backup og meta

အန္တရာယ်ကင်းတဲ့အစားအစာတွေဖြစ်ဖို့ အချက် (၁၀) ချက်

အစားအသောက်ကို မှားယွင်းစွာစားသောက်ရင် အန္တရာယ်ရှိပြီး တစ်ချို့အခြေအနေတွေမှာဆို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစားအစာတွေကို ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဆိုတဲ့ အရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

အန္တရာယ်ကင်းတဲ့အစားအစာတွေဖြစ်ဖို့ အချက် (၁၀) ချက်

(၁) လက်ကို ဆပ်ပြာနှင့် စင်အောင်ဆေးပါ။

လက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အစားမစားမီ ဒါမှမဟုတ် အစားအသောက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ လက်ကို စင်အောင်ဆေးခိုင်းတာဖြစ်ပါတယ်။ ရေနွေးရယ် ဆပ်ပြာရယ်သုံးတာ ပိုကောင်းပါတယ်။ ရေနွေးထဲ စက္ကန့် ၂၀ လောက် စိမ်ပြီးဆေးပါ။ လက်ကိုခြောက်အောင်သေချာစွာထားပါ။

(၂) ပိုးသတ်ပါ။

ကလိုရင်း စတီးဇွန်းတစ်ဇွန်းနဲ့ ရေတစ်ဂါလံက သင်ချက်ပြုတ်မယ့် နေရာတွေကို ဆေးကြောဖို့ အကောင်းဆုံးပါ။

(၃) ရေခဲသေတ္တာကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပါ။

အနည်းဆုံးတစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စားလက်စ အစာတွေကို ရေခဲသေတ္တာထဲမှာ ၄ ရက်ထက် ပိုထားပြီး မစားသင့်ပါဘူး။ ပြုထားတဲ့အသားနဲ့ အသားအစိမ်းတွေကတော့ ၁ ရက် ၂ ရက်ထက် ပိုမထားသင့်ပါဘူး။

(၄) မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းစွာထားပါ။

ကျွန်တော်တို့ရဲ့ လက်တွေလိုပါပဲ မီးဖိုချောင်သုံးပစ္စည်းတွေမှာလည်း ဘတ်တီးရီးယားတွေ အများကြီး ရှိနိုင်ပါတယ်။ အစာအဆိပ်သင့်တာတွေ မဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းအသစ်တွေကို အသုံးမပြုခင် ပိုးသတ်ပါ။

(၅) အစားအစာတွေကို ရေစင်အောင်ဆေးပါ။

သင့်မိသားစုကျန်းမာရေးအတွက် အသီးအနှံနဲ့ အသားငါးတွေကို မချက်ခင် ရေစင်အောင်ဆေးပါ။

(၆) အသားငါးသုံးဖို့နဲ့ အသီးအရွက်သုံးဖို့အတွက် ခွဲခြားပါ။

အသားနဲ့ အသီးအရွက်တွေအတွက် လိုအပ်တဲ့ စဉ့်နှီတုံးနဲ့ ဓါး၊ ထည့်စရာတွေ သပ်သပ်စီခွဲထားပါ။

(၇) ချက်ပြီးသားဟင်းတွေကို မချက်ခင်သုံးတဲ့ ပန်းကန်နဲ့အသုံးမပြုသင့်ပါဘူး။

(၈) အစားအသောက်အတွက် အသုံးပြုတဲ့ သာမိုမီတာကို ချက်ပြုတ်တဲ့အခါမှာ သုံးပါ။

(၉) ကျက်အောင်ချက်ပါ။

လိုအပ်တဲ့အပူချိန် ရောက်တဲ့အထိ ကျက်အောင်ချက်ပါ။ အစားအသောက်တွေကျက်ဖို့ ဘတ်တီးရီးယားတွေ သေဖို့ လိုအပ်တဲ့အပူချိန်ကို သိရှိနိုင်ရန် သာမိုမီတာ အသုံးပြုပါ။ ဒါမှသင့်ကို ဘတ်တီးရီးယားအန္တရာယ်က ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁၀) အသီးအရွက်၊ အသား၊ ပင်လယ်စာနဲ့ ကြက်ဥဘဲဥတွေကို အစိမ်းမစားပါနှင့်။

တချို့လူတွေအတွက် မီးနဲ့ ချက်မထားတာ ဒါမှမဟုတ် အစိမ်းစားတာက ပိုပြီးလတ်ဆတ် ပိုပြီးအရသာရှိတယ်လို့ ထင်နေနိုင်ပါတယ်။ ဒီလို အစိမ်းစားတာက ဘက်တီးရီးယားတွေကို စားမိသလို ဖြစ်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အစိမ်းစားတော့မယ်ဆိုရင် ဒီအန္တရာယ်တွေ သေချာစဉ်းစားပါ။

အစားအသောက်တွေကို ချက်ပြုတ်တာ ပြင်ဆင်တာ ပန်းကန်ထဲထည့်တဲ့အလုပ်တွေက စိတ်ရှည်ဖို လိုပါတယ်။ အန္တရယ်ကင်းဖို့အတွက် ပိုးသတ်ဖို့လည်း လိုပါတယ်။ အစိမ်းစားတော့မယ် ဆိုရင်တော့ အန္တရာယ်အခွင့်အလမ်း ရှိနိုင်တဲ့အတွက် အခုပြောခဲ့တဲ့ အချက်(၁၀) ချက်ကို သတိရပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: 10 Tips: Be Food Safe
https://www.choosemyplate.gov/ten-tips-be-food-safe
10 Commandments of Food Safety
http://www.eatingwell.com/food_news_origins/food_news/10_commandments_of_food_safety Accessed February 17, 2017
Food safe tips
http://www.eatright.org/resources/food-safety-tips Accessed February 17, 2017

ယခုပုံစံ

12/05/2020

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နံနက်စာအတွက် အကောင်းဆုံးအစားအစာ

အစားအသောက်ထဲက အန္တရာယ်


Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ