backup og meta

ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေလား

မျက်နှာပေါ်က မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တွေကို နှင်ထုတ်လိုက်ပေမယ့် သူတို့ချန်ခဲ့တဲ့ခြေရာလက်ရာတွေကကျန်နေသေးတယ်နော်။ မလိုချင်ပါဘူးဆိုအတင်းပေးခဲ့တာမျိုးလေ။ ကိုယ်က သူတို့ကို ရန်စမိတာကိုး။ ဝက်ခြံြဖစ်လာရင် ညှစ်တာ၊ ကုတ်ဖဲ့တာတွေလုပ်တတ်ကြတာကိုး။ ဒီလိုလုပ်လိုက်ရမှ အားရတာလေ။ ဒီလိုလုပ်လိုက်တော့နောက်ဆက်တွဲအနေနဲ့ကမလိုချင်တဲ့ လက်ဆောင်ကို ထပ်ရလိုက်သေးတာပေါ့။ အသားအရေလေးကို ကြည်ကြည်လင်လင်လေးလှချင်ပါတယ်ဆိုမှ မျက်နှာပေါ်မှာ ဝက်ခြံအမာရွတ်တွေရှိနေတာကတော်တော်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါနော်။ ဒီတော့ စဉ်းစားမိတာက ဝက်ခြံအမာရွတ်တွေကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာပေါ့။ စဉ်းစားမနေနဲတော့ လက်တွေ့လုပ်ကြည့်ရအောင်လား။

ဝက်ခြံအမာရွတ်ကင်းတဲ့ အသားအရေပိုင်ရှင်လေးဖြစ်စေဖို့

မျက်နှာသစ်ပြီးရင် ဘာမှထပ်မလိမ်းဘဲနဲ့တောင် အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကဖြစ်ချင်နေတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာပါနော်။

ပျားရည်

စားလို့ရသလို အရေပြားမှာလူးပေးလို့လည်းရပါတယ်နော်။ ဝက်ခြံအမာရွတ်တင်မကပါဘူး။ အပူလောင်နာနဲ့အနာအမာရွတ်တွေကိုပါသက်သာစေနိုင်တာပါနော်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံပေါက်နေရင်တောင်လူးလို့ရပါတယ်။ ဝက်ခြံကို ပိုးဝင်တာကြောင့်ရောင်ရမ်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်။ တစ်နေ့တစ်ခါပုံမှန်လူးပေးမယ်ဆိုရင် လအနည်းငယ်ကြာတဲ့အခါ ဝက်ခြံအမာရွတ်တွေ ကင်းစင်သွားမှာသေချာပါတယ်။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည်ကို ခပ်ပါးပါးလေးလူးပေးရုံပါနော်။

ရှားစောင်းလက်ပပ်

အသားအရေကောင်းဖို့ အသုံးဝင်တယ်လို့ လူသိများတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။ ဝက်ခြံတွေကိုမြန်မြန်သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကင်းလို့ အသားလေးကြည်လင်စေဖို့လည်း တာဝန်ယူဆောင်ရွက်ပေးပါသေးတယ်နော်။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်ဂျယ်လီသားကို တိုက်ရိုက်ပွတ်ပြီးသုံးပေးလို့ရပါတယ်။

သံပရိုရည်က ဝြက်ခံအမာရွတ်တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်နော်။ သံပရိုရည်အသုံးပြုဖို့ဆိုရင် မျက်နှာကိုအရင်ဆုံးသန့်စင်ရပါမယ်။ပြီးရင် ဝက်ခြံအမာရွတ်ရှိတဲ့နေရာတွေကို ဂွမ်းစလေးနဲ့တို့ပြီးလူးပေးရပါမယ်။ ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းဖျော့လာစေပြီးနောက်ဆုံးမှာ သက်သာသွားပါလိမ့်မယ်နော်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အမာရွတ်တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေ နဲ့ ကာရိုတီးနွိုက်တို့ပါဝင်နေတာကြောင့် အသားအရောင်မညီတာတွေကို သက်သာစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် ပျက်စီးသွားတဲ့ တစ်ရှုးတွေကို သက်သာစေနိုင်ပြီး ကျန်မာတဲ့ ဆဲလ်အသစ်တွေကိုဖြစ်စေနိုင်ပါတယ်။

သခွားရည်

သဘာဝတိုနာပါ။ အရေပြားကိုအေးမြလန်းဆန်းစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးစေပြီး အသားအရေကိုချောမွေ့စေပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

လက်ဖက်ဆီ

ဝက်ခြံတွေကို သက်သာစေတဲ့ အိမ်တွင်းကုထုံးတစ်ခုပေါ့။ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေကိုမြန်မြန်သက်သာစေနိုင်ပြီး ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ရာမဝင်ခင်မှာ မျက်နှာကိုသေချာလေးသန့်စင်ပြီး လက်ဖက်ဆီကို ခပ်ပါးပါးလေးလူးပေးပါ။

ကြက်ဥအကာ

ကြက်ဥအကာက အလွယ်တကူရနိုင်တဲ့ ဝက်ခြံကုထုံးတစ်ခုပါ။ ဝက်ခြံကိုရော ဝက်ခြံအမာရွတ်ကိုပါ သက်သာစေနိုင်တာပါ။ ကြက်သအကာကို ဂွမ်းစလေးနဲ့ တို့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပေါ်မှာလူးပေးပါ။ ညမအိပ်ခင်လူးအိပ်တာကထိရောက်မှုပိုကောင်းပါတယ်။ ပရိုတင်းများစွာပါဝင်တာကြောင့် အသားအရေကို အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။ အနာကျက်ြမန်စေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေဖို့ ကြက်ဥအကာကို သုံးလို့ရပါတယ်နော်။

ဝက်ခြံအမာရွတ်တွေက တစ်ရက်နှစ်ရက်နဲ့ပျောက်သွားတာမျိုးမဟုတ်တော့ အချိန်တော့ပေးရပါမယ်နော်။ ဒါကြောင့် စိတ်ရှည်လက်ရှည်နဲ့ သေချာလေးဂရုစိုက်ဖို့တော့လိုအပ်ပါမယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

16 Effective Ways To Remove Acne Scarshttps://www.organicfacts.net/home-remedies/home-remedies-for-acne-scars.html Accessed Date 25 March 2019

5 Natural Products to Get Rid of Acne Scarshttps://www.healthline.com/health/beauty-skin-care/natural-products-for-acne-scars#1 Accessed Date 25 March 2019

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement