သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

    ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

    စနစ်တကျတပ်ဆင်ထားမယ်၊လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓါတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။

    ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း

    ကာဗွန်မိုနောက်ဆိုဒ်ဟာ အလုံပိတ်နေရာတစ်ခုအတွင်းမှာဆိုရင် လူတွေကိုသေစေနိုင်တဲ့အထိပြင်းထန်တဲ့ အရောင်မဲ့၊အနံ့မဲ့တဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂက်စ်မီးဖိုအသုံးပြုချက်ပြုတ်နေတယ်ဆိုရင် မီးဖိုခန်းနဲ့အိမ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။

    ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကပြင်ပလေထုအတွက် လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်းချက်ပြုတ်ရတာ ပုံမှန်ထက်ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ်ပိုစိတ်ပူရတာပါ။

    တခြားအဆိပ်ဓါတ်ငွေ့များ

    ဂက်စ်မီးဖိုကို တပ်ဆင်မှုစနစ်မကျရင်၊လေထွက်ပေါက်မရှိရင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ဖော်မယ်လ်ဒီဟိုက်တို့လို အဆိပ်ဓါတ်ငွေ့တွေကိုရှူရှိုက်ရပါလိမ့်မယ်။လေထွက်ပေါက်တပ်ဆင်ထားရင်တော့ အဆိပ်ဓါတ်ငွေ့ထိတွေ့မှုကိုလျော့နည်းစေပါလိမ့်မယ်။

    ဂက်စ်ယိုစိမ့်မှု

    ဂက်စ်ပိုက်ပေါက်နေမယ်ဆို အိမ်ထဲမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မတော်တဆ မီးလောင်စေနိုင်ပါတယ်။ ချို့ယွင်းနေတဲ့နေရာ ရှိမရှိကို အမြဲစစ်ဆေး၊ပြင်ဆင်သင့်ပါတယ်။ အိမ်ထဲမှာ ဂက်စ်နံ့ရနေမယ်၊ ယိုစိမ့်နေပြီလို့သံသယရှိနေတယ်ဆို မီးဖိုနဲ့ ဂက်စ်အိုးကို တတ်ကျွမ်းသူခေါ်ပြီး စစ်ဆေးပါ။ မပေါ့ဆသင့်တဲ့ အိမ်သုံးပစ္စည်းထဲမှာ ဂက်စ်မီးဖိုတွေက ထိပ်ဆုံးကပါဝင်ပါတယ်။

    အန္တရာယ်နည်းအောင်ဘယ်လိုလုပ်ရမလဲ

    • ဂက်စ်မီးဖိုသုံးပြီး ချက်ပြုတ်နေတဲ့အခါ အိမ်ရှေ့ပိုင်းမှာ(မီးဖိုနဲ့အဝေးမှာ) ပန်ကာဖွင့်ထားပါ။ သို့မဟုတ်လေဝင်လေထွက်ကောင်းအောင်လုပ်ထားပါ။ ဥပမာပြတင်းပေါက်ဖွင့်ထားတာမျိုး။
    • မီးတောက်ကပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကိုသေချာစစ်ဆေးဖို့လိုနေပါပြီ။
    • ဂက်စ်မီးဖိုနဲ့ ဂက်စ်အိုးရဲ့အခြေအနေကို စနစ်တကျ ပုံမှန်စစ်ဆေးသင့်ပါတယ်။
    • မီးဖိုအတွင်းမှာ အလူမီနီယမ်ခွေနဲ့ မသုံးပါနဲ့။
    • အရည်အသွေးစိတ်ချရတဲ့ မီးဖိုနဲ့ဂက်စ်အိုးတွေကိုပဲသုံးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 18/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။