backup og meta

မျှဝေပါ။

အားဆေး သောက်စရာ တကယ်မလိုဘူးလား ။ ။

အားဆေး သောက်စရာ တကယ်မလိုဘူးလား ။ ။

ကိုယ်နေ့တိုင်းစားနေတဲ့ ထမင်းတွေ၊ ဟင်းတွေကနေ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအကုန်ရနေတာပဲ။ ကိုယ်ကလည်း စားနိုင်နေတာပဲ ဘာကြောင့် အားဆေး တွေ ထပ်သောက်ဖို့လိုဦးမှာလဲ ဆိုပြီး မရှင်းဖြစ်နေကြတဲ့သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အားလုံးသိချင်နေကြတဲ့ မေးခွန်းတွေအတွက် အချက် ၅ ချက်နဲ့ ဖြေပြပေးချင်ပါတယ်။

၁။ ကိုယ်ကြိုက်တာ ကိုယ်ရွေးစားကြတယ်။ ။

ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအာလုံး ရနိုင်ဖို့အတွက် အစားအစားတွေအားလုံးကို မျှတအောင်စားပေးရမှာ မှန်ပေမယ့် လူတွေက သူတို့ကြိုက်တာကိုပဲ ပိုစားကြတဲ့သူချည်းပါ။ အသားကြိုက်တဲ့သူတွေက အသားတွေချည်းစားမိမယ်၊ သတ်သတ်လွတ်သမားေတွကလည်း အသားမစားဘူး။ ဒီလိုနဲ့ စားစရာ အသီးသီးကရတဲ့ အာဟာရဓါတ်တွေ မစားဖြစ်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့ကုန်ရော။ ။

၂။ သဘာဝ မြေသြဇာသုံးတဲ့ စိုက်ပျိုးရေးခြံဆိုတာ မရှိသလောက် ရှားသွားပါပြီ။

ခေတ်မီ စိုက်ပျိုးရေး စနစ်မှာ သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရေးလုပ်တဲ့ တောင်သူဦးကြီးတွေ အရမ်းရှားသွားပါပြီ။ သီးနှံအထွက်ကောင်းဖို့၊ အရွယ်ကြီးဖို့အတွက် တွင်တွင်သုံးကြတဲ့ ဓါတ်မြေသြဇာေတွကြောင့် အသီးအနှံ၊ အစားအသောက်တွေထဲ ပါတဲ့ အာဟာရဓါတ်တွေ အကုန် ပျက်စီးကုန်ကြပါတယ်။ ကိုယ်ဘယ်လောက် စားစား ရသင့်တဲ့ အာဟာရတွေ မရတော့တဲ့အတွက် ဖြည့်စွက်အားဆေးေတွဆိုတာ ပေါ်လာရတာပါ။

၃။ အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓါက အာဟာရတွေ စုပ်ယူတဲ့နှုန်းကလည်း ကျဆင်းလာတယ်။

အသက်ကြီးလာတော့ ခန္ဓါကိုယ် ယန္တရားကြီးက အရင်ကလို စွမ်းအင်တွေထုတ်ပေးလိုက်၊ အစားအစာတွေ ဖြိုခွဲပြီး အာဟာရစုပ်ယူလိုက်၊ လိုအပ်တာတွေကို သိမ်းထားလိုက်ဆိုတာမျိုးတွေကို တက်တက်ကြွကြွ မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် အသက်ကြီးရင် အစားစားချင်စိတ်လည်း နည်းသွားတဲ့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ် တွေ ချို့တဲ့တာပိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြည့်စွက် အားဆေးတွေ သောက်ဖို့ အသက်ကြီးတဲ့သူတွေက ပိုတောင် လိုအပ်ပါတယ်။

၄။ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုး ဆန့်ကျင်ပေးတယ်။

ဖြည့်စွက်အားဆေးတွေဆိုတာ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ေပးတဲ့ ဗီတာမင် A,C,E တို့ကို အဓိကထားပါဝင်အောင် ထုတ်လုပ်ထားတာပါ။ ဗီတာမင် A,C,E ပါတဲ့ အစားအစာတွေကို နေ့တိုင်း စားဖြစ်ချင်မှ စားဖြစ်မှာပါ။ ဒါပေမယ့် ဗီတာမင် A,C,E ပါတဲ့ ဖြည့်စွက်အားဆေးတွေကိုတော့ တစ်နေ့တစ်လုံးမှန်မှန်သောက်ပေးလို့ရပါတယ်။ အများကြီးလိုက်ဝယ် လိုက်စားနေစရာမလိုပါဘူး။ ဆေးလေးတစ်တောင့်ကို တစ်နေ့တစ်လုံး သောက်ပေးရုံပါပဲ။ ဒါဆို မကောင်းတဲ့ ဓါတု ပစ္စည်းတွေ သွေးထဲစုနေမှာကို စိတ်ပူစရာ မလိုတော့ဘူးနော်။ ။

၅။ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးတယ်။ ။

အသက်ကြီးလာရင် အဖြစ်များတတ်တဲ့ နှလုံးရောဂါ၊ သွေးတွင်း အဆီများတဲ့ ရောဂါ၊ တွေလိုမျိုး ကုသဖို့ ဈေးကြီးတဲ့ရောဂါတွေ မဖြစ်အောင်လည်း ဖြည့်စွက်အားဆေးတွေက ကြိုတင်ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေလည်းစား၊ အားဆေးလည်းတစ်နေ့တစ်လုံး ပုံမှန်သောက်လို့ကတော့သင့်ကျန်းမာရေး ဒေါင်ဒေါင်မြည်နေမှာ အသေအချာပါ။ ။

ကဲ ဒီလောက်ဆို ဖြည့်စွက် အားဆေး လေးတွေ ဘာကြောင့် သောက်ပေးဖို့လိုအပ်လဲဆိုတာ သိသွားကြပြီလို့ထင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.renewlife.ca/blog/10-reasons-supplements-daily/

Accessed Date 22.2.2019

https://www.google.com/search?ei=islvXIe9IcilwgO8w4G4AQ&q=booger+&oq=booger+&gs_l=psy-ab.3..35i39j0i67j0l7j0i67.11631.11631..11809…0.0..0.96.96.1……0….1..gws-wiz.2sYnrUw0QmQ

Accessed Date 22.2.2019

 

ယခုပုံစံ

15/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement