ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့ ….. ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။
ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။
ဗီတာမင် B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်
- ကိုယ်ခံအားကို အားဖြည့်ပေးတယ်
- ဆဲလ်တွေ ကျန်းမာစေတယ်
- မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ်
- အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
- ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့
ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ကြွယ်ဝဖို့ ဆိုရင်
ဆယ်လ်မွန်
ဆယ်လ်မွန်မှာ ဗီတာမင် B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ
- Thiamine (ဗီတာမင် B1)
- Riboflavin (ဗီတာမင် B2)
- Niacin (ဗီတာမင် B3)
- Pantothenic acid (ဗီတာမင် B5)
- Pyridoxine (ဗီတာမင် B6)
- Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။
အသည်း နဲ့ ကလီစာ
အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက် အသည်း၊ ဆိတ်ကလီစာတို့မှာ
- Thiamine (ဗီတာမင် B1)
- Riboflavin (ဗီတာမင် B2)
- Niacin (ဗီတာမင် B3)
- Pantothenic acid (ဗီတာမင် B5)
- Pyridoxine (ဗီတာမင် B6)
- Biotin (ဗီတာမင် B7)
- Folate (ဗီတာမင် B9)
- Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ ကြက်ဥ အရွယ်တော် တစ်လုံးမှာ
- Riboflavin (ဗီတာမင် B2)
- Pantothenic acid (ဗီတာမင် B5)
- Biotin (ဗီတာမင် B7)
- Folate (ဗီတာမင် B9)
- Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
နို့
နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ
- Thiamine (ဗီတာမင် B1)
- Riboflavin (ဗီတာမင် B2)
- Pantothenic acid (ဗီတာမင် B5)
- Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
အမဲသား
အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။
- Thiamine (ဗီတာမင် B1)
- Riboflavin (ဗီတာမင် B2)
- Niacin (ဗီတာမင် B3)
- Pantothenic acid (ဗီတာမင် B5)
- Pyridoxine (ဗီတာမင် B6)
- Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
[embed-health-tool-bmr]