မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။ သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ပြည့်ဝဆီ( saturated fat)၊ မပြည့်ဝဆီ ( unsaturated fat) နဲ့ transfat (အသွင်ပြောင်းဆီ) ဆိုပြီး အဆီတွေပါဝင်ကြပါတယ်။ ဒီ အဆီ ၃ မျိုးဟာ သင်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီးရတာဖြစ်ပါတယ်။
- ပြည့်ဝဆီ( saturated fat) ကို အသားတွေကနေ ရပြီး
- မပြည့်ဝဆီ ( unsaturated fat) ကိုတော့ ဟင်းသီးဟင်းရွက်တွေကနေရကာ
- Transfat ကိုတော့ ထုတ်ပိုးထားတဲ့ အသင့်စားအစားအသောက်တွေကနေရပါတယ်။
လူတော်တော်များများက fat အဆီပါဝင်တယ်လို့ ပြောလိုက်ကြတာနဲ့ ဒီ fat အဆီတွေ အားလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူးလို့ဆိုပြီး ထင်တတ်ကြပါတယ်။ တကယ့်တော့ ဒီဆီ ၃ မျိုးထဲမှာ မပြည့်ဝဆီ ( unsaturated fat) ဟာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့အဆီတစ်ခုပါ။
မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။
မပြည့်ဝဆီ( unsaturated fat) ဟာ ကိုယ်တွင်းက မကောင်းတဲ့ LDL ကိုလက်စရောကို လျှော့ချပေးပြီး ကောင်းတဲ့ HDL ကိုလက်စရော ကို မြင့်တက်စေလို့ သွေးကြောကျဉ်းရောဂါတွေကနေ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ဒါဆို ဒီလို နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့မပြည့်ဝဆီ ( unsaturated fat) တွေကို ဘယ်မှာရှာလို့ရမလဲ။
နေ့စဉ်စားနေတဲ့ အစားအသောက်တွေကနေပဲ မပြည့်ဝဆီတွေကို ရနိုင်ပါတယ်။ နှလုံးကျန်းမာချင်ရင်တော့ ဒီလို မပြည့်ဝဆီ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးလို့ရပါတယ်။ ဒါဆို ဘယ်လို အစားအသောက်တွေ စားရမလဲ ။ ။
ထောပတ်သီး – monounsaturated fats တွေ အပြည့်ပါတဲ့ ထောပတ်သီးဟာ သင့်ကျန်းမာရေးအတွက်သာမက နှလုံးကျန်းမာရေးအတွက်ပါ လုံးဝကို အကျိုးပြုတဲ့ အသီးတစ်ခုပါ။
သံလွင်ဆီ – အသုပ်သုပ်စားရင် ၊ ဟင်းချက်ရင် စားအုန်းဆီတို့လို ပြည့်ဝဆီတွေ အများကြီးပါတဲ့ ဆီတွေ သုံးမယ့်အစား မပြည့်ဝဆီကြွယ်ဝတဲ့ သံလွင်ဆီလေးသုံးပြီး ချက်ကြည့်ပါ။ သင့်နှလုံး ဒေါင်ဒေါင်မြည်မှာ အသေအချာပါ။
အစေ့အဆံများ – အစေ့အဆံ လောက် မပြည့်ဝဆီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်ပါတဲ့ အစားအသောက်ရှိ မှာ မဟုတ်ပါဘူး။ အစေ့အဆံတွေထဲမှာဆို ဗန်ဒါစေ့၊ သစ်ကြားသီးနဲ့ သစ်အယ်သီးတို့ဟာ monounsaturated fat အကြွယ်ဝဆုံး အစေ့အဆံတွေပါ။
အဆီများတဲ့ ငါးတွေ – အဆီများတဲ့ငါးတွေ ဆိုပြီး အဆီများရင် ကျန်းမာရေးအတွက် မကောင်းဘူးပေါ့လို့တော့ မထင်လိုက်ပါနဲ့။ အဆီများတဲ့ ပင်လယ်စာငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါးတို့၊ တူနာငါး။ ငါးသလောက်၊ ဆာဒင်းငါးတို့ဟာ monounsaturated fat မပြည့်ဝဆီကြွယ်ဝလို့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ပင်လယ်ငါးတွေပါပဲ။
အခြား မပြည့်ဝဆီကြွယ်ဝတဲ့ အ စားအစားတွေကတော့
- ဟင်းချက်ဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ဟင်းရွက်ဆီ၊ ပဲပိစပ်ဆီနဲ့ နေကြာဆီတို့ဟာလည်း မပြည့်ဝဆီကြွယ်ဝတဲ့ ဟင်းချက်ဆီတွေပါ။
- ကြက်ဥမှာလည်း unsaturated fat တွေ အမျာကြီးပြီး
- အနက်ရောင်ချော့ကလက် ဟာလည်း မပြည့်ဝဆီကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။
[embed-health-tool-bmr]