backup og meta

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံး အစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့ အသီး တစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာ ကိုတော့ သိသူရှားပါတယ်။

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

သရက်သီး ဆိုတာ

သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။

အရသာမတူကြပေမယ့် ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။

အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့် ဖျော်ရည်ကလည်း ရင်အေးစေတဲ့ဖျော်ရည်တစ်မျိုးပါ။ ဘယ်လိုပဲစားစားသရက်သီးက ခံတွင်းတွေ့တာတော့အမှန်ပါ။

သရက်သီးကနေ ရရှိနိုင်မယ့် အာဟာရဓါတ် တွေက

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ သရက်သီး တစ်ပန်းကန်စာမှာ

သရက်သီး စားသုံးပေးမှုကနေ ရရှိမယ့် အကျိုးကျေးဇူးတွေက

သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် အူမကြီးကင်ဆာရင်သားကင်ဆာသွေးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်တစ်ချက်က သရက်သီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့်သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်းလုပ်ဆောင်ပေးပါသေးတယ်။

အသားအရေလှချင်သူတွေအနေနဲ့လည်း သရက်သီး စားသုံးပေးသင့်ပါတယ်။ သရက်သီးက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ သရက်သီးကို စားပေးရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်။နောက်ထပ်တစ်ချက်ကနေ့စဉ် ကွန်ပျူတာတွေဖုန်းတွေသုံးနေတဲ့သူတွေအနေနဲ့ အမြင်အာရုံကောင်းမွန်စေပြီး ကြက်မျက်သင့်တာနဲ့ မျက်လုံးခြောက်သွေ့တာတွေကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်နိုင်စေဖို့အတွက် သရက်သီးမှည့်လေး စားပေးပါ။

နောက်တစ်ခုပြောပြချင်တာကတော့ သရက်ရွက်အကြောင်းပါ။ သရက်ရွက်ရဲ့ အမွှေးနံ့က ခပ်သင်းသင်းလေးရှိပြီး အရွက်နုလေးတွေကို တို့စားကြတာမျိုးလည်းရှိပါတယ်။ သရက်ကရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပြုတ်ရည်ကို တစ်ညသိပ် အရွက်ကို စစ်ပြီး အရည်ကို သုံးဆောင်ပေးမယ် ဆိုရင်လည်း သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

သရက်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာကြေချက်မှုကို ကောင်းမွန်စေတဲ့ အသီး တစ်မျိုးပါ။ ဒါတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ သရက်သီး အစိမ်းကို ဖျော်သောက်ပေးမယ် ဆိုရင်လည်း ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓါကိုယ်မှာ ဖြစ်လာနိုင်တဲ့ အပူလျှပ်တာလိုမျိုး ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

နောက်ဆုံး တစ်ချက် အနေနဲ့ကတော့ သရက်သီးမှာ ဗီတာမင် C၊ ဗီတာမင် A နဲ့carotenoids ၂၅ မျိုးအထိ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး အမြဲကျန်းမာနေစေမှာ အသေအချာပါ။ လတ်တလောမှာ လှိုင်လှိုင်ပေါနေတဲ့ သရက်သီးကို အရသာရှိရှိလေး စားသုံးရင်း အပေါ်မှာ ပြောခဲ့တဲ့ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို လက်မလွှတ်တမ်း ရယူလိုက်ပါ။

ဘယ်သူတွေ မစားသင့်ဘူးလဲ

အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေက လွဲရင် သရက်သီးကို လူတိုင်း စားပေးလို့ ရပါတယ်။ အလွန်အကျွံ မဖြစ်ဖို့တော့ လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.realfoodforlife.com/10-health-benefits-of-mangos/

https://www.care2.com/greenliving/10-health-benefits-of-mangos.html

https://www.organicfacts.net/health-benefits/fruit/mango.html

ယခုပုံစံ

26/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ