ရေဓါတ်ဖြည့်ဖို့နဲ့ အာဟာရပြည့်ဖို့ နှစ်ချက်လုံးပြည့်စုံစေဖို့ သကြားမပါတဲ့ အသီးဖော်ျရည်စစ်စစ်တွေကို အားကိုးကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဆင်မပြေဘူးနော်။ လှုပ်ရှားမှုအတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အရည်ဓါတ်ကိုရနိုင်ပေမယ့် အားကစားမလုပ်ခင်မှာသောက်ချလိုက်တာကတော့ သိပ်မကောင်းပါဘူး။ အသီးဖျော်ရည်တွေမှာ အမြန်ချေဖျက်လို့မလွယ်တဲ့fructose သကြားဓါတ်ပါဝင်ပြီး နဂိုက အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ IBSရောဂါလိုမျိုး အစာအိမ်အူလမ်းကြောင်းမကောင်းသူတွေမှာ ဗိုက်အောင့်တာ၊လေပွတာတွေဖြစ်စေနိုင်ပါတယ်။ လိမ္မော်သီးလိုဖျော်ရည်မျိုးက လန်းဆန်းအမောပြေစေတယ်ဆိုပေမယ့်လေ့ကျင့်ခန်းမလုပ်ခင် သို့မဟုတ်လေ့ကျင့်ခန်းလုပ်ပြီးတစ်နာရီနဲ့အထက် အချိန်ခွာပြီးသောက်သုံးတာအကောင်းဆုံးဖြစ်ပါတယ်။
အသင့်အမြန်စားတွေ
အချိန်လုပြီး ဂျင်မ်ကိုပြေးလာရတယ်၊ ဆိုင်မှာဝင်စားဖို့ကလည်း အချိန်ကြာနိုင်တယ်၊ ဝိတ်တက်မှာစိုးတယ် ဆိုတော့ အသင့်အမြန်စားလေးတွေ ဝယ်စားဖြစ်ကြပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတော့ ဗိုက်ထဲမှာနေရခက်အောင်ပြည့်အင့်စေပြီး အဆီနဲ့အချိုဓါတ်တွေကြောင့် ကစားသမျှ သဲထဲရေသွန်ဖြစ်စေနိုင်ပါတယ်။
[embed-health-tool-bmi]