ခန့်ခန့် စားပွဲခုံ အောက်မှာ နေပါ။
- ပြတင်းပေါက်နားမှာ မနေပါနဲ့။
- မှန်ချပ်တွေနဲ့ ခပ်ကင်းကင်း နေပါ။
- လေးလံတဲ့ ပရိဘောဂတွေနဲ့ ဝေးဝေးမှာ နေပါ။
- မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။
- တကယ်လို့ ငလျင် လှုပ်စဉ်မှာ အပြင် ရောက်နေမယ် ဆိုရင် ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာ နေပါ။
- အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာ နေပါ။
- ကားမောင်း နေစဉ်ဆိုရင် ကားကို လမ်းဘေး တစ်နေရာမှာ ရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေ အောက်မှာ မရပ်ပါနဲ့။
ငလျင်လှုပ်ပြီးတဲ့အခါ
- ထိခိုက် မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှု ခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။
- နေအိမ်တွင်းမှာ အက်နေတာ ပြိုနေတာမျိုး ရှိနေလား သေချာစစ်ဆေးပါ။
- ဂတ်စ် ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။
- လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုး ရှိလား စစ်ဆေးပါ။
- ဖန်ကွဲစတွေ ရှိနေလား၊ အပျက်အစီး အပိုင်းအစတွေ ရှိနေလား စစ်ဆေးကြည့်ပါ။
ကြိုတင် ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှု ကင်းစေဖို့ ဒီအချက်တွေကို လိုက်နာစေချင်ပါတယ်။
[embed-health-tool-bmi]