backup og meta

လမ်းမြန်မြန်လျှောက်ရင် ပိုအသက်ရှည်နိုင်တယ်ဆိုတာ သိပြီးပြီလား

လမ်းမြန်မြန်လျှောက်ရင် ပိုအသက်ရှည်နိုင်တယ်ဆိုတာ သိပြီးပြီလား

အလေးတုံးမလိုဘဲ လူကိုကျန်းမာကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ လမ်းလျှောက်တာလည်း ပါတယ်နော်။ ဟိုနားဒီနားသွားမလား၊ ရုံးသွား ကျောင်းသွားမလား၊ မိသားစုအတွက် ဈေးဝယ်ထွက်မလား၊ လူတိုင်းကတော့ လမ်းလျှောက်နေကြတာပါပဲ။ ပုံမှန်လမ်းလျှောက်တာမျိုးထက် ခြေလှမ်းခပ်သွက်သွက်နဲ့ လျှောက်တဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်လာပြီး သွေးစီးဆင်းမှုကောင်းစေတယ်။ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီေလာင်ကျွမ်းမှုပိုဖြစ်စေတယ်နော်။

လမ်းလျှောက်ရမှာ ပျင်းတဲ့သူတွေထဲမှာ သင်ကိုယ်တိုင်ရောပါနေလား။ ဒါဆိုရင် ဒီဆောင်းပါးကို သေချာဖတ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။

လမ်းမြန်မြန်လျှောက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲ။

၁။ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်။

လူတွေရဲ့ အသက်စည်းစိမ်ကို ခြွေနေတဲ့ ရောဂါတွေထဲမှာ အဝလွန်တာလည်း တစ်ခုအပါအဝင်ပဲနော်။ ဝလို့လှလို့ဆိုတာမျိုးထက် ခန္ဓါကိုယ်တွင်း အဆီပိုတွေ အရမ်းများနေတဲ့အခါ သွေးတိုး၊ ဆီးချိုေရာဂါတွေ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ ပိုများလာတယ်နော်။ ပုံမှန်ထက်ပိုပြီး လမ်းမြန်မြန်လျှောက်တဲ့အခါ သွေးတွင်း ကယ်လိုရီတွေ အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး နှလုံးခုန်နှုန်းမြန်လာစေတယ်။ ဒီတော့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပြီး အဝမလွန်စေဖို့ ကာကွယ်ပေးနိုင်တာပေါ့။

၂။ သက်လုံပိုကောင်းစေတယ်။

ပြေးတာနဲ့မတူဘဲ အမြန်လမ်းလျှောက်ခြင်းဟာ နှလုံးရဲ့ အလုပ်လုပ်နှုန်းကို မြန်စေတယ်။ အလွယ်တကူနဲ့ မောဟိုက်မသွားတော့ အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်လို့လည်း ရတယ်။ သွေးစီးဆင်းမှု ကောင်းစေတယ်။ ချွေးပုံမှန်ထွက်စေတယ်။ အမောခံနိုင်စေလို့ တခြားလေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ ပိုပြီး အားစိုက်ထုတ်နိုင်စေတယ်။ သက်လုံကောင်းစေတဲ့အတွက် အားကစားလုပ်နေတဲ့အမျိုးသားေတွ၊ အိမ်ထောင်ရှင်တွေအတွက်လည်း အဆင်ပြေစေပါတယ်။

၃။ အလုပ်လုပ်တဲ့အခါ ပိုပြီးသွက်လက်လာစေတယ်။

လမ်းမြန်မြန်လျှောက်တဲ့သူတွေမှာ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် အိပ်ငိုက်ေနတာ၊ လေးလံထိုင်းမှိုင်းနေတာမျိုး ဖြစ်တာအရမ်းနည်းပါတယ်။ လူက စိတ်အာရုံကြည်လင်လန်းဆန်းနေတဲ့အခါ အလုပ်လုပ်ရာမှာလည်း ပိုပြီး အာရုံစိုက်လာနိုင်စေတယ်။ တွေးခေါ်ကြံဆဉာဏ်တွေကိုလည်း ထက်မြက်စေတယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ပျင်းရိငြီးငွေ့တဲ့စိတ်တွေ ဖြစ်မလာစေဖို့ ကူညီပေးနိုင်ပါတယ်။

၄။ တခြားလေ့ကျင့်ခန်းအတွက်လည်း ပိုအားစိုက်ထုတ်လာနိုင်စေတယ်။

သက်လုံကောင်းလာတဲ့အခါ တခြားလေ့ကျင့်ခန်းေတွ လုပ်နေရင်လည်း အလွယ်တကူမမောနိုင်တော့ပါဘူး။ အဲ့တော့ အလေးပိုပြီးမလာနိုင်တယ်။ အရင်ကထက်လည်း ပြင်းပြင်းထန်ထန်ကစားနိုင်တယ်။ အဆီပိုနည်းသွားတော့ ကြွက်သားထွက်မြန်စေတယ်။ အားကစားလုပ်နေတဲ့သူဆိုရင်လည်း ပိုကောင်းတဲ့ရလဒ်တွေ ရလာနိုင်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုကိုပြေလျော့စေတယ်။ အင်ဒိုဖင်ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ကိုပျော်ရွှင်စေတယ်။ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေအတွက်လည်း ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်။ အဆီကျစေနိုင်တယ်။ ကလေးတွေဆိုရင် ကြီးထွားကြံ့ခိုင်မှုအတွက် အကူအညီဖြစ်သလို လူကြီးအရွယ်တွေမှာလည်း ကိုယ်ခံအားကောင်းစေလို့ ရောဂါတွေအလွယ်တကူ ဝင်မလာအောင် တားဆီးပေးနိုင်တယ်။ မလိုအပ်တဲ့ အဆီပိုတွေ သွေးထဲမှာရှိမနေတဲ့အခါ နောက်ဆက်တွဲရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်တာမို့ ဒီနေ့ကစပြီး လမ်းမြန်မြန်လျှောက်ကြဖို့ အကြံပေးလိုက်တယ်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/people-who-walk-faster-tend-to-live-longer (July 4, 2019)

 

ယခုပုံစံ

14/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လမ်းလျှောက်ခြင်း အနုပညာ

ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement