backup og meta

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

ကြက်ဥတစ်လုံးမှာ ကြက်ဥအကာ နဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

ကြက်ဥအကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥအကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ ရှိတာပါလိမ့်။

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓာတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

အနှစ်ထက်စာရင် အကာမှာ ပရိုတင်းတွေ ကြွယ်ဝစွာပါတာကြောင့် ကြွက်သားတည်ဆောက်နေတဲ့သူတွေ တကယ်ကိုစားသင့်တဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် ကိုယ်အလေးချိန် ကျအောင် ကြိုးစားနေတဲ့သူတွေ လည်း အဆီတွေ ပါတဲ့ အနှစ်မစားဘဲ ပရိုတင်းတွေ သာပါတဲ့ ကြက်ဥအကာ ကိုစားပေးရင် ကိုယ်အလေးချိန် လျော့ကျသွားမယ့်အပြင် တစ်နေ့လုံးအတွက်လည်း အဆာခံစေပါတယ်။

ကြက်ဥအကာမှာ ကယ်လိုရီ ၂၅ လောက်သာပါတာကြောင့် ဝိတ်တက်မှာစိုးတဲ့မမတွေ အတွက် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုနော်။

  • သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ 

ကြက်ဥအကာ မှာပါတဲ့ ပိုတက်ဆီယမ် ကြောင့် တက်နေတဲ့ သွေးပေါင်ချိန်တွေ ပြန်ကျသွားမယ့်အပြင် သွေးပေါင်ချိန်ကို လည်း ပုံမှန် အတိုင်းပဲ ရှိနေအောင် ထိန်းညှိပေးပါတယ်။ ကြက်ဥ အကာထဲမှာပါတဲ့ RVPSL လို့ခေါ်တဲ့ peptide ကလည်း သင့်သွေးပေါင်ချိန်ကို ပုံမှန် အတွင်းမှာရှိနေအောင် ထိန်းပေးထားဦးမှာပါ။

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

  • နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ 

သွေးကြောတွေ ကို ပြေလျော့စေတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးလည်ပတ်မှုပါကောင်းစေတာကြောင့် သွေးခဲခြင်းကိုပါ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

  • ဗီတာမင်တွေ ကြွယ်ဝစွာပါပါတယ်။

ဗီတာမင် A, ဗီတာမင် B 12 , ဗီတာမင် D နဲ့ အသက်ကြီးရင် ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတတ်တာကို ထိပ်ဆုံးက ကာကွယ်ပေးတဲ့ ဗီတာမင် B2 တို့ပါတဲ့အပြင် အသက်ရွယ်ကြီးလာတာကြောင့် ဖြစ်တဲ့ အမြင်အာရုံ ဆုံးရှုံးခြင်းနှင့် မျက်လုံး တိမ်စွဲတာတွေကိုလည်း ကြက်ဥအကာက ကာကွယ်ပေးပါတယ်။

ဒီတော့ ကြက်ဥအကာ စားလိုက်တာနဲ့တင် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အကုန်ရမှာနော်။ ကယ်လိုရီနည်းတဲ့အပြင် အဆီမပါဘဲ ပရိုတင်းတွေပဲ ပါတာကြောင့် လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်နေတဲ့ သူတွေအတွက် ကြက်ဥအကာက တကယ်ကို အားထားသင့်တဲ့ စားစရာတစ်ခုပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://food.ndtv.com/health/benefits-of-egg-whites-from-reducing-blood-pressure-to-inducing-weight-loss-and-more-1812757 Accessed Date 18.1.2019

https://www.healthline.com/nutrition/egg-whites-nutrition#fat-and-cholesterolAccessed Date 18.1.2019

ယခုပုံစံ

07/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။

ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ