backup og meta

မျှဝေပါ။

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖြေရှင်းနည်းလေးတွေကို ဖတ်ကြည့်လိုက်တော့နော်။

တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက် စားရင် ဝိတ်တက်မယ် ဆိုတာလည်းသိတယ် ဗိုက်က ဆာနေတော့ မစားဘဲ နေရင်လည်း အိပ်လို့က မရ၊ ဒီနေ့ စားလိုက်ရင် နောက်ရက် ဒီအချိန် ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေ စားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက် ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီ နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။

ပရိုတင်းက ကစီဓာတ် ထက်စာရင် အဆီစုခြင်း ကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံ စေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓာတ် ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေ ကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။

( ၂ ) အိပ်ချိန်မှန်ပါစေ။

ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းတွေ အများအပြား ထွက်လာတာကြောင့် ဗိုက်ဆာနေတော့မှာပါ။ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ချိန် အပိုင်းအခြား ည ၁ဝ နာရီ ကနေ မနက် ၃ နာရီ အတွင်း ရှိတာကြောင့် ညဘက် အစောဆုံး ၁၀ နာရီလောက် အိပ်ပါ။

( ၃ ) ရေနွေးနွေးလေးသောက်ပါ။

တစ်ခါတစ်လေ ကျရင် ရေဆာတာနဲ့ ဗိုက်ဆာတာနဲ့ကို မှားတတ်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးလေးမှာ ကဖင်းဓာတ် အများကြီး မပါတဲ့ လက်ဖက်စိမ်းရည်တို့၊ ရေနွေးနဲ့ သံပရာသီးစိမ် ထားတာတို့ကို သောက်ပေးပါ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားမှာ ဖြစ်သလို ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။

နောက်ပြီး ခုပြောပြမယ့် အချက်တွေကိုလည်း လိုက်လုပ်ကြည့်လို့ရပါတယ်။

  • ညစာ စားပြီးပြီးချင်း သွားတိုက်ပါ။ ဒါမှ နောက်တစ်ခါ ထပ်သွားတိုက်ရမှာ ပျင်းပြီး မစားတော့မှာ ဖြစ်ပါတယ်။
  • ကိုယ့်ရဲ့ ညစာထဲမှာ ပရိုတင်း၊ အသီးအရွက်တွေ နဲ့ ကောက်ပဲသီးနှံတွေ ပါဖို့ လိုပါတယ် ။ ဒါမှ အဆာခံမှာ ဖြစ်ပါတယ်။
  • အငတ် မခံပါနဲ့။ နည်းနည်းလေး စားပေးလို့ ရပါတယ်။ အချိုကဲတဲ့ သရေစာတွေ အစား စပျစ်သီးတို့ အသီးအရွက်သုပ်တို့ စားပေးလို့ ရပါတယ်။
  • ညရောက်တိုင်း စားချင်နေတဲ့ စိတ်ကို ဖြေဖျောက်ဖို့ အတွက် စာဖတ်ပါ။ သီချင်း နားထောင်ပါ။
  • အကျင့် တစ်ခုကို ဖျောက်ဖို့ အတွက် အဲဒီ အကျင့်ကို မလုပ်ဘဲနဲ့ ၂၈ ရက်လောက် နေမှ ရတာမို့ စိတ်ရှည်ဖို့တော့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthymummy.com/12-ways-to-manage-food-cravings-at-night/

Accessed Date 4.7.2019

https://www.pritikin.com/your-health/health-benefits/healthy-weight-loss/1846-stop-binge-eating-at-night.html

Accessed Date 4.7.2019

https://www.metamucil.com/en-us/articles/appetite-control/tips-to-avoid-eating-late-at-night

Accessed Date 4.7.2019

ယခုပုံစံ

08/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement