ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။
ဘာတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတာလဲ
ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းက အတိအကျ မရှိပါဘူး။ ဒါပေမဲ့ ပိုဆိုးစေတဲ့ အချက်တွေကတော့
- စိတ်ဖိစီးတာ
- အိပ်ရေးပျက်တာ
- ချောကလက်
- အရက်
- သောက်သုံးနေရတဲ့ ဆေးဝါးအချို့ကြောင့် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။