backup og meta

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

လေ့ကျင့်ခန်းက အရွယ်တိုင်း လုပ်သင့်တာပါ။ ဒီလို ပြောရတာက လေ့ကျင့်ခန်း လုပ်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်လို့ပါ။

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဘိုးဘိုးဘွားဘွားတို့က လူငယ်တွေလောက် မသန်မာတော့ဘူး ဆိုပေမယ့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ရာရောက်မှာပါ။

အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေများလဲ…………

ငယ်ရွယ်စဉ်မှာ သန်မာ ဖျတ်လတ်ကြပေမယ့် အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာတော့

ဘိုးဘိုးဘွားဘွားတို့ကို လေ့ကျင့်ခန်း လုပ်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

တကယ်တော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်ဖို့ဆိုရင် အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ လေ့ကျင့်ခန်း စလုပ်သင့်ပါတယ်။ ဒီ မတိုင်ခင်ကတည်းက လုပ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ အိုမင်းမှုတွေ စလာပါတယ်။ ဒီလို အိုမင်းမှုတွေ စတင်လာတဲ့အခါ ပျက်စီးမှုတွေ၊ ရောဂါတွေက ကပ်ပါလာပါတော့တယ်။ ဒိတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံးသော နည်းလမ်းပါ။

လေ့ကျင့်ခန်း လုပ်ရင် ဘာတွေ ထူးခြားနိုင်လို့လဲ………

လေ့ကျင့်ခန်း လုပ်တာက

သွေးပေါင် ထိန်းညှိပေးနိုင်တယ်

လေ့ကျင့်ခန်း လုပ်တာက နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေသလို သွေးတွင်း အောက်ဆီဂျင် ရောက်ရှိမှုကိုလည်း ကောင်းစေပါတယ်။

နှလုံးခုန်နှုန်း မမြန်စေဖို့ ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိလိုက်ခြင်းက နှလုံးရောဂါကို အထိရောက်ဆုံး ကာကွယ်လိုက်ခြင်းပါ။

အဝမလွန်စေဖို့ ကာကွယ်ပေးတယ်

အသက်အရွယ်ရလာရင် လှုပ်ရှားမှု နည်းလာတယ်။ လှုပ်ရှားမှု နည်းလာတဲ့အခါ အဝလွန်လာတယ်။ ဒီလိုကနေ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဝင်လာပါလေရော။

ဒီတော့ အကောင်းဆုံးက လေ့ကျင့်ခန်း လုပ်တာပေါ့။ လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ဘူးဆိုရင်တောင် ပုံမှန် လမ်းလျှောက်တာလောက် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက အဝမလွန်စေဖို့ ကာကွယ်ပေးသလို နှလုံးကျန်းမာစေပြီး လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကြွက်သားတွေ သန်မာစေတယ်

လေ့ကျင့်ခန်း လုပ်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာတွေက ကြွက်သားတွေကို သန်မာစေပြီး အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ ကြွက်သားတွေဆီ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး ကြွ်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

လေ့ကျင့်ခန်းလုပ်တာက ဆီးချိုရောဂါ ခံစားရနိုင်ခြေကီု ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တယ်လို့ သုတေသနပြုချက်တွေအ ရသိရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြွက်သားတွေက သွေးတွင်းက အချိုဓာတ်တွေကို အထိရော်ကဆုံး အသုံးချပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတာကြောင့်  သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။

ဒါတွေအပြင် ဘိုးဘိုးဘွားဘွားတို့ အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ ကင်းဝေးသလို အရိုးတွေလည်း သန်မာကြပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးဖို့ လေ့ကျင့်ခန်း လုပ်ပါ ဘိုးဘိုးဘွားဘွားတို့ရေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Heart Benefits of Exercise https://www.hopkinsmedicine.org/health/wellness-and-prevention/7-heart-benefits-of-exercise Accessed Date 17 Septeber 2020

Exercise or Physical Activity https://www.cdc.gov/nchs/fastats/exercise.htm Accessed Date 17 Septeber 2020

ယခုပုံစံ

07/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ