backup og meta

ချစ်ခြင်းမေတ္တာတရားရဲ့ သင်္ကေတ အောက်စီတိုစင်ဟော်မုန်း


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခြင်းမေတ္တာတရားရဲ့ သင်္ကေတ အောက်စီတိုစင်ဟော်မုန်း

    ကမ္ဘာပေါ်မှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ချစ်နေကြတာပါပဲ။ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေသူငယ်ချင်း၊ တစ်ခါမှ မဖြစ်ဖူးတဲ့ သူစိမ်းနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ချစ်ခင်နှစ်သက်စိတ်တွေ ဖြစ်လာတဲ့ အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့်ပဲ ကျွန်တော်တို့တွေဟာ ပိုပြီး ယုံကြည်လာကြတယ်၊ ကရုဏာတရား ထားလာကြတယ်၊ လောကကြီးကို ပိုပြီးအကောင်းမြင်လာတယ်၊ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်လာကြတယ်၊ အသက်ရှည်ရှည် နေထိုင်ဖို့ အားရှိလာတယ်။ ဒါတွေအားလုံးဟာ ချစ်ခြင်းမေတ္တာတရားရဲ့ စွမ်းအင်တွေပါပဲ။ ဒီနေရာမှာ ဒီလိုချစ်ခြင်းမေတ္တာတွေကို ဖြစ်စေတဲ့ အောက်စီတိုစင်ဟော်မုန်းအကြောင်း ပြောပြပေးချင်ပါတယ်။

    ၁။ အောက်စီတိုစင်ဟော်မုန်းနှင့် ချစ်ခြင်းမေတ္တာ ဆက်စပ်မှု

    လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချစ်သစ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကိုယ်ခန္ဓါကနေ အောက်စီတိုစင် ဟော်မုန်းတွေ များစွာ ထုတ်လွှတ်ပေးပါတယ်။ အထူးသဖြင့် ချစ်ကြိုက်ကာစ စုံတွဲတွေမှာ အောက်စီတိုစင်ဟော်မုန်း ထွက်ရှိတဲ့ ပမာဏက အများဆုံးပါပဲ။ ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူ ချစ်တင်းနှောနေတဲ့အခါမှာပါ အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပြီး လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်စေဖို့ လွယ်ကူပြီး ပိုကောင်းတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။

    အောက်စီတိုစင်ဟော်မုန်းဟာ ချစ်ခြင်းမေတ္တာတရားကိုသာမက

  • ယုံကြည်မှု
  • ကိုယ်ချစ်ရတဲ့သူကိုပဲ ငေးမောကြည့်လိုစိတ်
  • ကရုဏာတရား
  • ချစ်သူနှစ်ဦးကြား ကြည်နူးဖွယ် အမှတ်တရတွေ
  • လွမ်းမောတမ်းတစိတ်
  • မဖောက်ပြန်တဲ့ သစ္စာစောင့်သိလိုစိတ်
  • အကောင်းမြင်စိတ်
  • သံယောဇဉ်တွယ်လာခြင်းတွေ ဖြစ်စေပါတယ်။
  • ၂။ အောက်စီတိုစင်ဟော်မုန်း ဆိုတာ ဘာလဲ။

    ဦးနှောက်အာရုံကြောကနေ အချက်ပြစနစ်အနေနဲ့ ထွက်ရှိလာတဲ့ ဟော်မုန်းဖြစ်ပြီး မျိုးပွားခြင်းလုပ်ငန်းစဉ်မှာ အရေးပါတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အောက်စီတိုစင်ဟော်မုန်းဟာ မီးဖွားခြင်းနဲ့ မိခင်နို့ရည်ကို ဖြစ်စေတယ်။ အမျိုးသားတွေမှာတော့ သုက်ပိုးကောင်လေးတွေ လျင်မြန်စွာ ရွေ့လျားသွားလာနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    ၃။ ကိုယ်ခန္ဓါရဲ့ ဘယ်အစိတ်အပိုင်းက ဒီဟော်မုန်းကို ထုတ်လွှတ်ပေးလဲ။

    ဦးနှောက်အောက်ခြေနားက ဟိုက်ပိုသလမက်စ် (Hypothalamus) လို့ခေါ်တဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးကနေ ထွက်လာပြီး အနီးအနားမှာရှိတဲ့ အဆီအကျိတ် ဂလန်း (Pituitary Gland) ကနေ သဘာဝအတိုင်း ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းဖြစ်ပါတယ်။

    ၄။ ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်း ဘယ်နှစ်မျိုးရှိလဲ။

    အောက်စီတိုစင် (Oxytocin) ၊ ဒိုပါမင် (Dopamine) ၊ ဆီရိုတိုနင် (Serotonin) ဟော်မုန်းတွေကို ပျော်ရွှင်ြခင်းရဲ့ သင်္ကေတဟော်မုန်းအဖြစ် သတ်မှတ်ထားပါတယ်။ လူတစ်ဦးတစ်ယောက်ကို စိတ်ဝင်စားလာတဲ့အခါ ဦးနှောက်က ဒိုပါမင်ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ တစ်ဆက်တည်းမှာပဲ ဆီရိုတိုနင် နဲ့ အောက်စီတိုစင်ဟော်မုန်းက ပိုများလာပြီး အဲ့ဒီသူပေါ်မှာ ချစ်ခြင်းမေတ္တာတရားတွေကို စတင်မွေးဖွားသန့်စင်စေပါတယ်။

    ၅။ စိတ်နဲ့ ခန္ဓါကို ဘယ်လိုကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်စေလဲ။

    ချစ်ခြင်းမေတ္တာကို ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်လက်ပေါ့ပါးမှုတွေ၊ လန်းဆန်းတက်ကြွမှုတွေ၊ အကောင်းမြင်စိတ်တွေအပြင် စိတ်ကျန်းမာရေး အလုံးစုံကို တိုးတက်ကောင်းမွန်လာစေပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေလို့ လူကို အရင်ကထက်ပိုပြီး ကျန်းမာတက်ကြွလာစေပါတယ်။ လူသားချင်း စာနာနားလည်မှု၊ ကရုဏာသက်မှုတွေ၊ ရိုင်းပင်းကူညီလိုစိတ်တွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။

    ၆။ အောက်စီတိုစင်ဟော်မုန်းနှင့် မိခင်ဘဝ

    မီးဖွားခါနီး အချိန်၊ မိခင်နို့တိုက်စဉ်၊ သားသမီးနဲ့ မိခင်ကြား သံယောဇဉ် တိုးလာစေဖို့ ကူညီပေးပါတယ်။ မိခင်နို့ရည် ဖြစ်တည်မှုမှာလည်း အောက်စီတိုစင်ဟော်မုန်းဟာ အလွန်အရေးပါပါတယ်။ ကလေးမွေးဖွားပြီး မိခင်တစ်ယောက်မှာ ဟော်မုန်းပမာဏ များစွာ ထွက်ရှိနေတဲ့အတွက် ကိုယ့်ရဲ့ ကလေးကို တယုတယ ထိလိုစိတ်၊ တွေ့မြင်လိုစိတ်၊ ချော့မြူလိုစိတ်၊ ကြင်နာစိတ်တွေ ပိုပြီး တိုးလာစေပါတယ်။

    ၇။ ဖခင်တွေနဲ့ ကလေးကြား သံယောဇဉ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။

    သံယောဇဉ် မေတ္တာတွေ များလာတာနဲ့အမျှ မိဘမေတ္တာ ပြည့်ဝစွာ ရပြီး ကြီးပြင်းလာခဲ့တဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီး စိတ်ပျော်ရွှင်တယ်၊ စူးစမ်းလေ့လာလိုစိတ် ပိုများတယ်၊ တီထွင်ကြံဆလိုတဲ့ ဉာဏ် ထက်မြက်စေတယ်၊ ပညာရေးနဲ့ ဦးဆောင်မှုပိုင်းမှာလည်း ကလေးကို ကူညီထိန်းကျောင်းပေးပါတယ်။

    ၈။ ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိခြင်း

    လူတစ်ယောက်ကို စိတ်ထဲကနေ အမှန်စင်စစ် ချစ်မိသွားတဲ့အခါ သူကလွဲပြီး တခြားဘယ်သူဘယ်ဝါကမှ သူ့စိတ်ထဲ နေရာယူလွှမ်းမိုးထားနိုင်ခြင်း မရှိပါဘူး။ ကိုယ်ချစ်ရသူနဲ့ လိင်ဆက်ဆံတဲ့အခါ ပိုပြီး စိတ်ကျေနပ်အားရမှု၊ ဆန္ဒအထွတ်အထိပ် ရောက်မှု ပိုမြှင့်တင်ပေးနိုင်ပြီး နှစ်ဦးကြား သံယောဇဉ်ကိုလည်း ပိုပြီး ခိုင်မာလာစေပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement