backup og meta

ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။

ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။

ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။ ဝမ်းချုပ်တတ်တဲ့သူတွေ အတွက်တော့ဝမ်းနှုတ်ဆေးက အားကိုးရာ တစ်ခုပါ။ ဒါပေမယ့် ဝမ်းချုပ်တဲ့ အခါတိုင်း ဝမ်းနှုတ်ဆေးကိုချည်းပဲ အားကိုးနေလို့တော့ မရပါဘူး။ ဝမ်းနှုတ်ဆေးက တစ်ခဏတာကိုပဲ သက်သာစေတာဖြစ်တဲ့အတွက်ကြောင့် အစတည်းက ဝမ်းမချုပ်စေဖို့ ဝမ်းမှန်စေဖို့လိုပါတယ်။

ဒါပေမယ့် တစ်ချို့ ဝမ်းအရမ်းချုပ်ပြီး ဝမ်းနှုတ်ဆေးပုံမှန်သုံးပေးမှကို ဖြစ်တဲ့သူတွေရှိပါတယ်။ ဒီလို ဝမ်းသွားတော့မယ်ဆိုတိုင်း ဝမ်းနှုတ်ဆေး အကူအညီယူနေတာ ကောင်းရဲ့လား။ ဝမ်းနှုတ်ဆေးမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲ၊။ ဝမ်းနှုတ်ဆေး သုံးပါများရင် ဘာတွေ ပြောင်းလဲလာမလဲ ။ ။

ဝမ်းနှုတ်ဆေး ဘယ်နှစ်မျိုးရှိလဲ ။ ။

ဝမ်းနှုတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပြောဖို့ဆိုရင် ဝမ်းနှုတ်ဆေး ဘယ်နှစ်မျိုးရှိလဲဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။

ဝမ်းနှုတ်ဆေး အမျိုးအစား ၅ မျိုးရှိပါတယ်။ သူတို့ကတော့

  • Oral osmotics – သောက်ရတဲ့ ဆေးဖြစ်ပြီး အူအတွင်းက ရေတွေကို ဝမ်းထဲ ဆွဲသွင်းပေးခြင်းဖြင့် ဝမ်းပျော့အောင်လုပ်ပေးပါတယ်။
  • oral bulk formers – သောက်ဆေးအမျိုးအစားဖြစ်ပြီး ရေတွေကို စုပ်ယူလိုက်ခြင်းဖြင့် အူညှစ်အားကို ကောင်းစေကာ ဝမ်းသွားစေပါတယ်။
  • Oral stool softeners – သောက်ဆေးဖြစ်ပြီး မာနေတဲ့ စမြင်းတုံးတွေကို ပျော့သွားအောင်လုပ်ပေးတဲ့ ဝမ်းနှုတ်ဆေး အမျိုးအစားပါ။ ဝမ်းညှစ်သွားရတာကိုလည်း သက်သာစေပါတယ်။
  • Oral stimulants – သောက်ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး အူလှုပ်ရှားမှု မှန်အောင်နဲ့ အားကောင်းအောင် လုပ်ပေးပြီး ဝမ်းသွားချင်စေပါတယ်။
  • Rectal supporters – ခေါ်နေကျကတော့ ဝမ်းချူဘောလုံးပေါ့။ စအိုထဲကို ဆေးအရည်တွေ သွင်းရတာဖြစ်ပြီး ဗိုက်ကို ရစ်နာစေကာ ဝမ်းသွားချင်အောင်လုပ်ပေးပါတယ်။

ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။

ဝမ်းနှုတ်ဆေးက ဝမ်းချုပ်တဲ့သူတွေ အတွက် အားထားရတဲ့ အရာတစ်ခုဆိုပေမယ့် သူ့မှာလည်း ဆိုးကျိုးတွေ အများကြီးရှိပါတယ် ။ ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

  • Oral osmotics – ဗိုက်ကိုလေပွစေတယ်၊ ဗိုက်အောင့်စေတယ်၊ ဝမ်းလျှော စေတတ်တယ်၊ ရေငတ်ခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။
  • oral bulk formers – အူကိုညှစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် ဗိုက်ရစ်နာတာ ဗိုက်အောင့်ကျန်ခဲ့တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ဆေးနဲ့အတူ ရေများများ မသောက်မိတဲ့အခါ ဝမ်းပိုချုပ်သွားတဲ့ အနေအထားကိုတောင် ရောက်သွားနိုင်ပါတယ်။
  • Oral stool softeners – သုံးတာအရမ်းများသွားတဲ့အခါ ဝမ်းပျော့၊ ဝမ်းလျှောတာ လေနဲ့ဝမ်းနဲ့ မကွဲေတာ့တာမျိုးကိုလည်း ဖြစ်စေတတ်ပါတယ်။
  • Oral stimulants – အူလှုပ်ရှားအောင်လုပ်ပေးတဲ့ ဝမ်းနှုတ်ဆေးဖြစ်တာကြောင့် ဗိုက်အောင့် ဗိုက်ရစ်တာနဲ့ ဝမ်းလျှော ပျို့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
  • Rectal supporters – စအိုထဲ ဆေးရည်တွေ ထည့်လိုက်ရတာကြောင့် အသုံးများရင် စအိုအတွင်းနံရံတွေ ထိခိုက်တာ၊ ဗိုက်ရစ်နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဝမ်းချုပ်တာကို သက်သာစေပေမယ့် တစ်ခဏတာပဲ ဖြစ်တာကြောင့် ဝမ်းချုပ်တိုင်း ဝမ်းနှုတ်ဆေးသုံးနေလို့တော့မရပါဘူး။ ဝမ်းနှုတ်ဆေး သုံးပါများလာတဲ့အခါ အူတွေရဲ့ ပုံမှန် ညှစ်အားနဲ့ လှုပ်ရှားမှုတွေ လျော့ကျသွားပြီး ဝမ်းနှုတ်ဆေးမသုံးထားရင် ဝမ်းသွားလို့ မရတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ပိုပြီး နားလည်လွယ်အောင် ပြောရရင် အူတွေ အပျင်းထူပြီး ဝမ်းနှုတ်ဆေးသုံးဖို့ကိုပဲ အကျင့်ပါသွားတာမျိုးပေါ့ ။

ဒီတော့ ဝမ်းနှုတ်ဆေးဆိုတာ သုံးတိုင်းမကောင်းတဲ့အကြောင်း သိပြီးပြီးဆိုတော့ ပင်မပြဿနာဖြစ်တဲ့ ဝမ်းချုပ်တာကို ဖြေရှင်းဖို့၊ ဝမ်းမှန်ဖို့က အရေးအကြီးဆုံးပါ။ ဝမ်းမှန်ဖို့ဆို အမျှင်ဓါတ်များများစားပါ ။ ရေများများသောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အထိုင်မများပါနဲ့။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/10279.php

Accessed Date 28.6.2019

https://www.healthline.com/health/laxatives-side-effects#prevention

Accessed Date 28.6.2019

ယခုပုံစံ

19/12/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာခြေစနစ်အတွက် အမျှင်ဓါတ်က ဘယ်လိုအကျိုးပြုတာလဲ

ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement