backup og meta

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။

တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။

နိုင်ငံတကာမှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်း စိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် ။ ကုထုံးတွေမှာတော့

  • ဂီတကို နားဆင်ခြင်း
  • သီချင်းလိုက်ဆိုခြင်း
  • သီချင်းသံနှင့် အတူကခြင်း
  • ဂီတသံကို နားဆင်ရင်း တရားထိုင်ခြင်း
  • တူရိယာ တီးခတ်ခြင်း စသည်ဖြင့် ဂီတအမျိုးအစား ၊ သင့်စိတ်အခြေအနေကို လိုက်ပြီး ကုထုံးသုံးလေ့ ရှိပါတယ် ။

လေ့လာချက်တွေအရ မိမိကြိုက်နှစ်သက်တဲ့ နူးညံ့တဲ့ဂီတ သို့မဟုတ် ပေါက်ကွဲသံစဉ်တွေကို နားထောင်အပြီးမှာတော့

  • သောကနည်းစေခြင်း
  • စိတ်ဓါတ်ကျခြင်းကို ကုစားခြင်း
  • မှတ်ဉာဏ် ကောင်းမွန်စေခြင်း
  • သွေးတိုးကျစေခြင်း
  • နာကျင်မှု သက်သာခြင်း
  • နှလုံးနဲ့ လေဖြတ်ရောဂါ ဖြစ်နိုင်ချေ နည်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ် ။

အခုခေတ်မှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာရောဂါတွေမှာသာ ကုသရုံတင်မက ကင်ဆာဝေဒနာသည်တွေကိုပါ ရောဂါဝေဒနာသက်သာအောင် လုပ်ပေးလာကြပါတယ် ။ စိတ်သောကများတတ်သူများ ၊ စိတ်ဓါတ်ကျခြင်း ၊ အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ပြင်းပြင်းထန်ထန် ထိခိုက်ခြင်းများ ၊ သတိမေ့လျောခြင်း ၊ Autism – အော်တစ်ဇင်ကလေးငယ်များ ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ဝေဒနာသည်များ ၊ ကင်ဆာဝေဒနာရှင်များမှာ ကုထုံး အသုံးပြုတတ်ပါတယ် ။

ဂီတကုထုံးရဲ့ အကျိုးကျေးဇူးတွေက ဒါတွေတင် မဟုတ်ပါဘူး ။ သင့်နှလုံးကျန်းမာရေးအတွက် သွေးတိုးထိန်းပေးခြင်း နဲ့ သွေးတွင်းကိုလက်စထရော အဆီကျစေခြင်း တွေကြောင့် သင့်နှလုံးနဲ့ သွေးကြောရောဂါတွေကို ကာကွယ်စေတဲ့အတွက် နှလုံးသားကိုပါ ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။ ဒါ့အပြင် ညဘက်အိပ်မပျော်တဲ့ဝေဒနာသည်တွေအတွက်လည်း နူးညံ့တဲ့ဂီတသံစဉ်လေးတွေက ကောင်းကောင်း အကျိုးပြူမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – Dr.အောင်ကျော်မြင့်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ်

ကလေးမမွေးဖွားမီ သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement