backup og meta

စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ

စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ

လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ဝါသနာတွေဟာ ကိုယ့်ကို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေတယ်ဆိုတာ သင်သိပါသလား။ ကဲ ကိုယ့်ရဲ့ စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ က ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရအောင် ။ ။

စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ

စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ ကတော့ –

  • စာဖတ်ခြင်း

ဒါကတော့ အထွေအထူး ပြောနေစရာ မလိုတဲ့အရာတစ်ခုပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတော့ အချိန်ရှိတိုင်း စာအုပ်နဲ့ပဲ အချိန်ဖြုန်းနေတဲ့သူတွေ၊ စာဖတ်ဝါသနာထုံတဲ့သူတွေဟာ သူများတွေထက် အသိဉာဏ်၊ ဗဟုသုတကြွယ်ဝတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

စာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတွေးခေါ် ဆင်ခြင်မယ်၊ အသစ်အသစ်သောအရာတွေကို လည်း စာဖတ်ခြင်းကနေ သင်ယူနိုင်တာကြော့င့် စာဖတ်ခြင်းဝါသနာဟာ သင့်ဦးနှောက်ကို ထက်မြက်စေတဲ့ ဝါသနာတစ်ခုပါ။

  • တရားထိုင်ခြင်း

စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ဖို့ အကောင်းဆုံးနည်းဟာ တရားထိုင်ခြင်းက လွဲလို့ အခြားမရှိပါဘူး။ ရှုပ်ထွေးနေတဲ့စိတ်ကို တည်ငြိမ်အောင်၊ အာရုံစူးစိုက်မှု ပိုကောင်းအောင် တရားထိုင်ခြင်းကသာ စွမ်းဆောင်ပေးနိုင်တာကြောင့် သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို သူမတူအောင် ထက်မြက်စေမှာပါ။

  • တူရိယာတစ်ခုခု တီးခတ်ခြင်း 

ဂီတနဲ့ အနုပညာဆိုတာ လူတိုင်းရဲ့ စိတ်နှလုံးကို နူးညံ့စေပြီး သင့်ဦးနှောက်ကို အမြဲ လန်းဆန်းနေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ဂီတကြောင့် သင့်တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာစေပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းအားလုံးကို တစ်သွေးတည်း တစ်သားတည်းစီးမျောစေနိုင်တာလည်း ဂီတပါပဲ ။ ။

  • လေ့ကျင့်ခန်းလုပ်ခြင်း

တချို့လူတွေရှိပါတယ်။ ရုပ်ရှင်မကြည့်ရရင်သာ နေမယ်။ Gym တော့ မသွားဘဲ မနေနိုင်တဲ့သူတွေ။ ကျန်းမာရေးအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားလုပ်တာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုမှာ လိုက်စားတာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တာကြောင့် သွေးလည်ပတ်မှုကောင်းသွားပြီး ဦးနှောက်ဆီကိုလည်း သွေးတွေလုံလောက်စွာရောက်တာကြောင့် ဦးနှောက် ဆဲလ်တွေ အောက်ဆီဂျင် လုံလောက်စွာ မရတဲ့ ပြဿနာတွေ ကနေ ကင်းဝေးစေပါတယ်။

ကိုယ့်ဘာသာစကားတင်မဟုတ် အခြားနိုင်ငံတွေကပြောတဲ့ ဘာသာစကားကို လိုက်ပြောနိုင်တဲ့သူကိုမှ ထက်မြက် စမတ်ကျတဲ့သူလို့ မခေါ်ရင် ဘယ်သူ့ကို သွားခေါ်မလဲနော်။ အသစ်အသစ်သော အရာတွေကို မှတ်လေလေ ဦးနှောက်က ပိုပြီး ထက်မြက်လေလေပါပဲ။

  • ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေ ကစားတာ။

ကလေးငယ်ငယ်လေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ဆိုပြီး မိဘတွေက ပဟေဠိဖွက်တမ်းတွေ၊ ဆူဒိုခု ကစားနည်းတွေ၊ စကားလုံးဆက်တဲ့ ကစားနည်းတွေ ကစားခိုင်းတာ အားလုံး သိကြပါတယ်။ ဒီလိုပါပဲ။ ကလေးငယ်ငယ်လေးတင် မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် သင့်ဦးနှောက် ထုံထိုင်းမနေစေဖို့ ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေ ကစားပေးသင့်ပါတယ်။

  • ခရီးသွားခြင်း 

ခရီးသွားရတာကို နှစ်သက်တဲ့သူတွေဟာ အခြားသူတွေထက် ဒေသန္တရ ဗဟုသုတတွေ ကြွယ်ဝတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာရော၊ ပြဿနာကို ဖြေရှင်းတဲ့ အပိုင်းမှာရော ထက်မြက်နေတဲ့သူတွေပါ။ ခရီးသွားခြင်းဟာ သင့်ကို စိတ်လန်းဆန်းမှုပေးစွမ်းနိုင်မယ့် အပြင် အပေါင်းအသင်း အသစ်တွေလည်းရစေတဲ့ ကောင်းလွန်းလှတဲ့ ဝါသနာတစ်ခုပါ။

ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမြဲတမ်း စမတ်ကျထက်မြက်တဲ့သူဖြစ်ချင်ရင် အမြဲတမ်း အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူနေပါ။ ကိုယ့်ဝါသနာတွေကို ဆက်ထိန်းသိမ်းပါ။ ကိုယ့်မှာ ဝါသနာ မယ်မယ် ရရ မရှိဘူးဆိုရင် အပေါ်မှာပြောထားတဲ့ ဝါသနာတစ်ခုခုကို စပြီး မွေးမြူပေးပါ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.msn.com/en-us/health/wellness/research-shows-that-these-7-hobbies-will-make-you-smarter/ar-AAdNLmZ#page=7 Accessed date 23.1.2019

https://hobbyhelp.com/inspiration/hobbies-that-will-make-you-smarter/Accessed date 23.1.2019

https://www.entrepreneur.com/slideshow/306645Accessed date 23.1.2019

ယခုပုံစံ

29/02/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မူလတန်းအရွယ်မှာကလေးငယ်ကို ထူးချွန်ထက်မြက်စေမယ့် နည်းလမ်း (၁၀)ခု

အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 29/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement