backup og meta

ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ

    ပထမဆုံး ဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းအကြောင်း ရှင်းပြလိုပါတယ်။ ဆီရိုတိုနင်ဆိုတာဟာ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ပိုင်းဆိုင်ရာကိုရော အပြုအမူကိုပါ သက်ရောက်မှု ရှိပါတယ်။

    ဆီရိုတိုနင်ပမာဏကို မြင့်တက်လာစေပြီး အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ကို စားသုံးနိုင်ပါတယ်။ tryptophan ကနေ ဆီရိုတိုနင်ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့်လည်း ဆီရိုတိုနင်ပမာဏကို မြင့်တက်လာအောင် tryptophan ပါဝင်တဲ့အစာတွေ စားသုံးနိုင်ပါတယ်။

    Tryptophan နည်းပါးတဲ့အခါ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမှာtryptophan ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ဆီရိုတိုနင်ဓာတ်ကို ပိုမိုကြွယ်ဝစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။

    ၁။ ဥအမျိုးမျိုး

    ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းဟာ သွေးထဲမှာပါဝင်တဲ့ tryptophan ပမာဏကို မြင့်တက်စေတယ်လို့ သုတေသနစာစောင်တွေမှာ ရေးသားထားပါတယ်။ အထူးသဖြင့် အကာပိုင်း ဖြစ်ပါတယ်။ ကြက်ဥအကာမှာ tryptophan နဲ့ tyrosine အပြင် choline၊ biotin၊ omega-3 fatty acid နဲ့ တခြား အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

    ၂။ ဒိန်ခဲ

    ဒိန်ခဲဟာ tryptophan ကြွယ်ဝတဲ့ စားစရာတမျိုးပဲ ဖြစ်ပါတယ်။ ဒိန်ခဲကို ကြက်ဥ၊ နို့ စတာတွေနဲ့ ရောနှောစားသုံးခြင်းဟာ အရသာကောင်းမွန်တဲ့အပြင် tryptophan ဓာတ်ကို ကောင်းစွာ ရရှိစေပါတယ်။

    ၃။ နာနတ်သီး

    နာနတ်သီးဟာ bromelain လို့ခေါ်တဲ့ ပရိုတိန်းကြွယ်ဝတဲ့ စားစရာတမျိုးဖြစ်ပြီး ကင်ဆာရောဂါသည်တွေ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ဆီရိုတိုနင်ကို မြှင့်တင်ပေးပြီး စိတ်တည်ငြိမ်အေးချမ်းမှုဖြစ်အောင် ကူညီပေးနိုင်မယ့် အသီးအနှံပဲ ဖြစ်ပါတယ်။

    ၄။ တို့ဟူး

    ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေဟာ tryptophan ကြွယ်ဝပါတယ်။တို့ဟူးဟာ အသီးအရွက်ပဲစားတဲ့ သက်သတ်လွတ်သမားတွေအတွက် ပရိုတိန်းဓာတ် ကောင်းစွာပေးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။ ဆီရိုတိုနင်ကိုလည်း ကောင်းစွာမြှင့်တင်ပေးနိုင်ပါတယ်။

    ၅။ ဆယ်လ်မွန်

    ဆယ်လ်မွန်ငါးမှာလည်း tryptophan ကြွယ်ဝပြီး ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း ကိုလက်စထရောကိုထိန်းညှိပေးခြင်း၊ သွေးတိုးကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။

    ၆။ အစေ့အဆန်များ

    အစေ့အဆန်တွေနဲ့ ပတ်သက်ရင် ကြိုက်တဲ့အမျိုးအစားသာ ရွေးချယ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် အစေ့အဆန်တိုင်းမှာ tryptophan ကြွယ်ဝလို့ ဖြစ်ပါတယ်။ အစေ့အဆန်များကို နေ့စဉ်စားသုံးပေးခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ အစေ့အဆန်များမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။

    ၇။ ကြက်ဆင်

    ကျေးဇူးတော်နေ့မှာ စားသုံးကြတဲ့ ကြက်ဆင်သားမှာTryptophan ကြွယ်ဝနေခြင်းဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ။

    ……………….

    ဆီရိုတိုနင်ဟော်မုန်းကို အစားအသောက်တွေမှာ မတွေ့နိုင်ပါဘူး။ tryptophan ကို ရယူပြီးမှသာ ဆီရိုတိုနင်အဖြစ် ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ပရိုတိန်း၊ သံဓာတ်၊ riboflavin၊ ဗီတာမင် b6 စတာတွေမှာလည်း ဒီအမိုင်နိုအက်ဆစ်အမျိုးအစား ပါဝင်ပါတယ်။

    ကစီဓာတ်ဟာ အင်ဆူလင်ကို ပိုမိုထွက်စေပြီး အမိုင်နိုအက်ဆစ်စုပ်ယူခြင်း၊ သွေးထဲမှာ tryptophan ကို ချန်ထားခဲ့ခြင်း စတဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် tryptophan ကြွယ်ဝတဲ့ အစားအစာတွေကို ကစီဓာတ်နဲ့ တွဲဖက်စားသုံးခြင်းဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။

    အမှန်တော့ ဆီရိုတိုနင်မြင့်တက်စေဖို့ဆိုရင် အစားအစာတွေအပြင် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီအချက်တွေကတော့

    လေ့ကျင့်ခန်းပြုလုပ်ခြင်း။ အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ ဆီရိုတိုနင်မြင့်တက်စေပြီး စိတ်ကျခြင်းကို ကာကွယ်ပေးတဲ့ အာနိသင် ရှိတယ်လို့ သိရပါတယ်။

    နေရောင်ခြည်။ တောက်ပတဲ့နေရောင်ခြည်ဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။ နွေးထွေးတဲ့နေရောင်ခြည်ကို ထိတွေ့ခြင်းဟာ ညအချိန်မှာလည်း ကောင်းစွာအိပ်ပျော်စေပြီး စိတ်ကြည်လင်စေတယ်လို့ သိရပါတယ်။

    – အပြုသဘောဆောင်သောစိတ်။ နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ ကျင့်ကြံနေထိုင်ခြင်းဟာ ဆီရိုတိုနင်ပမာဏကို ပိုမိုမြင့်တက်လာစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement