backup og meta

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ ။အဆီတွေကျဖို့၊ ကိုယ်အလေးချိန်တက်ဖို့၊ ကြွက်သားတွေ တက်စေဖို့ အပြင် လေ့ကျင့်ခန်းမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အခြား အရာတွေ အများကြီးရှိပါသေးတယ်။ ပိန်ချင်တာတစ်ခုတည်းကြောင့် လေ့ကျင့်ခန်းလုပ်တာတော့မှန်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်ကျတာက နောက်မှာ ခုပြောပြမယ့် အကျိုးကျေးဇူးတွေ အရင်ရမှာမို့ လေ့ကျင့်ခန်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုတာ ကြည့်ရအောင် ။ ။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ

လေ့ကျင့်ခန်းက ကိုယ်ခန္ဓာကို အသုံးပြုပြီးလုပ်ရတာမှန်ပေမယ့် လေ့ကျင့်ခန်းလုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက စိတ်ရော ကိုယ်ပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။

( ၁ ) ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

လေ့ကျင့်ခန်းက ကိုယ်စားလိုက်တဲ့ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် အားပေးတယ်၊ ပိုနေတဲ့ အဆီတွေကို ဖြိုခွဲပေးတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန်ုလုပ်နေတဲ့သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက အမြဲအချိုးကျနေမှာဖြစ်တဲ့အပြင် ကိုယ့် ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအမြဲရှိနေမှာပါ။

( ၂ ) နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် လူတိုင်းကို ဒုက္ခပေးတဲ့နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ သွေးကြောကျဉ်း၊ လေဖြတ်တာနဲ့ ကင်ဆာ ရောဂါတို့ဟာ သင့်နဲ့ အဝေးဆုံးမှာ ရှိနေမှာပါ။

(၃ ) ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတစ်ယောက်ဟာ မလုပ်တဲ့သူထက် သက်လုံပိုင်းမှာရော ကိုယ်ခန္ဓာကြံ့ခိုင်မှု အပိုင်းမှာရော ပိုပြီးသန်စွမ်းမှုရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားထားတဲ့ အာဟာရဓာတ်တွေနဲ့ အရေးကြီးတဲ့ အောက်ဆီဂျင်တွေက လေ့ကျင့်ခန်းလုပ်နေစဉ် တစ်ရှူးတွေဆီ အလုံအလောက်ရောက်သွားတယ်ရယ်၊ လေ့ကျင့်ခန်းလုပ်ချိန်အတွင်းမှာ အသုံးပြုရတဲ့ ကြွက်သားနဲ့ အရိုးတွေ သန်မာလာတာကြောင့်ရယ်ဖြစ်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းက ခုခံအားစနစ်ကိုလည်း အားပေးတဲ့ အရာတစ်ခုပါ။

( ၄ ) စိတ်ကို လန်းဆန်းစေပါတယ်။

Gym စစချင်းသွားဖို့၊ လေ့ကျင့်ခန်းစလုပ်ဖို့ ပျင်းနေ စိတ်ညစ်နေပေမယ့် တကယ်လုပ်ပြီးသွားတဲ့အချိန်ကျ ကျေနပ်ပျော်ရွင်တဲ့ခံစားချက်တစ်မျိုး ခံစားရတယ်ဆိုတာ gym သွားတဲ့လူတိုင်းသိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ ဦးနှောက်ဆီကနေ endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ အဲဒီ endorphins ဟော်မုန်းက စိတ်ကိုပျော်ရွင်စေတဲ့အပြင် စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်လွန်တဲ့ ပြဿနာတွေကို ပါဖြေရှင်းပေးပါတယ်။

( ၅ ) စားကောင်း အိပ်ပျော်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ထားတဲ့ ရက်မှာ မြင်သမျှစားချင်နေတတ်ပြီး စားသမျှလည်း ကောင်းနေပါလိမ့်မယ်။ ညရောက်ရင်လည်း လေ့ကျင့်ခန်းကြောင့် ပင်ပန်းထားရတဲ့ဒဏ်နဲ့ တန်းပြီး အိပ်ပျော်မှာ ကျိန်းသေပါတယ်။

( ၆ ) ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်း သက်သာစေမှာပါ။

ဒါကလည်း လေ့ကျင့်လုပ်တဲ့ ပျိုမေတိုင်း ခံစားရတဲ့ အကျိုးကျေးဇူးတစ်ခုပါ။ လေ့ကျင့်ခန်း လုပ်စဉ် ထွက်နေတဲ့ endorphins ဟော်မုန်းက morphine လိုမျိုး အနာသက်သာစေတဲ့အာနိသင်ရှိတာကြောင့် ဓမ္မတာလာစဉ်ခံစားရတဲ့ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေမှာပါ။

( ၇ ) အသားအရေကို ကြည်လင်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အချိန် ထွက်သွားတဲ့ချွေးတွေနဲ့အတူ အဆိပ်အတောက်တွေပါ ထွက်သွားတာကြောင့် အသားအရေ တွေပါ ကြည်လင်သွားမှာ ကျိန်းသေပါတယ်။

ကဲဒီတော့ စိတ်ရောကိုယ်ပါ ကို အကျိုးရှိစေတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဘာကြောင့် ပျင်းနေမှာလဲ။ ခုပဲ gym သွားလိုက်ရအောင် ။ ။

.

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/healthy-lifestyle/fitness/in-depth/exercise/art-20048389

Accessed Date 3.7.2019

https://www.everydayhealth.com/fitness-pictures/amazing-benefits-of-exercise.aspx#exercise-boosts-physical-mental-and-emotional-health

Accessed Date 3.7.2019

https://www.webmd.com/fitness-exercise/features/7-invisible-ways-exercise-improves-your-life#2

Accessed Date 3.7.2019

 

ယခုပုံစံ

11/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Eaindray Maung မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement