သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း

    မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း

    ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများရဲ့ အိမ်တွေမှာ သရက်သီးကို အမြဲဆောင်ထားတတ်ကြပါတယ်။ ထမင်းစားပြီး အချိုပွဲတည်းတော့မယ်ဆိုလည်း သရက်သီးက မပါမဖြစ်ပဲပေါ့။ အရသာလည်းရှိ၊ ခုဆို မိုးတွင်းထဲလည်း ဝင်လာပြီဆိုတော့ ရာသီစာ သရက်သီးတွေ နေ့တိုင်းစားရတော့မှာပေါ့။

    မြန်မာနိုင်ငံမှာတော့ သရက်သီးရဲ့ အရသာ၊ ပုံစံ၊ အရောင်ပေါ် မူတည်ပြီး စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ မျောက်ခေါင်း၊ မနော်နွယ်၊ စိုင်သီး၊ ပတ္တမြားငမောက် အစရှိသဖြင့် နေရာဒေသပေါ်မူတည်ပြီး မျိုးစိတ်တွေ ကွဲသွားပါတယ်။ ဘယ်လောက်ပဲ မျိုးစိတ်ကွဲကွဲ သရက်သီးတိုင်းကတော့ အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေတယ်။ အမြင်အာရုံကြည်လင်စေတယ်။ ဒါ့အပြင် တချို့ကင်ဆာရောဂါတွေ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ဂွတ်ရှယ်ပဲပေါ့။ ဒီနေ့ဆောင်းပါးမှာ သရက်သီးက ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

    ၁။ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပေါကြွယ်ဝတယ်။

    ကယ်လိုရီပမာဏနည်းပြီး ကိုယ်ခန္ဓါကျန်းမာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ အသားဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ် အစရှိသဖြင့် အာဟာရအစုံအလင်ကို သရက်သီးက ပေးစွမ်းနိုင်ပါတယ်။

    ၂။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုများတယ်။

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်တွေကို ကာကွယ်ပေးတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာတဲ့အချိန် ဖြစ်တတ်တဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ၊ နာတာရှည်ရောဂါ၊ ကင်ဆာရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ကိုယ်ခံအားကောင်းစေတယ်။

    သရက်သီးမှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်စေပါဘူး။ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်ပေးပြီး အဖျားတာတိုစေပါတယ်။

    ၄။ နှလုံးအားကောင်းစေတယ်။

    မဂ္ဂနီဆီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်ဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး နှလုံးသွေးကြောတွေကို ပြေလျော့စေလို့ သွေးတိုးကျစေတယ်။ သွေးတွင်း ကိုလက်စထရောကိုလည်း လျှော့ချပေးလို့ နှလုံးကျန်းမာရေးအတွက်တော့ အကောင်းဆုံးပဲပေါ့။

    ၅။ အစာကြေစေတယ်။

    အမျှင်ဓါတ်ကြွယ်ဝတဲ့ သရက်သီးကို ပုံမှန်စားပေးမယ်ဆိုရင် အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်က ထမင်းတွေအများကြီးစား၊ အဆီအစိမ့်တွေ စားပြီးသွားရင် သရက်သီးတစ်လုံးလောက် စားပေးလိုက်တာနဲ့ အစာကြေဖို့ ပိုလွယ်သွားမှာပါ။

    ၆။ အမြင်အာရုံကောင်းစေတယ်။

    မျက်စိမှုန်တဲ့သူတွေ၊ မွေးရာပါ မျက်စိအားနည်းတဲ့သူတွေ၊ ညဘက်အမှောင်ထဲမှာ သေချာမမြင်ရတာ၊ အပြင်ကို အမြဲသွားလာနေရလို့ နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်တွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့သူတွေ၊ ကွန်ပျူတာကို တစ်နေ့လုံးကြည့်ပြီး အလုပ်လုပ်နေရသူတွေအတွက် မျက်စိအားဆေးဓါတ်စာအနေနဲ့ သရက်သီးကို မှီဝဲသင့်ပါတယ်။

    ၇။ အသားအရေအတွက်လည်း ကောင်းတယ်။

    သရက်သီးမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်လို့ အသားအရေကို စိုပြေလှပစေရုံသာမက ဆံသားကိုလည်း သန်စွမ်းစေတယ်။ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးဖို့ ကော်လဂျင်ဓါတ်တွေကို ထုတ်ပေးနိုင်တယ်။ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကဲ ဒါဆိုရင် ကိုယ့်ကျန်းမာရေးနဲ့ အလှအပအတွက် အရမ်းကောင်းတဲ့ သရက်သီးကို ထမင်းစားပြီး အချိုတည်းမလား၊ ကြိတ်ပြီး သစ်သီးဖျော်ရည်အနေနဲ့ သောက်မလား၊ အရသာလည်း ရှိတယ်၊ အစာလည်း ကြေစေတာမို့ တစ်နေ့တစ်လုံး ပုံမှန်စားပြီး ရောဂါတွေကို တိုက်ထုတ်လိုက်ကြရအောင်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Health Benefits Of Mango –https://www.healthline.com/nutrition/mango (June 6, 2019)

    Why Should We Mangoes Every Day –https://www.bbcgoodfood.com/howto/guide/health-benefits-mango (June 6, 2019)

     

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 03/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: