backup og meta

တည်သီးလေး ရဲ့ အံ့မခန်းအာနိသင်

တည်သီးလေး ရဲ့ အံ့မခန်းအာနိသင်

စားလိုက်ရင် ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိတဲ့ တည်သီးကို ကြိုက်တတ်တဲ့သူတစ်ဦးဆိုရင်တော့ အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါနော်။ လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံ စိမ်းစိမ်းလေး ဒါမှမဟုတ် ခပ်ညိုညို အရောင်လေးကြောင့် မျက်စိထဲမှာ စွဲဆောင်မှုရှိတဲ့ တည်သီးလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲဆိုတာကို တူတူဖတ်ကြည့်ရအောင်လား….

တည်သီးကနေရမယ့် အာဟာရ

တည်သီးမှာ

  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • သကြားဓာတ်
  • ဗီတာမင် A
  • ဗီတာမင် E
  • ဗီတာမင် B
  • ဗီတာမင် K
  • ဗီတာမင် C
  • သံဓာတ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဖောလိတ်
  • ကိုလင်း
  • မဂ္ဂနီဆီယမ်
  • ရေဓာတ် တို့ပါဝင်နေပါတယ်။

တည်သီးလေး စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

တည်သီးချိုချိုလေးက

ဝိတ်ကျစေတယ်

အရွယ်တော် တည်သီးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်က ၃၁ ဂရမ်သာပါဝင်တာဖြစ်ပြီး ခန္ဓာကိုယ်ကို အဆီတက်စေတာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် ဝိတ်ချချင်တာကြောင့် ဘာသီးစားလို့ စားရမှန်းမသိဘူးဆိုရင် တည်သီးလေးစားပြီး ဝိတ်ချပေးပါ။

Phytochemicals ကြွယ်ဝတယ်

တည်သီးမှာ catechins နဲ့ polyphenolic antioxidant တို့လိုမျိုး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ကူးစက်ရောဂါပိုးတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ phytochemicals တွေပါဝင်နေတာကြောင့် ကူးစက်ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

တည်သီးမှာ လိပ်ခေါင်းကာကွယ်ပေးတဲ့ အာနိသင်ရှိပြီး လိပ်ခေါင်းကြောင့် စအိုကနေ သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို အထောက်အကူပြုပေးပါတယ်။ အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပြီး ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုအတွက် ကောင်းတယ်

သွေးတိုးသက်သာစေတယ်
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက သွေးတိုးဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းပါ။ တည်သီးမှာတော့ ဆိုဒီယမ်ပါဝင်မှုနည်းသလို ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

ကင်ဆာသက်သာစေတယ်

ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့နဲ့ ထပ်ပွားမလာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ တည်သိးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့လည်း စားပေးလို့ရပါတယ်။

အမြင်အာရုံကောင်းစေတယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတဲ့ တည်သီးက အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သွေးအားကောင်းစေတယ်

ကော့ပါးပါဝင်နေတာကြောင့် သံဓာတ်စုပ်ယူမှုအားကောင်းစေပြီး  သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်

ကြို့ထိုးသက်သာချင်သူတွေအနေနဲ့လည်း တည်သီး စားပေးလို့ရပါတယ်။

အသည်းကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေတာကြောင့်  ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေကိုလည်း အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပေးနိုင်တယ်

တည်သီးက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်မှာပိုနေတဲ့ အရည်တွေ နဲ့ အရေပြားအောက်မှာခိုအောင်းနေတဲ့ ရေပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ရေတွေကိုသာ ဆီးကနေတဆင့်ဖယ်ရှားပေးတာဖြစ်ပါတယ်။

အင်အားပြည့်စေတယ်

ပိုတက်ဆီယမ် နဲ့ သကြားဓာတ်ပါဝင်နေမှုက ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ!

တည်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဆောင်သင့်ပါဘူး။ ရောဂါအခံ ရှိမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 7 Health and Nutrition Benefits of Persimmon https://www.healthline.com/nutrition/persimmon-nutrition-benefits#section3 Accessed Date 7 November 2019

Persimmon fruit nutrition facts https://www.nutrition-and-you.com/persimmon-fruit.html Accessed Date 7 November 2019

14 Amazing Health Benefits Of Persimmon Fruit & How To Make Persimmon Juice https://www.stylecraze.com/articles/amazing-benefits-of-persimmon/#gref Accessed Date 7 November 2019

ယခုပုံစံ

03/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement