brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေအတွက် လေ့ကျင့်ခန်းတိုင်းက အဆင်မပြေနိုင်ပါဘူး။ ဥပမာ နှလုံးရောဂါ ရှိသူတွေအတွက်ဆိုရင် အရမ်းကို ပင်ပန်းစေမယ့် လေ့ကျင့်ခန်းတွေက အဆင်မပြေနိုင်ပါဘူး။ ဒီတစ်ခေါက်တော့ နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

ခန္ဓာကိုယ်ရဲ့ ရှင်သန်မှု အချက်ပြ အရာလေးတစ်ခု [သို့မဟုတ်] နှလုံး ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ပါ

နှလုံးရောဂါက ပြင်းထန်သလို ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နှလုံးရောဂါရှိသူတွေရော မရှိသူတွေမှာပါ ကျန်းမာစေဖို့၊ နှလုံးကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုပါမယ်။

နှလုံးကျန်းမာမှ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ နှလုံးမှာ နှလုံးသွေးကြောကျဉ်းတာကစလို့ နှလုံးရောဂါ အမျိုးမျိုးကို ခံစားရနီုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက နှလုံးကျန်းမာစေတယ်ဆိုပေမယ့် နှလုံးရောဂါရှိသူတွေအတွက်တော့ လေ့ကျင့်ခန်းတိုင်းက အဆင်မပြေနိုင်ပါဘူး။ နှလုံးရောဂါ အ​ခြေအနေတွေကိုလိုက်ပြီး လေ့ကျင့်ခန်း အမျိုးအစားတွေကလည်း ကွာခြားနိုင်ပါတယ်။

နှလုံးရောဂါ ရှိပေမယ့်လည်း ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါကို သက်သာစေသလို ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများက ဘာတွေဖြစ်မလဲ ဆိုတော့

နှလုံးရောဂါရှိသူတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ကတော့ အေရိုးဗစ် လေ့ကျင့်ခန်းပါ။ အေရိုးဗစ် လုပ်တာက သွေးပေါင်ကျစေပြီး နှလုံးခုန်နှုန်း မှန်စေနိုင်သလို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမယ့် ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပေးလို့ ရပါတယ်။

နှလုံးရောဂါ ရှိနေတဲ့သူကို ရေကူးပါဆိုတော့ ရေကူးရင်း ရုတ်တရက် နှလုံးရပ်သွားရင် ဘယ်လိုလုပ်မလဲပေါ့။ ရေကူးတာကလည်း အေရိုးဗစ်လေ့ကျင့်ခန်းလိုပဲ သက်လုံကောင်းစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ ရာသီဥတု အခြေအနေကို ထည့်တွက်ဖို့တော့ လိုပါမယ်။ နှလုံးရပ်မှာစိုးရိမ်ရင် လူများတဲ့နေရာမှာ ကူးပါ။ ဒါမှ တစ်ခုခုဆို ဘေးလူက ကူပေးနိုင်မှာပါ။

ယောဂလေ့ကျင့်ခန်းက ဖြည်းဖြည်းလုပ်ရတယ်ဆိုပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာစေသလို နှလုံးလည်း ကျန်းမာစေနိုင်ပါတယ်။ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ယောဂလုပ်တာက သွေးပေါင်ကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

တစ်နေ့ကို မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်ကို ၅ ရက်လောက် လေ့ကျင့်ပေးလို့ ရပါတယ်။

တရုတ်ကိုယ်ခံပညာတစ်ခုဖြစ်တဲ့ ထိုက်ချိကစားတာက နှလုံးကျန်းမာစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။ စည်းချက်မှန်မှန် လှုပ်ရှားပြီး အသက်မှန်မှန် ရှူတာက စိတ်ရောကိုယ်ပါ ကျန်းမာတည်ငြိမ်စေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

နှလုံးရောဂါရှိသူတွေ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်

နှလုံးရောဂါရှိသူတွေ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။ မိမိရောဂါအခြေအနေပေါ် မူတည်ပြီး လုပ်သင့်တဲ့ လေ့ကျင့်ခန်း၊ အကြိမ်ရေကို အကြံပေးပါလိမ့်မယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း ရုတ်တရက် ရင်ဘတ်အောင့်လာရင်၊ အသက်ရှူရခက်ပြီး မောလာရင် ချက်ချင်းနားဖို့ အကြံပေးချင်ပါတယ်။

နှလုံးရောဂါရှိသူများအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများက ဘာတွေဖြစ်မလဲ ဆိုတော့
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။