အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တစ်ခုပါ။ စိမ်းစားဥ အကြီးတစ်လုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် ၄ မီလီဂရမ်၊ဖောလိတ် ၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။
အမျှင်ဓါတ်တွေကြွယ်ဝတယ်
စိမ်းစားဥက အာလူးတို့၊ တရုတ်မုန်လာတို့နဲ့ယှဉ်ရင် ကစီဓာတ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ပိုနည်းပါတယ်။ သူ့မှာ အမျှင်ဓာတ်ပါဝင်မှုက မြင့်မားတာမို့ ပန်းကန်လုံးတစ်လုံးစာပမာဏ စားမယ်ဆိုရင် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်းကို ရနိုင်ပါတယ်။
Prebiotic ရရှိနိုင်တယ်
Prebiotic ဆိုတာ အူတွင်းအကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိမ်းစားဥမှာ oligofructose inulin လို့ခေါ်တဲ့ prebiotic တစ်မျိုး ပါဝင်ပါတယ်။ သူဟာ အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး အူလမ်းကြောင်းထဲရောက်တဲ့အခါ အစာခြေစနစ်အင်္ဂါအစိတ်အပိုင်းတွေကို အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။