backup og meta

အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေတဲ့ အာလူး


Ye Myo Myat မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေတဲ့ အာလူး

    အာလူးဟာ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက်အုပ်စုထဲမှာ ပါဝင်ပြီး အိမ်တိုင်းမှာ ဆောင်ထားလေ့ရှိကြပါတယ်။ အရသာလည်း ရှိတယ်။ အာဟာရဓါတ်လည်း ပေါကြွယ်ဝတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့ အာလူးကို နေ့စဉ် စားသုံးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။

    ၁။ ပေါကြွယ်ဝလွန်းတဲ့ အာဟာရဓါတ်တွေ အာလူးမှာ ပါဝင်ပါတယ်။

    လူသားတိုင်း နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနိစ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဖောလစ်အက်ဆစ်၊ အမျှင်ဓါတ်၊ အသားဓါတ်နဲ့ ကစီဓါတ်တွေ အများအပြား ပါဝင်ပါတယ်။

    အာလူးကို ကြော်ချက်ပြီး ဖြစ်စေ၊ မီးဖုတ်ပြီး ဖြစ်စေ စားလို့ အဆင်ပြေပါတယ်။ အာလူးခွံမှာလည်း အာဟာရဓါတ်တွေ ပါဝင်တဲ့ အတွက် အခွံမနွှာပဲ ချက်စားလို့ ရပါတယ်။

    ၂။ Antioxidant ဓါတ်ပေါင်း များစွာ ပါဝင်ပါတယ်။

    အာလူးမှာ ပါဝင်တဲ့ antioxidant တွေဟာ နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းနဲ့ အူမကြီးထဲမှာ ရှိတဲ့ ရောဂါဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်နိုင်တယ်။

    လူ့ခန္ဓါကိုယ်က အာလူးမှာ ပါဝင်တဲ့ ကစီဓါတ်ကို စုပ်ယူလိုက်တဲ့အခါ အားအင်အဖြစ် ပြောင်းလဲပေးတယ်။ အူမကြီးထဲမှာ ရှိတဲ့ ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားတွေကို အားဖြစ်စေလို့ ကျန်းမာစေတယ်။

    ဆီးချိုရောဂါသည်ေတွမှာ တွေ့ရတဲ့ အင်ဆူလင်မတိုးတော့တဲ့ ပြဿနာ (Insulin resistance) ကို ကာကွယ်ပေးနိုင်တယ်။ ခန္ဓါကိုယ်က အင်ဆူလင်ကိုလည်း ကောင်းစွာ ထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးတယ်။ အာလူးမှာ ပါဝင်တဲ့ ကိုယ်ခန္ဓါအကျိုးပြု ကစီဓါတ်ကို တိုးစေဖို့ အာလူးကို ပြုတ်ပြီး ရေခဲသေတ္တာထဲ တစ်ညထည့်ထားပြီး မနက်နိုးလာတဲ့အခါမှ အေးနေတဲ့အတိုင်း စားပေးတာ အကောင်းဆုံးပါပဲ။

    ၄။ အာလူးဟာ အစာကြေစေတယ်။

    အာလူးမှာ ပါဝင်တဲ့ ကစီဓါတ်နဲ့ အမျှင်ဓါတ်ေတွဟာ ခန္ဓါကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ အကျိုးရှိစေတဲ့အပြင် အစာကိုလည်း ကြေလွယ်စေတယ်။ အူမကြီးထဲက ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားတွေကိုလည်း အားဖြစ်စေလို့ ရောဂါတွေ အလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ အူမကြီးကို အားကောင်းစေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။

    ၅။ အာလူးမှာ ဂလူတန် မပါဝင်ပါဘူး။

    ဂလူတန် – gluten ဆိုတာ ကော်လို စေးကပ်တဲ့ အသားဓါတ်တစ်မျိုးပါ။ ဂလူတန်ပါဝင်တဲ့ အစားအစာတွေ စားရင် ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခန္ဓါကိုယ် အဖုအပိမ့် ထွက်ခြင်း ဖြစ်စေပါတယ်။

    အာလူးမှာ ဂလူတန်လိုမျိုး စေးကပ်ပြီး ကိုယ်ခန္ဓါကို ဒုက္ခဖြစ်စေတဲ့ အသားဓါတ် ဓါတ်ပေါင်း မပါဝင်တာကြောင့် စိတ်ချပြီး စားသုံးပေးနိုင်သလို ကိုယ်အလေးချိန် ချလိုသူတွေအတွက်လည်း သင့်လျော်ပါတယ်။

    ၆။ ဝိတ်ချချင်သူတွေအတွက် သင့်လျော်ပါတယ်။

    အာလူးဟာ ရင်ကိုပြည့်စေပြီး အစား မကြာခဏ စားချင်စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ချလိုသူတွေ၊ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းနေတဲ့ အားကစားသမားတွေအနေနဲ့ အာလူးကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အားအင်ကိုလည်း ဖြစ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

    အာလူးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓါကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပြုတ်ပြီးဖြစ်စေ၊ ကြော်ချက်ပြီးဖြစ်စေ၊ ကင်ပြီးဖြစ်စေ၊ ပေါင်းပြီးဖြစ်စေ နည်းမျိုးစုံ ချက်ပြုတ်ပေးလို့ ရပါတယ်။ သတိပြုရာမှာ အာလူးရဲ့ အခွံမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် အခွံနွှာပြီး မချက်ပြုတ်သင့်ပါဘူး။

    သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်။ အစာကြေလွယ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်လို့ မိန်းကလေးတွေအတွက်ရော၊ အားကစားသမားတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် နေ့စဉ်အစာအာဟာရမှာ အာလူးကို ထည့်သွင်းစားသုံးဖို့ အကြံပေးလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement