၄။ ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်း ဘယ်နှစ်မျိုးရှိလဲ။
အောက်စီတိုစင် (Oxytocin) ၊ ဒိုပါမင် (Dopamine) ၊ ဆီရိုတိုနင် (Serotonin) ဟော်မုန်းတွေကို ပျော်ရွှင်ြခင်းရဲ့ သင်္ကေတဟော်မုန်းအဖြစ် သတ်မှတ်ထားပါတယ်။ လူတစ်ဦးတစ်ယောက်ကို စိတ်ဝင်စားလာတဲ့အခါ ဦးနှောက်က ဒိုပါမင်ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ တစ်ဆက်တည်းမှာပဲ ဆီရိုတိုနင် နဲ့ အောက်စီတိုစင်ဟော်မုန်းက ပိုများလာပြီး အဲ့ဒီသူပေါ်မှာ ချစ်ခြင်းမေတ္တာတရားတွေကို စတင်မွေးဖွားသန့်စင်စေပါတယ်။
၅။ စိတ်နဲ့ ခန္ဓါကို ဘယ်လိုကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်စေလဲ။
ချစ်ခြင်းမေတ္တာကို ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်လက်ပေါ့ပါးမှုတွေ၊ လန်းဆန်းတက်ကြွမှုတွေ၊ အကောင်းမြင်စိတ်တွေအပြင် စိတ်ကျန်းမာရေး အလုံးစုံကို တိုးတက်ကောင်းမွန်လာစေပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေလို့ လူကို အရင်ကထက်ပိုပြီး ကျန်းမာတက်ကြွလာစေပါတယ်။ လူသားချင်း စာနာနားလည်မှု၊ ကရုဏာသက်မှုတွေ၊ ရိုင်းပင်းကူညီလိုစိတ်တွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။
၆။ အောက်စီတိုစင်ဟော်မုန်းနှင့် မိခင်ဘဝ
မီးဖွားခါနီး အချိန်၊ မိခင်နို့တိုက်စဉ်၊ သားသမီးနဲ့ မိခင်ကြား သံယောဇဉ် တိုးလာစေဖို့ ကူညီပေးပါတယ်။ မိခင်နို့ရည် ဖြစ်တည်မှုမှာလည်း အောက်စီတိုစင်ဟော်မုန်းဟာ အလွန်အရေးပါပါတယ်။ ကလေးမွေးဖွားပြီး မိခင်တစ်ယောက်မှာ ဟော်မုန်းပမာဏ များစွာ ထွက်ရှိနေတဲ့အတွက် ကိုယ့်ရဲ့ ကလေးကို တယုတယ ထိလိုစိတ်၊ တွေ့မြင်လိုစိတ်၊ ချော့မြူလိုစိတ်၊ ကြင်နာစိတ်တွေ ပိုပြီး တိုးလာစေပါတယ်။
၇။ ဖခင်တွေနဲ့ ကလေးကြား သံယောဇဉ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။
သံယောဇဉ် မေတ္တာတွေ များလာတာနဲ့အမျှ မိဘမေတ္တာ ပြည့်ဝစွာ ရပြီး ကြီးပြင်းလာခဲ့တဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီး စိတ်ပျော်ရွှင်တယ်၊ စူးစမ်းလေ့လာလိုစိတ် ပိုများတယ်၊ တီထွင်ကြံဆလိုတဲ့ ဉာဏ် ထက်မြက်စေတယ်၊ ပညာရေးနဲ့ ဦးဆောင်မှုပိုင်းမှာလည်း ကလေးကို ကူညီထိန်းကျောင်းပေးပါတယ်။
၈။ ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိခြင်း
လူတစ်ယောက်ကို စိတ်ထဲကနေ အမှန်စင်စစ် ချစ်မိသွားတဲ့အခါ သူကလွဲပြီး တခြားဘယ်သူဘယ်ဝါကမှ သူ့စိတ်ထဲ နေရာယူလွှမ်းမိုးထားနိုင်ခြင်း မရှိပါဘူး။ ကိုယ်ချစ်ရသူနဲ့ လိင်ဆက်ဆံတဲ့အခါ ပိုပြီး စိတ်ကျေနပ်အားရမှု၊ ဆန္ဒအထွတ်အထိပ် ရောက်မှု ပိုမြှင့်တင်ပေးနိုင်ပြီး နှစ်ဦးကြား သံယောဇဉ်ကိုလည်း ပိုပြီး ခိုင်မာလာစေပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။