backup og meta

နာကျင်မှုကို သဘာဝအတိုင်းသက်သာဖို့ ဒီအစားအစာတွေ များများစားကြစို့


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာကျင်မှုကို သဘာဝအတိုင်းသက်သာဖို့ ဒီအစားအစာတွေ များများစားကြစို့

    နာကျင်ကိုက်ခဲမှုတိုင်းဟာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်နဲ့ ရောင်ရမ်းခြင်းတုံ့ပြန်မှုတို့အပေါ် မူတည်နေပါတယ်။ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ ကင်ဆာစတဲ့ ရောဂါတွေမှာ နာတာရှည်ရောင်ရမ်းခြင်းဖြစ်စဉ်ကို တွေ့ရပါတယ်။ ရောင်ရမ်းခြင်းကို ကောင်းကောင်း ထိန်းချူပ်နာမယ်ဆိုရင် နာကျင်မှုတွေကို သက်သာစေပြီး ရောဂါကို ပိုမဆိုးလာအောင် ထိန်းထားနိုင်မှာပါ။

    ပေါင်မုန့်အဖြူ၊ သကြားများတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အချိူ့သော အစားအစာတွေကတော့ ရောင်ရမ်းခြင်းကို ပိုမိုသက်သာစေနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေက ရောင်ရမ်းခြင်းကို သက်သာစေသလဲဆိုတာ လေ့လာကြည့်ရအောင်။

    (၁) အိုမီဂါ 3ဖက်တီးအက်စစ်

    လေ့လာချက်များအရ သံလွင်ဆီကို နေ့စဉ်တိုက်ကျွေးခံရတဲ့ ကြွက်တွေရဲ့ အဆစ်ရောင်ရောဂါဟာ သက်သာလာတာကို တွေ့ရပါတယ်။ရောင်ရမ်းခြင်းဟာ သုံးပုံတစ်ပုံကနေ တစ်ဝက်ထိ လျော့ကျသွားတာတွေ့ရပါတယ်။ လူတွေမှာလည်း အိုမီဂါ 3 ဖက်တီးအက်စစ် ပါဝင်တဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေမှာပါ။

    အိုမီဂါ3ပါတဲ့ အစားအစာတွေကတော့ ဆယ်မွန်၊ တူနာငါး၊ သစ်အယ်စေ့၊ သစ်ကြားစေ့၊ ကြက်ဥအနှစ်၊ Chia seeds စတာတွေပဲ ဖြစ်ပါတယ်။

    (၂) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့မှာ Quercetinလို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်တစ်မျိူး ပါဝင်ပါတယ်။ကြက်သွန်ဖြူ ၄မွှာလောက်ကို နေ့စဉ်စားပေးမယ်ဆိုရင်  အိုမင်းရင့်ရော်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါများကို သက်သာစေပြီး နှလုံးရောဂါနှင့် သတိမေ့ရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးပါသေးတယ်။

    (၃) Green Tea ရေနွေးကြမ်း

    ရောင်ရမ်းခြင်းကို သက်သာစေတဲ့ super foodလို့တောင် တင်စားကြပါတယ်။ နေ့စဉ်သောက်ပေးခြင်းဖြင့် ကင်ဆာရောဂါများကိုကာကွယ်ခြင်း၊ ဗိုက်အဆီကျစေခြင်း၊ စိတ်ကျရောဂါကို သက်သာစေခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း စတဲ့ ကောင်းကျိူးတွေကို ရရှိစေပါတယ်။

    (၄) ဂျူံ၊ ပဲအမျိူးမျိူး

    ပဲအမျိူးမျိူး၊ ဆန်လုံးညို၊ Oatmeal၊ ဆန်ကြမ်းတွေကို စားခြင်းဖြင့် ရောင်ရမ်းမှု ဒြပ်ပေါင်းဖြစ်တဲ့ C-Reactive Proteinကို နည်းပါးစေပါတယ်။ ဒ့ါပြင် အမျှင်ဓာတ် ကြွယ်ဝသောကြောင့် အစာခြေစနစ် အားကောင်းစေခြင်း၊ သွေးပေါင်ကို ထိန်းညှိပေးခြင်းစတဲ့ အကျိူးကျေးဇူးများစွာလည်း ရရှိနိုင်ပါတယ်။

    (၅) နနွင်း

    ရှေးနှစ်များစွာကပင် ရောင်ရမ်းခြင်းအတွက် ဆေးတစ်လက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာပါတဲ့ Curcuminဓာတ်က ဓာတ်တိုးဆန့်ကျင်သတ္တိနဲ့ ရောင်ရမ်းခြင်းကိုသက်သာစေသော အာနိသင်များ ပါဝင်ပါတယ်။ ရေနွေးပူပူတစ်ခွက်မှာ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းစားထည့်ပြီး ၁၀မိနစ်ခန့်စိမ်ပြီးနောက် သောက်သုံးပေးပါ။

    (၆) ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း

    ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တဲ့အတွက် ဆဲလ်တွေကို ရောင်ရမ်းစေတဲ့ free radicalများကနေ ကာကွယ်ပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ကျန်းမာရေးကောင်းကျိူးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။

    (၇) ချင်း

    အစွမ်းထက်သော ရောင်ရမ်းမှုသက်သာစေတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပြီး ဟင်းချက်ရာမှာ ထည့်စားမယ်၊ ရေနွေးပူပူမှာ စိမ်သောက်မယ် စသည်ဖြင့် မိမိနှစ်သက်သလို စားပေးနိုင်ပါတယ်။

    တစ်နေ့ကို ချင်း၂ဂရမ်စားပါက ကြွက်သားနာကျင်ခြင်းကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီး နာကျင်ခြင်းတွေအတွက် ချင်းပြုတ်ရည်လေး သောက်ပေးနိုင်ပါတယ်။

    (၈) ကြက်စွပ်ပြုတ်ရည်

    ကြက်စွပ်ပြုတ်မှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်နဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ အာနိသင်ပါရှိပါတယ်။ ဒါကြောင့် နေမကောင်းသူများနဲ့ နာလန်ထလူနာတွေကို မြန်မြန်သက်သာစေဖို့ ကြက်စွပ်ပြုတ်သောက်ခိုင်းတာပဲ ဖြစ်ပါတယ်။

    ရေးသားသူ – လေပြေနုသွေး(ဆေး၂)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement