backup og meta

ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ပြောကြပေမယ့် လူတော်တော်များများက တန်ဖိုးထားဖို့မေ့နေကြပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတော့မှနားလည်ကြတာပါ။ လူတစ်ယောက်ကျန်းမာပြီး ရောဂါကင်းနေဖို့က အခြားသူတွေလုပ်ပေးလို့မရပါဘူး ကိုယ်တိုင်လုပ်ယူရတာပါ။ နောက်တစ်ချက်က ကျန်းမာစေဖို့ ဆိုတဲ့နေရာမှာ အနေအထိုင်၊ အစားအသောက် နဲ့ နေ့စဉ်ပြုမူနေကျ အလေ့အထအားလုံးက သက်ရောက်နေတယ်ဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့ အကြောင်း ပြောပြပေးချင်ပါတယ်။

တစ်နေ့တာအတွက် အရေးပါဆုံး အချိန်အပိုင်းအခြား

တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် အင်အားပြည့်ဝစွာနဲ့ နိုးထပြီး မနက်ခင်းလေးကို အကောင်းဆုံးစတင်ဖို့လိုပါမယ်။ မနက်ခင်းကို အကောင်းဆုံး စတင်နိုင်မှုက တစ်နေ့တာလုံးမှာ အကောင်းဆုံးတွေဖြစ်လာစေဖို့ရော သင့်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုပေးနိုင်လို့ပါ။

ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့

ရှင်သန်နေချိန်တလျှောက်မှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ဆိုရင် သင့်ရဲ့ မနက်ခင်းတိုင်းကို အခုလိုမျိုး ကုန်ဆုံးကြည့်ပါ။

အိပ်ရာစောစောထပါ

wake up early

မနက်ခင်းစောစောမှာ လေထုက သန့်စင်လတ်ဆတ်နေသလို နေရောင်ခြည်နုနုလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှုကင်းပြီး ကျန်းမာနေစေဖို့အတွက် ဗီတာမင် D ပြည့်ဝစွာရရှိစေဖို့ မနက်ခင်းနေရောင်ခြည်နဲ့ အဆုတ်ကျန်းမာစေဖို့ မနက်ခင်း လေနုနုလေးကို ရှူရှိုက်ပါ။ ညဘက်ကို စောစောအိပ်လို့ မနက်ခင်းကို ၆ နာရီ နဲ့ ၆ နာရီခွဲကြားအိပ်ရာထပါ။

ရေတစ်ခွက် သောက်ပါ

drinking water

အိပ်ရာကနိုးပြီဆိုတာနဲ့ ရေတစ်ခွက်ကို ကုန်အောင် အရင်သောက်လိုက်ပါ။ ဒါက အစာအိမ်အူလမ်းကြောင်း တလျှောက်က အညစ်အကြေးတွေကို အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါ။ ဒီလိုလုပ်ပေးတာက ဝမ်းမှန်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီးသားဖြစ်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

morning exercise

ပြီးရင်တော့ အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အကြောလျှော့တာ ဖြစ်ဖြစ်၊ သွေးပူလေ့ကျင့်ခန်း ဖြစ်ဖြစ်ပေါ့။ လမ်းလျှောက်ပေးလို့လည်းရပါတယ်။ ဒါက ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းစေပြီး အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

တရားထိုင်ပါ

meditation

မနက်နေရောင်ခြည်နွေးနွေးလေးမှာ တရားထိုင်ပေးပါ။ အသက်ကို ပုံမှန်ရှုပေးပါ။ ဒီလိုလုပ်ပေးတာက တစ်နေ့တာကို စိတ်ဖိစီးမှုကင်းကင်းနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။

ရေနွေးတစ်ခွက် သောက်ပါ

hot water

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ ချွေးတွေနဲ့အတူ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားဖို့အတွက်ရော ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေဖို့အတွက်ပါ ရေနွေးနွေးလေးတစ်ခွက်လောက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်တွင်း အဆီကျစေဖို့ပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ပါ

personal hygiene

ပြီးရင်တော့ မျက်နှာသစ်၊ သွားတိုက်တာဖြစ်ဖြစ်၊ ရေချိုးတာဖြစ်ဖြစ်လုပ်ပေးပါ။ ဒါက ခန္ဓာကိုယ် ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးကိုပါ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။

မနက်စာ စားပါ

breakfast

အလုပ်အရမ်းများနေရင်တောင်မှ မနက်စာကို အလွတ်မခံပါနဲ့။ မနက်စာက တစ်နေ့တာလုံးမှာ အင်အားပြည့်ဝနေစေဖို့ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အစားအစားပါ။ ဒါကြောင့် အလုပ်များနေရင်တောင် မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုခု စားဖြစ်အောင်စားပါ။

လမ်းလျှောက်ပါ

walking

အလုပ်က သိပ်မဝေးဘူးဆိုရင် လမ်းလျှောက် သွားပါ။ ဒါက ကိုယ်လက်လှုပ်ရှားမှုတစ်ရပ် ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ထိတွေ့နိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ ဒါကြောင့် မှတ်တိုင်ကနေ ရုံးကို လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားနဲ့ဆိုလည်း ကားကို ရုံးနဲ့ နည်းနည်းလောက်အကွာမှာရပ်ပြီး လမ်းလျှောက်သွားတာမျိုးဖြစ်ဖြစ်လုပ်ပါ။

မနက်ခင်းတိုင်းကို ဒီလိုအလေ့အထလေးတွေလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး နေ့စဉ်ဘဝမှာ အမြဲတက်ကြွလန်းဆန်းနေစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

မနက်ခင်းကို ဒီအရာတွေမစတင်ပါနဲ့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement