backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Menorrhagia (ရာသီသွေးဆင်းများခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Menorrhagia (ရာသီသွေးဆင်းများခြင်း) ကဘာလဲ။

Menorrhagia ဆိုတာက ပုံမှန် ရသီလာတဲ့အချိန်ထက် ပိုများတဲ့ သွေးဆင်းခြင်းကို ခေါ်ပါတယ်။ သွေးဆင်းများခြင်းဟာ သွေးဆုံးမှုမတိုင်ခင်မှာ အမျိုးသမီးတွေမှာ ဖြစ်တတ်သော်လည်း အမျိုးသမီးအများစုမှာတော့ အန္တရာယ်ရှိလောက်တဲ့ သွေးဆင်းများခြင်း menorrhagia ကို မကြုံဖူးကြပါဘူး။ သွေးဆင်းများခြင်းအား မကုပဲထားပါက အသက်တိုနိုင်ပါတယ်။

Menorrhagia (ရာသီသွေးဆင်းများခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီး ၉% ကနေ ၁၄% လောက်မှာ ဒီရောဂါကို ခံစားနေရပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်စ အမျိုးသမီးလေးတွေနဲ့ အသက် ၄၀ကနေ ၅၀ကြား အမျိုးသမီးကြီးတွေ မှာ အဖြစ်များတတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Menorrhagia (ရာသီသွေးဆင်းများခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

menorrhagia ရဲ့ ရောဂါလက္ခဏာတွေကတော့ နာရီပိုင်းတွင်း တစ်နာရီကို တန်ပွန် တစ်ခု သို့ ပတ် တစ်ခုနှုန်းလဲရလောက်အောင် သွေးဆင်းများခြင်းဖြစ်ပါတယ်။

တခြားလက္ခဏာတွေကတော့

  • ၇ ရက်ထက်မနည်း သွေးဆင်းနေခြင်း
  • သွေးဆင်းများတဲ့ ရာသီချိန်တွေက ပုံမှန် ၁၀ ရက် သို့ ၁၀ ရက်ကျော်ကြာနေခြင်း
  • ပုံမှန်မဟုတ်ပဲ ရာသီလာချိန် ၂ ချိန်ဆက်တိုက် သွေးဆင်းများခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မိန်းမကိုယ်မှ သွေးဆင်းများခြင်း
  • သွေးဆုံးပြီးနောက် မည့်သည့် မိန်းမကို သွေးဆင်းခြင်းမဆို ရှိနေခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Menorrhagia (ရာသီသွေးဆင်းများခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန် ရာသီလာတဲ့ အခါမှာ ဟော်မုန်း estrogen နှင့် progesterone တွေက သားအိမ်၏ နံရံ (endometrium ) ကိုတည်ဆောက်မှုကို မှန်မှန်လုပ်ဆောင်ပေးေနေခြင်းဟာ သွေးဆင်းတဲ့အချိန်မှာ ပြိုကွဲသွားပါတယ်။ ဟော်မုန်းမညီမျှတဲ့ အခါမှာ သားအိမ်နံရံဖြစ်တည်မှု များလာပြီး သွေးဆင်းများစေကာ ပြိုကွဲပါတယ်။

ဟော်မုန်းမညီမှုရဲ့ အကြောင်းအရင်းတစ်ချက်ကတော့ မ မျိုးဥ overy တွေ မကောင်းလို့ ဖြစ်ပါတယ်။ သင့်ရဲ့ မ မျိုးဥတွေကနေ သွေးဆင်းတဲ့အချိန်( ဥကြွေတဲ့အချိန်မှာ) ဥမထုတ်ပေးနိုင်လျှင် သင့်ခန္ဒါကိုယ်ကနေ progesterone ဟော်မုန်းကို မထုတ်ပေးတော့ပါဘူး။

တခြား သွေးဆင်းများခြင်းကို ဖြစ်စေတဲ့ အရာတွေကတော့

  • Polyps
  • Uterine fibroids
  • သားအိမ်တွင်းထည့် သားဆက်ခါးပစ္စည်းများ(IUD)
  • မွေးရာပါ သွေးဆင်းရောဂါများ
  • ကင်ဆာ။ ဖြစ်ခဲတဲ့ သားအိမ်ကင်ဆာ၊ မျိုးဥကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာတွေက သွေးဆင်းများခြင်းကို ဖြစ်စေပါတယ်။

Risk factors

Menorrhagia (ရာသီသွေးဆင်းများခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

menorrhagia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လက်တလောတွင် ရာသီစလာထားခြင်း
  • သွေးဆုံးခါနီးချိန်
  • Polyps
  • Uterine fibroids
  • ကင်ဆာ။ ဖြစ်ခဲတဲ့ သားအိမ်ကင်ဆာ၊ မျိုးဥကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာတွေက သွေးဆင်းများခြင်းကို ဖြစ်စေပါတယ်။
  • မွေးရာပါ သွေးဆင်းရောဂါများ
  • Steroid ပါတဲ့ အရောင်ကျဆေးများ သုံးခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ menorrhagia မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Menorrhagia (ရာသီသွေးဆင်းများခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ကျန်းမာရေးရာဇဝင်မေးခြင်းနှင့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီး သွေးစစ်ခြင်း(သွေးအားနည်းရောဂါ ရှိမရှိ) တို့နှင့် ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ သွေးအားနည်းခြင်းက သင်သွေးဆုံးရှူံးမှု များတဲ့အခါမှာ သွေးပမာဏအလွန်နည်းပါးလာခြင်းကြောင့် ဖြစ်ပြီး ပင်ပန်းခြင်း နှင့် အားနည်းခြင်းတွေ ဖြစ်စေပါတယ်။ တခြား စမ်းသပ်မှုတွေကတော့

  • အက်ထရာဆောင်းရိုက်ခြင်း
  • Pap test
  • သားအိမ်နံရံမှ အသားစယူ စစ်ဆေးခြင်း ။ ။ တစ်ရှူးနမူနာတစ်ခုယူပြီး အနုကြည့်မှန်ပြောင်းနှင့် ကြည့်ခြင်း
  • D&C (သားအိမ်ခေါင်းချဲ့ပြီး ခြစ်ထုတ်ခြင်း) ။ ။ သားအိမ်ခေါင်းကို ခြစ်ပြီး သားအိမ်တစ်ရှူး နမူနာယူကာ လေ့လာခြင်း။
  • Laproscopy။ ။ ဆရာဝန်က ဝမ်းဗိုက်တွင်းဆို့ ခွဲရာအနည်းငယ်ပေးပြီး ကြည့်ရှု စစ်ဆေးခြင်း
  • Hysterosalpingography ။ ။ ဆိုးဆေးတစ်မျိုးကို သားအိမ်နှင့် မျိုးဥပြွန်တွေထဲ ထည့်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း
  • Hysteroscopy ။ ။ သားအိမ်ခေါင်းမှ တစ်ဆင့် သားအိမ်တွင်းသို့ ကင်မရာအသေးပါတဲ့ သတ္တုပြွန်ထည့်ပြီး ကြည့်ခြင်း။

Menorrhagia (ရာသီသွေးဆင်းများခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွေကတော့ သွေးဆင်းများခြင်းကို ဖြစ်စေတဲ့ အကြောင်းနှင့် သွေးဆင်းများခြင်း၏ သင့်ဘဝအပေါ်သက်ရောက်မှုကို မူတည်ပြီး ရွယ်ချယ်ကုသရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆရာဝန်က သွေးဆင်းများခြင်းအတွက်သောက်ဆေးတွေ နှင့် ခွဲစိပ်မှုတွေ ပြုလုပ်ပါတယ်။ သောက်ဆေးတွေမှာ ကိုယ်ဝန်တားဆေးများ၊ ဟော်မုန်း( progesterone) နှင့် သံဓါတ်အားဖြည့်ဆေးတွေ ပေးပါတယ်။ သောက်ဆေးတွနဲ့ အလုပ်မဖြစ်လျှင် ပြင်ပလူနာခွဲစိပ်မှု (သားအိမ်ခြစ်ခြင်း နှင့် operative hysteroscopy) လုပ်နိုင်ပါတယ်။

တခြားခွဲစိပ်မှုတွေကတော့ မျိုးမပွားနိုင်ခြင်းကို ဖြစ်စေပြီး အသက်ကြီးတဲ့ သူတွေနဲ့ ကိုယ်ဝန်ယူဖို့ ဆန္ဒမရှိတော့တဲ့ သူတွေမှာ ပေးလေ့ရှိပါတယ်။ ဒီခွဲစိပ်မှုတွေကတော့ endometrial ablation ၊endometrial resction နှင့် hysterectomy လို့ခေါ်တဲ့ သားအိမ်နှင့် သားအိမ်ခေါင်းခွဲထုတ်ခြင်းတို့ ဖြစ်ကြပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက menorrhagia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် menorrhagia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ရောဂါ အခြေအနေနှင့် သင့်ရဲ့ သွေးဆင်းများခြင်း အခြေအနေကို သိနိုင်ရန် ပုံမှန်ပြန်လည် စစ်ဆေးခြင်းများ ပြုလုပ်ပါ။

• ဆရာဝန်ြွှန်ကြားချက်တွေကို လိုက်နာပါ။

• သံဓါတ်များတဲ့ အစာတွေကို စားပါ။

• သင့် တရားဝင် ဝယ်သောက်နေတဲ့ဆေးတွေ အပါအဝင် လက်ရှိသောက်လက်စဆေးတွေကို ဆရာဝန်အား ပြောပြပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement