ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။ အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။ အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။
လူကြီးအရွယ်မှာ အဝလွန်တာက ကိုယ်ဖန်တီးတဲ့ ကိုယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ကလေးအရွယ်မှာ အဝလွန်တာ မဖြစ်စေဖို့ကတော့ မိသားစုမှာ တာဝန် ရှိပါတယ်။
ကလေးက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန်ထက် များနေမယ်။ BMI က ရှိသင့်တာထက် ပိုနေမယ်ဆိုရင် အဝလွန် နေပြီလို့ ပြောလို့ရပါတယ်။ ကလေး တစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက လူကြီးတွေမှာ အဝလွန်စေတဲ့ အကြောင်းအရင်းနဲ့ တူတူပါပဲ။ နေ့စဉ်နေထိုင်တဲ့အပြုအမူ အလေ့အထတွေ နဲ့ မျိုးရိုးလိုက်တာတွေကြောင့် ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။ အဝလွန်တာက နေ့စဉ်လူမှုဆက်ဆံရေးဘဝကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အဝလွန်တာက နေ့စဉ်လုပ်မိတဲ့ အပြုအမူတွေကြောင့် အများကြီးပါပါတယ်။
ပတ်ဝန်းကျင် အခြေအနေတွေကလည်း ကလေးတွေကို အဝလွန် စေနိုင်ပါတယ်။
အဝလွန်တာက ကလေးမှာရော လူကြီးမှာရော မကောင်းသလို ရေတို အတွက်ရော ရေရှည် အတွက်ပါ မကောင်းတာ အမှန်ပါ။ ကလေးငယ်တွေ အနေနဲ့ အဝလွန်မယ် ဆိုရင် နောက်ဆက်တွဲ မဖိတ်ခေါ်ဘဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေက –
ဒါတွေတင် မကပါဘူး။ ကလေးက အဝလွန်မယ်ဆိုရင် သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကြောင့် စိတ်ထိခိုက်တာ၊ ကလေးအချင်းချင်းကြားမှာ အနိုင်ကျင့်ခံရတာတွေကြောင့် စိတ်ထိခိုက်ခံစားရနိုင်သလို စိတ်ဖိစီးတာ၊ စိတ်အားငယ်တာ၊ စိုးရိမ်စိတ် များတာလိုမျိုး ပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကြောင့် ကလေးဟာ သင်ယူမှုပိုင်းမှာပါ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။