backup og meta

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

မနက်ခင်းလေးကို ကော်ဖီ သောက်ရတာက အရသာရှိလှတဲ့ မနက်ခင်း အလေ့အထလေး တစ်ခုပါ။ အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီပူပူလေး သောက်လိုက်ရမှ စိတ်ကျေနပ်တယ်။ တစ်နေကုန်ကို အလုပ်တွေ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား ……

ဒီတစ်ခေါက်တော့ မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး အကြောင်းကို ပြောပြပေးမှာမို့ မနက်ခင်း ကော်ဖီ သောက်ဖို့ ကော်ဖီခွက်ကို မကိုင်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။

ကော်ဖီ ကျန်းမာစေသလား……

ကော်ဖီက သောက်ရေပြီးရင် လူကြိုက် အများဆုံး သောက်စရာ တစ်မျိုးပါ။ ကော်ဖီကို မသောက်တဲ့သူက ခပ်ရှားရှားပါ။ ကော်ဖီက ကျန်းမာစေတာကြောင့်လည်း ပါတာပေါ့။

ကော်ဖီ စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကော်ဖီ စစ်စစ်က နှလုံး ကျန်းမာစေနိုင်သလို တက်​ကြွလန်းဆန်းစေနိုင်ပါတယ်။ ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

နောက်တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးသလို နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချို နဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့ သောက်ပေးလို့ ရပါတယ်။

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

ကော်ဖီက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့် မနက်စောစော ဘာအစားမှ မစားခင် အိပ်ရာနိုးနိုးချင်းမှာတော့ ကော်ဖီ မသောက်ဖို့ ပြောပါရစေ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

မနက် အိပ်ရာက ထတာနဲ့ ရေချိုးခန်းထဲမဝင်ခင် မီးဖိုခန်းကို အရင်သွားပြီး ကော်ဖီ တစ်ခွက် အရင်ဖျော်တယ်ဆိုရင်တော့ ဒီအလေ့အထကို ပြင်ဆင်ဖို့ လိုနေပါပြီ။ မနက်ခင်းမှာ ကော်ဖီ သောက်သင့်တယ်ဆိုပေမယ့် မနက် အိပ်ရာနိုးနိုးချင်း ဘာမှ မစားခင်မှာ မသောက်သင့်ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေပါ။

မနက်ခင်း ဘာမှ မစားရသေးခင် ကော်ဖီသောက်တာက အမျိုးသမီးတွေမှာ ကော်တီစော ဟော်မုန်း မြင့်တက်ပြီး

  • သားဥကြွေတာ
  • ကိုယ်အလေးချိန် နဲ့
  • ဟော်မုန်း ဟန်ချက်ညီမှုတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

ကော်ဆီစော ဟော်မုန်းက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေပြီး တက်တက်ကြွကြွ ဖြစ်နေအောင် လုပ်ဆောင်ပေးတာပါ။ ပုံမှန်အားဖြင့် မနက်ခင်းမှာ ကော်တီစော ဟော်မုန်းပမာဏ မြင့်တက်နေတတ်ပြီး ညနေပိုင်းမှာ ကျဆင်းသွားတတ်ပါတယ်။ မနက်ခင်းမှာ ကော်ဖီ စောက်လိုက်ခြင်းက ကော်တီစောပမာဏကို ထိုးတက်သွားစေပြီး ဟော်မုန်း မမျှတတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး မနက်ခင်းမှာ ကော်ဖီ သောက်လိုက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်စွမ်းကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကော်တီစောက ကျန်းမာရေးအတွက် လိုအပ်တာ မှန်ပေမယ့် ခန္ဓာကိုယ်က ကော်တီစောကို လိုအပ်တာထက် ပိုထုတ်လုပ်တဲ့အခါ သွေးတိုးတာ၊ အင်ဆူလင် ဟော်မုန်းထွက်ရှိမှု များစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကော်တီစော ပမာဏ များလွန်းတာက ကိုယ်အလေးချိန် တက်တာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေမဲ့ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် မနက်စောစော ကော်ဖီမသောက်သင့်တာလဲ

မနက်ခင်း စောစော ဘာမှ မစားရသေးခင် ကော်ဖီ သောက်တာက အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ကော်ဖီက အစာခြေအက်ဆစ် ထွက်ရှိမှုကို များအောင် လှုံ့ဆော်တာကြောင့်ပါ။

အကျိုးဆက် အနေနဲ့ အစာခြေရည် ပြန်ဆန်တက်တာ၊ အစာအိမ် နံရံတွေ ထိခိုက်တာ၊ အူနံရံတွေ ထိခိုက်တာမျိုးတွေ၊ အစာခြေလမ်းကြောင်း တလျှောက် အစာခြေအက်ဆစ်လောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

နောက်တစ်ချက်က မနက်စောစော ကော်ဖီသောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာ၊ ရေဓာတ် ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မနက်ခင်း စောစောမှာ ကော်​ဖီ မသောက်ဖို့ ပြောရတာပါ။ မနက်စာကို ကော်ဖီလေးပါမှ စားတတ်တယ်ဆိုရင်တော့ စားမယ့် အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်အောင် စားသုံးပေးပါ။ ဘာမှမစားဘဲသောက်တာထက် အစာတစ်ခုခုစားရင်း သောက်ပေးပါ။

ဘယ်အချိန်မှာ ကော်ဖီ သောက်ရမလဲ

အိပ်ရာထထချင်းမှာ ကော်ဖီ မသောက်သင့်ဘူးဆိုပေမယ့် morning coffee ကို မသောက်ရဘူးလို့ မဆိုလိုပါဘူး။ မနက်ခင်း ၉ နာရီ  ဒါမှမဟုတ် ၉ နာရီ ခွဲလောက်မှာ ကိုယ်တွင်းက ကော်တီစောဟော်မုန်း စကျနေချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ ကော်ဖီကို သောက်ပေးလို့ ရပါတယ်။ အစားအစာ တစ်ခုခုတော့ ပါအောင် စားပေးပါ။ ဒါမှ ကျန်းမာပြီး တစ်နေကုန် တက်ကြွ လန်းဆန်းနေမှာပါ။

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး က အခုလိုတွေ ဆက်စပ်နေတာကြောင့် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သုံးဖို့ အကြံပြုပါရစေ။

ကော်ဖီကို ကျန်းမာအောင် ဘယ်လိုသောက်မလဲ

အိပ်ရာထထချင်းမှာ ကော်ဖီ မသောက်သင့်ဘူးဆိုပေမယ့် morning coffee ကို မသောက်ရဘူးလို့ မဆိုလိုပါဘူး။ မနက်ခင်း ၉ နာရီ  ဒါမှမဟုတ် ၉ နာရီ ခွဲလောက်မှာ ကိုယ်တွင်းက ကော်တီစောဟော်မုန်း စကျနေပြီဖြစ်တာကြောင့် ဒီအချိန်မှာ ကော်ဖီကို သောက်ပေးလို့ ရပါတယ်။ အစားအစာ တစ်ခုခုတော့ ပါအောင် စားပေးပါ။ ဒါမှ ကျန်းမာပြီး တစ်နေကုန် တက်ကြွ လန်းဆန်းနေမှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Bad Is It Really to Drink Coffee on an Empty Stomach? https://www.livestrong.com/article/13764701-coffee-on-empty-stomach/ Accessed Date 4 April 2022

Why You Shouldn’t Drink Coffee on an Empty Stomach, According to a Nutritionist https://www.purewow.com/wellness/coffee-on-an-empty-stomach Accessed Date 4 April 2022

One Major Effect of Drinking Coffee on an Empty Stomach, Says Science https://www.eatthis.com/one-major-effect-drinking-coffee-on-an-empty-stomach/ Accessed Date 4 April 2022

Black Coffee – Benefits and Side Effects https://www.healthifyme.com/blog/black-coffee-benefits-side-effects-nutrition-value/ Accessed Date 4 April 2022

ယခုပုံစံ

26/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement