backup og meta

ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲတွေထဲမှာ အများဆုံး ပါလေ့ရှိပြီး ထမင်းပေါင်း၊ အစိမ်းကြော်တွေထဲမှာလည်း ထည့်စား​ကြသလို ဒီအတိုင်း သုပ်စားရင်လည်း စားကောင်းတဲ့ ကြွက်နားရွက်မှိုကို ကြိုက်ကြလား။ အဖြေက ကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ကြွက်နားရွက်မှို ကြိုက်ကြလား။

စားလိုက်ရင် တထုတ်ထုတ်နဲ့ စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုလေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ အသေးစိတ်ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကြွက်နားရွက်မှို ဆိုတာ

ကြွက်နားရွက်မှို ဆိုတာက မှိုတစ်မျိုးပါ။ အညိုရောင် ကနေ အမည်းရောင်အထိ အမျိုးမျိုး ရှိပြီး ခပ်ပျော့ပျော့နဲ့ နားရွက်လေးတွေမျိုး သစ်တုံးလေးတွေမှာ ကပ်ပေါက်တတ်သလို ကောက်ရိုးမြေဆွေးတွေ လုပ်ထားတဲ့ အထုပ်လေးတွေမှာလည်း ကပ်ပြီး ပေါက်တတ်ပါတယ်။

ကြွက်နားရွက်မှိုက အရှေ့တောင်အာရှဒေသ မျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က စတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက အနာကျက်စေနိုင်တဲ့ အစွမ်းအာနိသင်ရှိတာကြောင့် စားသုံးသုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုကို ရောင်ရမ်းမှုသက်သာစေတဲ့ သဘာဝဆေးတစ်လက် အနေနဲ့ အသုံးပြုခဲ့ကြသလို မျက်စိရောဂါတွေနဲ့ ကင်ဆာရောဂါတွေကုဖို့အတွက်ပါ အသုံးပြုခဲ့ကြပါတယ်။

ကြွက်နားရွက်မှိုမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

စားလို့ ကောင်းတဲ့ ကြွက်နားရွက်မှိုမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြွက်နားရွက်မှို ကြိုက်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်။

ပရိုတင်း ပါဝင်နေမှုက အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အအေးမျ၊ ဖျားနာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်။

သကြားဓာတ် လုံးဝ မပါဝင်တဲ့ ကြွက်နားရွက်မှိုက ဆီးချို ကာကွယ်ပေးသလို ဆီးချို သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။ အာဟာရ ပြည့်ဝစေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှု ကင်းစေမယ့် အစားအစာ တစ်မျိုးပါ။

အမျှင်ဓာတ်ပါဝင်နေတာကြောင့်လည်း ကြွက်နားရွက်မှိုက အစာစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အနာကျက်စေနိုင်တယ်။

ကြွက်နားရွက်မှိုက အရေပြားပေါ်က အနာတွေ ကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အနာတွေ ပိုးမာင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။

ကြွက်နားရွက်မှိုက အရေပြားပေါ်က ရောင်ရမ်းမှုကိုရော ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါတယ်။ အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ကြွက်သားတွေ ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်။

အဆီဓာတ် ပါဝင်မှု နည်းတဲ့ ကြွက်နားရွက်မှိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး ပိုတက်ဆီယမ် ပါဝင်နေမှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်။

အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းမွန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဝမ်းချုပ်မှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်ပေးပြီး အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။

အရွယ်တင်စေနိုင်တယ်။

နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်အနေနဲ့ ကြွက်နားရွက်မှိုက အရေပြားတွေကို တင်းရင်းကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

ကြွက်နားရွက်မှိုက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

  • အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ရောဂါအခံရှိသူတွေ
  • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ ပမာဏများများ စားခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ကဲ ……. စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုက အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

3 Nutritional Benefits of Wood Ear Mushrooms https://www.livestrong.com/article/510629-the-nutritional-benefits-of-wood-ear-mushrooms/ Accessed Date 7 March 2022

4 Health Benefits of Wood Ear Fungus https://cannabotech.com/a/articles/4-health-benefits-of-wood-ear-fungus Accessed Date 7 March 2022

Wood Ear Mushrooms: Nutrition & Recipes https://www.organicfacts.net/wood-ear-mushroom.html Accessed Date 7 March 2022

Black Fungus (Wood Ear) Health Benefits https://www.delephant.com.au/black-fungus-wood-ear-health-benefits/ Accessed Date 7 March 2022

ယခုပုံစံ

28/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ