ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား……
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား……
ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အသုပ်တွေ။ မုန့်ဟင်းခါးတွေထဲထည့်စားလေ့ရှိတဲ့ ပူဒီနံပါ။
ပူရှိန်းရှိန်း၊ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ပူဒီနံရွက်လေးက
ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ဆိုရင် ပူဒီနံရွက်လေးကိုအခုလိုတွေ အသုံးပြုလို့ရပါတယ်။
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါ။
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရေသန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
နေ့စဉ် လုပ်ပေးလို့ရပါတယ်။
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် rose water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် သံလွင်ဆီလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်စာ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
တစ်ပတ်တစ်ကြိမ် လုပ်ပေးရုံပါ။
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်၊ ပင်စိမ်း ၁၀ ရွက် ကနေ ၁၂ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရှားစောင်းလက်ပပ် အနှစ်လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။
ဒီလိုလေးတွေလုပ်ပေးတာက အသားအရေပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမှာပါ။ ဒါပေမယ့် ကိုယ်က ပူဒီနံ သုံးပြီး မျက်နှာမှာ နီရဲစပ်ဖျင်းတာတွေ ဖြစ်လာရင်၊ ဓာတ်မတည့်တဲ့ ပြဿနာ ခံစားရရင်၊ နဂိုအရေပြားပြဿနာတွေ ပိုဆိုးလာရင် ဆက်မသုံးဖို့ သတိပေးလိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။