ယောဂကစားဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ မလှုပ်ရှားနိုင်တဲ့သူတွေ ရွေးချယ်နိုင်ဖို့ ယောဂလိုပဲ အလားတူ အကြောပြေလျော့စေမယ့် နည်းလမ်းတစ်ခု ရှိသေးတယ်။ အလုပ်လုပ်ရင်း၊ ထိုင်နေရင်း ဒါမှမဟုတ် ခဏနားချိန်အတွင်း ခန္ဓာကိုယ်မှာ လိုတဲ့နေရာ အကြောလျှော့ပေးနိုင်တဲ့ အနှိပ်စက်တွေပါပဲ။
အနှိပ်စက် (massaging machines)တွေ ဆိုတာ ဇက်ကြော၊ ခါး၊ကျောနဲ့ပေါင် ကြိုက်တဲ့နေရာနှိပ်လို့ရတဲ့ လျှပ်စစ်သုံး လက်ကိုင်အနှိပ်စက်တွေ ဈေးကွက်မှာ အစုံအလင် ရှိသလို တစ်ကိုယ်လုံး အနှိပ်ခံလို့ရတဲ့ အနှိပ်စက်ထိုင်ခုံတွေလည်း ပါဝင်ပါတယ်။
ခြေထောက်နှိပ်စက်ဆိုလည်း အာရုံကြောအစုံရှိတဲ့ ခြေဖဝါး၊ ခြေသလုံး၊ ခြေထောက်နှစ်ဘက်လုံးကို မိနစ်ပိုင်းလေးအတွင်း အကြောပြေလျော့စေနိုင်စွမ်း ရှိပါတယ်။
ဒါပမယ့် ဒါက ယောဂအစားထိုး အကြောဖြေလျော့တာပဲဖြစ်ပြီး ယောဂလိုမျိုး ကျန်းမာရေးကောင်းကျိုးတွေ အပြည့်အဝရမှာတော့ မဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။