home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကော်လာဂျင် ကို ဘာကြောင့်သောက်ကြတာလဲ

အခုနောက်ပိုင်း ကြားရပါများလာတာက ကော်လာဂျင် ဆိုတဲ့ စကားလုံး။ ကော်လာဂျင် သောက်နေတယ်ဆို အလှအပအတွက်ဆိုတာတော့ သိကြပါတယ်။ အသားဖြူလာမယ်၊ အသားအရေတင်းရင်းစေမယ်လို့ အကြမ်းဖျင်း သိထားကြတယ်။ တကယ်တော့ သူ့ရဲ့အကျိုးအာနိသင်က ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။

ကော်လာဂျင်ဆိုတာ

ကော်လာဂျင် (collagen) ဆိုတာ ခန္ဓါကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ အသားအရေလှဖို့။ အရွယ်တင်နုပျိုဖို့ကော်လာဂျင်သောက်ကြတယ်ဆိုတော့ကော်လာဂျင်ကို အသက်ကြီးမှသောက်ရမယ်ထင်ကြပါတယ်။ လူတွေသိပ်မသိကြတဲ့အချက်က ကော်လာဂျင်ကို ကလေးအရွယ်ကစပြီး ကျားမ မရွေးသောက်လို့ရတယ်ဆိုတာပါပဲ။နောက်တစ်ချက်ကကော်လာဂျင်ကို အလှအပအတွက်တင်မဟုတ်ဘဲ တခြားအကြောင်းရင်းတွေနဲ့လည်းသောက်ကြပါသေးတယ်။

ဘာလို့သောက်ကြတာလဲ

အသားအရေလှဖို့သောက်တယ်

ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓါတ်ဖြည့်တင်းနိုင်စွမ်းရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်ကကော်လာဂျင်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေဖြစ်လာတယ်လေ။ကော်လာဂျင်ကို အသားအရေအတွက်သောက်တာက အများအားဖြင့် ရည်ရွယ်ချက်သုံးမျိုးရှိတယ် –

  • အရေးအကြောင်းမဖြစ်ဘဲ အသားအရေတင်းရင်းပြီး အရွယ်တင်နုပျိုစေဖို့၊
  • ဝက်ခြံနဲ့အမာရွတ်တွေ သက်သာပျောက်ကင်းစေဖို့၊
  • အသားအရေကြည်လင်လှပဖို့သောက်ကြတာများပါတယ်။

အရိုးအဆစ်၊အရွတ် နာကျင်ကိုက်ခဲမှုသက်သာဖို့သောက်တယ်

ကော်လာဂျင်က အဆစ်တွေကိုကာကွယ်ပေးတဲ့ အရိုးနုလွှာကို အားဖြည့်ပေးပါတယ်။ ခန္ဓါကိုယ်မှာကော်လာဂျင်အားနည်းတဲ့အခါ အဆစ်နာ လိုမျိုး အရိုးအဆစ်ယိုယွင်းမှုပြဿနာတွေဖြစ်လာနိုင်ခြေပိုများလာတတ်ပါတယ်။ ဒါ့ကြောင့်ကော်လာဂျင်သောက်တဲ့အခါ အရိုး၊အဆစ်၊ အရွတ်နာတွေကို သက်သာစေနိုင်တယ်။ကော်လာဂျင်ကြောင့်ရောင်ရမ်းမှုတွေလည်းလျော့ပါးသက်သာစေနိုင်ပါသေးတယ်။

အရိုးပွကာကွယ်ဖို့သောက်တယ်

အရိုးတွေမှာကော်လာဂျင်တွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အရိုးကျန်းမာရေးကို အကျိုးပြုတာလည်းများပါတယ်။ အသက်ကြီးလာလေ ခန္ဓါကိုယ်ထဲမှာကော်လာဂျင်နည်းလာလေဖြစ်ပြီး အရိုးသိပ်သည်းဆလည်းလျော့လာတတ်ပါတယ်။ ဒီအချိန်မှာ အရိုးပွအရိုးပါးရောဂါဖြစ်နိုင်ခြေပိုများစေပြီး အရိုးကျိုးအက်မှုအန္တရာယ်လည်းများပါတယ်။ ဖြည့်စွက်ကော်လာဂျင်တွေ သောက်တဲ့အခါ အရိုးကိုအားဖြည့်ပေးပြီး ဒီပြဿနာတွေကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားကျန်းမာရေးအတွက်သောက်တယ်

ခန္ဓါကိုယ်ရဲ့ကြွက်သားတစ်ရှူးတွေ ၁၀ ရာခိုင်နှုန်းလောက်ကိုကော်လာဂျင်တွေနဲ့ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေသန်မာဖို့နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဒီပရိုတင်းကို လိုအပ်ပါတယ်။ အသက်ကြီးလာတဲ့အခါလျော့ရဲလာတဲ့ကြွက်သားတွေကိုပြန်လည်သန်မာစေဖို့ကော်လာဂျင်က အထောက်အကူပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် သောက်တယ်

သုတေသနတွေအရကော်လာဂျင်က နှလုံးနဲ့ပတ်သက်တဲ့ ရောဂါပြဿနာတွေဖြစ်လာနိုင်ခြေလျော့နည်းစေတယ်လို့တွေ့ရှိထားပါတယ်။ကော်လာဂျင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီးသွေးပို့လွှတ်မှုပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ကော်လာဂျင်ဓါတ်မလုံလောက်ရင် နှလုံးသွေးကြောတွေ အားနည်းပြီးရောဂါဖြစ်လွယ်နိုင်ပါတယ်။

တခြားအကြောင်းရင်းတွေလည်းရှိသေးတယ် –

  • ဆံပင်နဲ့ ခြေသည်းလက်သည်း အတွက် –ကော်လာဂျင်သောက်ရင် လက်သည်းခြေသည်းကြွပ်ဆတ်၊ ကျိုးပဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ခြေသည်းလက်သည်းကျန်းမာလှပစေတယ်၊ ဆံပင်သန်စေတယ်၊ ဆံပင်အရှည်မြန်စေတယ်။
  • ဦးနှောက်ကျန်းမာရေးအတွက် –ဆေးပညာအထောက်အထားမလုံလောက်သေးပေမယ့်ကော်လာဂျင်သောက်ခြင်းက စိတ်ခံစားမှုကောင်းစေပြီး ပူပန်စိတ်တွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။
  • ကိုယ်အလေးချိန်လျှော့ဖို့အတွက် –ကော်လာဂျင်သောက်ရင် ကိုယ်အလေးချိန်ကျပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုပိုမြန်စေနိုင်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။

ကော်လာဂျင်ကို ဘယ်ကရနိုင်မလဲ

ကော်လာဂျင်ကို မီးအေးအေးနဲ့ အကြာကြီးတည်ထားတဲ့ အရိုးပြုတ်ရည်ကနေ ရနိုင်တယ်။ အသား၊ ငါး၊ ကြက်ဥတို့လို ပရိုတင်းများတဲ့အစားအစာတွေလို အစားအစာတွေနဲ့လည်း ခန္ဓါကိုယ်ထဲကော်လာဂျင်သဘာဝအတိုင်းထုတ်ပေးအောင်လှုံှု့ဆော်အားပေးလို့ရတယ်။ ဒါပေမယ့် အလွယ်ဆုံးနည်းကတော့ကော်လာဂျင်ကို ဝယ်သောက်လိုက်တာပါပဲ။

ဈေးကွက်မှာကော်လာဂျင်ကို အမှုန့်နဲ့ဆေးတောင့်၊ဆေးပြား စတဲ့ပုံစံအမျိုးမျိုးနဲ့ရနိုင်တယ်။ အမျိုးအစားအမှတ်တံဆိပ်တွေလည်းစုံတာမို့ အရည်အသွေးကောင်းတဲ့တံဆိပ်ကိုရွေးချယ်သောက်သုံးလိုက်တာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အစားအစာမှာပါတဲ့ကော်လာဂျင်က အစာခြေအင်ဇိုင်းတွေနဲ့တွေ့တဲ့အခါ အမိုင်နိုအက်စစ်နဲ့ ပပ်တိုက်ဒြပ်ပေါင်းတွေအဖြစ် ကွဲထွက်သွားပါတယ်။ဖြည့်စွက်ကော်လာဂျင် (supplements )တွေမှာ ပါတဲ့ကော်လာဂျင်ကတော့ဖြိုခွဲထားပြီးသား၊ ဓါတုနည်းနဲ့စီမံပြီးသားမို့ ခန္ဓါကိုယ်ထဲ စုပ်ယူနိုင်မှု ပိုထိရောက်စေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။