လက်တွေကို သင့်ဘေးနားပဲ ကပ်ထားလို့လည်းရသလို အရှေ့ကိုဆန့်ထုတ်ထားလို့လည်းရပါတယ် (ဆုတောင်းသလိုပါပဲ)။ ပုခုံးကြွက်သားတွေကို ပိုဆန့်ထုတ်လိုက်ပြီး လက်မတွေကိုတော့ သင့်နောက်မှာ ပူးထားလိုက်ပါ။
၃။ Forward bend pose
ဒီမှာတော့ သင့်ခန္ဓါကိုယ်ကို ပိုပြီးကွေးညွတ်ဖို့လိုပါလိမ့်မယ်။ မတ်တပ်ရပ်နေတယ်ဆိုရင်တော့ ခြေမကို လက်တွေနဲ့ ထိနိုင်သည်အထိ ခါးကနေ ဖြည်းဖြည်းချင်း ကွေးချလိုက်ပါ။ သန္ဓေသားတွေရဲ့ အနေအထားအတိုင်း ဗိုက်က ကွေးကျသွားတာကို သတိပြုပါ။ ဒါဟာ ရာသီလာစဉ်ကိုက်ခဲတာတွေကို သက်သာစေနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီအနေအထားမှာတော့ အရေးကြီးတာက အသက်ရှူတာကို ပုံမှန်လုပ်ဖို့နဲ့ မူးဝေခြင်းရှိမရှိ သတိပြုဖို့ပါ။ သွေးတွေက ခေါင်းပေါ်အရှိန်နဲ့စီးသွားတာကြောင့် မူးတာမျိုးဖြစ်နိုင်ပါတယ်။
ဒီအနေအထားကနေ အန္တရာယ်မရှိဘဲ ဖြေလျော့နိုင်ဖို့ အသက်ကို ရှူထုတ်ပြီး ပြန်ရှူသွင်းလိုက်တဲ့အချိန်မှာ ခန္ဓါကိုယ်ကို ခါးကနေ ပြန်မတင်ပါ။ လက်နှစ်ဘက်လုံးကလည်း ပြန်လိုက်လာပြီး ကိုယ်ဘေးမှာကပ်လို့ မတ်တပ်ရပ်အနေအထားကို ပြန်ယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။