backup og meta

မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ

    လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ

    မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ ကတော့

    ၁။ ဒိုက်ထိုးပါ။

    ကျန်းမာတက်ကြွပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်း မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ရင်အုပ်၊ လက်မောင်း၊ ပုခုံးတွေကို အားသုံးပြီး လုပ်ရတာဖြစ်တယ်။ တခြားဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ချင်စိတ်ရှိရုံနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

    ဒိုက်ထိုးခြင်းဖြင့် ရင်အုပ်ကို ကျယ်စေတယ်။ ခါးကို မတ်စေတယ်။ လက်မောင်းကြွက်သား တောင့်တင်းသန်မာစေတယ်။ အားအင်ပိုမို စိုက်ထုတ်နိုင်စေတယ်။ အလေးအပင်တွေကိုလည်း ကောင်းကောင်း မ နိုင်လာမယ်။ ဒါကြောင့် အမျိုးသားတိုင်း မနက်နိုးလာပြီဆိုရင် ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအလိုက် နေ့စဉ် ဒိုက်ထိုးပေးသင့်ပါတယ်။

    ၂။ လမ်းလျှောက်ပါ။

    လမ်းလျှောက်မယ်လို့ ပြောလိုက်တိုင်း ပျင်းတယ်၊ မလျှောက်ချင်ဘူး၊ ညောင်းတယ်ဆိုတဲ့ ဆင်ခြင်တွေနဲ့ ငြင်းနေတာတွေ ရပ်လိုက်ပါတော့။ မနက်ပိုင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပေးရုံနဲ့ ခေါင်းမကြည်၊ စိတ်ညစ်နေတာတွေကို ပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ ဒါ့ပြင် ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေ၊ အကြောတွေ တင်းနေတာကို ပြေလျော့စေတယ်။

    လမ်းလျှောက်ရင်း အသက်ကို ပုံမှန်ရှူရှိုက်တဲ့ လေ့ကျင့်ခန်းပါ တွဲလုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓါက အောက်စီဂျင်လုံလောက်စွာ ရရှိပြီး သွေးလည်ပတ်မှု မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခါးကို မတ်မတ်ထားပြီး အသက်ပုံမှန်ရှူရင်း လျှောက်ပေးမယ်ဆိုရင် ခါးကိုင်းနေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။

    ၃။ အပြေးလေ့ကျင့်ပါ။

    သင်က အဝလွန်နေလား၊ ဗိုက်မှာ အဆီတွေ ဖုံးနေပြီး ဘီယာဗိုက်ဖြစ်နေပြီလား၊ ဒါမှမဟုတ် ကိုယ်ခန္ဓာက အဆီပိုတွေကို မြန်မြန်ချဖို့ ကြိုးစားနေတာလား။ ဒါဆိုရင်တော့ မနက်တိုင်း ပုံမှန် အပြေးလေ့ကျင့်ဖို့ အကြံပေးလိုက်ပါတယ်။

    ပြေးလိုက်တဲ့အခါ ကိုယ်ခန္ဓာတွင်းမှာ ရှိတဲ့ မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်။ ပြေးလိုက်တဲ့အခါ သွေးလည်ပတ်မှုနှုန်းနဲ့ နှလုံးခုန်နှုန်းမြန်စေတယ်။ အမောခံနိုင်ကာ သက်လုံကောင်းစေတယ်။

    ဒါ့အပြင် ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကိုပါ တောင့်တင်းသန်မာစေတယ်။ ကိုယ်တွင်းက ထွက်လာတဲ့ ချွေးတွေနဲ့အတူ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေ ပါသွားတဲ့အတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးသွားပါလိမ့်မယ်။

    ၄။ ထိုင်ထလုပ်ပါ။

    ထိုင်ထပုံမှန် လုပ်ပေးတဲ့ အမျိုးသားတွေဟာ ပေါင်နဲ့ ခြေသလုံးတွေ ပိုသန်မာလာမယ်။ အလေးအပင်တွေ မတဲ့နေရာမှာလည်း ခါးကို သက်သောင့်သက်သာဖြစ်စေပြီး အားအင်ပိုစိုက်ထုတ်လာနိုင်မယ်။ ဒါ့အပြင် အဓိကအားသာချက်ကတော့ တင်ပါးကြွက်သားတွေကိုလည်း သန်လာစေတာပါပဲ။

    တင်ပါးကြီးဖို့ဆိုတာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ လိင်မှုကိစ္စ ထမ်းဆောင်ရာမှာ အမျိုးသားတွေအတွက် သက်လုံကောင်းဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ အဖော်ကိုပါ လိင်မှုဆိုင်ရာ စိတ်တိုင်းကျစေဖို့၊ အားသွန်ခွန်စိုက် စွမ်းဆောင်ပေးဖို့အတွက် တင်ပဆုံရိုးကြွက်သားက ကူညီပေးနိုင်ပါတယ်။

    ၅။ အိပ်ထ မ တင် လေ့ကျင့်ခန်းပြုလုပ်ပါ။

    အမျိုးသားတွေရဲ့ ဝမ်းဗိုက်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ ဝမ်းဗိုက်ကြွက်သားကိုလည်း ကြံ့ခိုင်စေပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေနိုင်တယ်နော်။

    Gym ကို တကူးတက သွားပြီး အချိန်ကုန်မခံချင်တဲ့ အမျိုးသားတွေအတွက် တခြားပစ္စည်းကိရိယာတွေလည်း မလိုအပ်ဘဲ လုပ်ချင်စိတ်တစ်ခုတည်းရှိရုံနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ မျိုးကို ပြောပြပေးလိုက်တယ်နော်။ မနက်ပိုင်း နိုးလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးနည်းနည်းတိတ်အောင် စောင့်ပြီးမှ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်စာစားလိုက်ရုံပဲဆိုတော့ အချိန်လည်း သိပ်ပေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ခန်း စတင်လုပ်ဖို့ နောက်ကျသွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး သာယာလှပတဲ့ ဘဝလေးပိုင်ဆိုင်ရဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကြစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement