backup og meta

အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။

    အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတယ်ဆို ထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား ။ ။

    အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။

    ( ၁ ) အိပ်ရာမဝင်ခင် အစားတွေ အများကြီးစားထားလို့ပါ။

    အိပ်ရာဝင်ခါနီး ၁ နာရီ ၂ နာရီလောက်အလိုမှာ သရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက အိပ်ခါနီး အစာစားလိုက်လို့ တက်သွားတဲ့ သွေးတွင်း သကြားဓာတ် တွေ ပုံမှန်ပြန်ရောက်အောင် အင်ဆူလင်တွေ အများကြီးထွက်လာပါတယ်။ ထွက်လာတဲ့ အင်ဆူလင်တွေက သကြားဓာတ်တွေကို ဆဲလ်ထဲ အကုန်သွင်းလိုက်တာကြောင့် သွေးတွင်းမှာ သကြားဓာတ်တွေနည်းသွားပြီး မနက်ရောက်လာတဲ့အခါ ဗိုက်ဆာနေတာဖြစ်ပါတယ်။

    ( ၂ ) အိပ်ချိန်နောက်ကျပြီး အိပ်ရေးမဝတာကြော့င့် ဖြစ်နိုင်ပါတယ်။

    အိပ်ရေးမဝတဲ့အခါ ကမောက်ကမဖြစ်သွားတဲ့ သွေးတွင်းသကြားဓာတ်က တစ်ကြောင်း၊ အိပ်ချိန်နောက်ကျရင် ထွက်လာတတ်တဲ့ ghrelin ဟော်မုန်းကြောင့် ဗိုက်ဆာမှာကတစ်ကြောင်းနဲ့ မနက်ပိုင်းနိုးလာတဲ့အချိန် ဗိုက်ကြီးက ဆာနေတော့မှာပါ။

    ( ၃ ) ဓမ္မတာလာခါနီးရင် ဖြစ်တတ်တဲ့ လက္ခဏာတွေထဲကတစ်ခုပါ။

    ဓမ္မတာလာခါနီးရင် ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြော့င် ကိုယ့်တွင်း ဇီဝကမ္မဖြစ်စဉ် တွေ ပြောင်းလဲပြီး မနက်အိပ်ရာနိုးနိုးချင်း ဗိုက်ဆာတာမျိုးဖြစ်တတ်ပါတယ်။

    ( ၄ ) ရေဆာနေတာကြောင့်လဲဖြစ်တတ်ပါတယ်။

    ညဘက် အိပ်ကောင်းနေတဲ့အချိန် ဆီးထ မသွားချင်တာကြောင့် အိပ်ခါနီးရေဆာပေမယ့် ရေမသောက်လိုက်ဘဲ အိပ်ရာဝင်တဲ့အခါ မနက်နိုးလာချိန် ဗိုက်ဆာနေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေဆာတဲ့ခံစားမှုနဲ့ ဗိုက်ဆာတဲ့ ခံစားမှုကို မနက်နိုးတဲ့အချိန် မခွဲနိုင်သေးတာကြောင့်ပါ။ ဒါ့ကြောင့်နိုးနိုးချင်း ရေကို တစ်ဝလောက်သောက်ချလိုက်ပါ။ ရေသောက်လိုက်လို့ ဗိုက်ပြည့်သွားရင် ဒါရေဆာနေတာပါ။

    ( ၅ ) စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုတွေ များလွန်းရင် ထွက်လာတဲ့ cortisol ဟော်မုန်းက ဆာလောင်ခြင်းကို အားပေးတာကြောင့် မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတတ်ပါတယ်။

    ( ၆ ) အိပ်ခါနီး လေ့ကျင့်ခန်း တွေ လုပ်ထားတဲ့အခါ

    ညနေပိုင်း လေ့ကျင့်ခန်းလုပ်ဖို့ မအားလို့ပဲ ဖြစ်ဖြစ်၊ ညဘက်အိပ်ကောင်းအောင် ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးတွင်း သကြားဓာတ်တွေ ကုန်သွားလို့ မနက်နိုးလာတဲ့အချိန် ဗိုက်ဆာတာမျိုး ဖြစ်တတ်ပါတယ်။

    ဒါဆို ဒါတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ ရမလဲ ။ ။

    ကိုယ်က ညည ဗိုက်ဆာတတ်တဲ့သူဆိုရင် အစားတွေကို အရမ်းအပြည့်ကြီး မစားဘဲ အပေါ့စားသရေစာလေးတွေ လောက်ပဲ စားပေးပါ။ သကြားများတာ ကစီဓာတ်များတွေရှောင်ပြီး အသီးအရွက်များများစားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement