တစ်နေ့တာမှာပျော်စရာတွေပဲကြုံချင်တယ်လို့ စီစဉ်ထားလို့မရပါဘူး။ ကံဇာတ်ဆရာအလိုကျပျော်တစ်လှည့် ငိုတစ်လှည့်ပဲပေါ့နော်။ စိတ်ပျော်ရတဲ့ အရာလေးတွေတွေ့ကြုံရနိုင်သလို စိတ်ညစ်စရာတွေကိုလည်း Skip လုပ်လို့မရဘဲကို ကြုံရတာပါ။ ဒီလိုဖြစ်တဲ့အခါ အရမ်းကြီးကြီးမားမာစိတ်ထိခိုက်စရာဆိုရင် စိတ်ဓါတ်ကျတာက မခေါ်ရဘဲ အဖော်ပါလာပါတော့တယ်။ ဒီမဖိတ်ခေါ်တဲ့ ဧည့်သည်ကိုယ့်ဆီအလည်မလာအောင် အစားအသောက်လေးနဲ့ ထိန်းကြမယ်နော်။