backup og meta

မျှဝေပါ။

ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ရင် ဒီ အချက် ၅ ချက်ကို လိုက်နာသင့်ပါတယ်။ ။

ကျန်းမာချင်ကြတာ လူတိုင်းပါပဲ။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ကျန်းမာရေး မကောင်းရင် ကိုယ်ရှာထားတဲ့ စည်းစိမ်ချမ်းသာကို ခံစားနိုင်ဖို့ဆိုတာ အရမ်းကို အလှမ်းဝေးတဲ့ ကိစ္စတစ်ခုပါ။ ကျန်းမာရေးကောင်းချင်ရင် လိုက်နာသင့်တဲ့ အကြောင်းများစွာကို ဖတ်ဖူးကြမှာပါ။ များလွန်းလို့ ဖတ်ပြီးတာနဲ့ မေ့သွားကြတယ်မလား။ ဒီဆောင်းပါးမှာတော့ ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက် ၅ ချက်ကို ပြောပြပေးမှာပါ။ လိုရင်းတိုရှင်းပေါ့။ ။

ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ရင် ဒီ အချက် ၅ ချက်ကို လိုက်နာသင့်ပါတယ်။ ။

အဆိပ် မျိုးစေ့တွေ ကိုယ်ခန္ဓာထဲမှာ မချပါနဲ့ ။ ။

စီးကရက်တို့ အရက်တို့ဆိုတာလည်း ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော သုံးဖူးတဲ့ လူတိုင်း ကြိုက်တဲ့ အရာတစ်ခုဖြစ်နေကြတုန်းပါပဲ။ မူးယစ်ဆေးဆို ပိုဆိုးတာပေါ့။ ကျန်းမာချင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ရင် ဒီမူးယစ်ပြီး စွဲလန်းစေတတ်တဲ့ အရာတွေကို ယောင်လို့တောင် မကြည့်မိဖို့ လိုပါတယ်။ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် ဖြစ်နေရမယ့်အစား မူးယစ်သားကောင်ဖြစ်သွားတတ်လို့ပါ။ အခြားနေရာတွေမှာသာ စူးစမ်းတာကောင်းပေမယ့် ဒီ ၃ ခုကိုတော့ လက်တည့်မစမ်းကြည့်သင့်ပါဘူး။

တစ်ချိန်လုံး လှုပ်ရှားနေပါ။ ။

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ သွေးလည်ပတ်မှု ကောင်းစေဖို့ရော၊ နှလုံးကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်ကို ထိန်းထားဖို့အတွက်ရော ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ကိုလုပ်ပေးသင့်ပါတယ်။ ကိုယ့်ကျန်းမာရေးကောင်းဖို့အတွက် တာဝန်ရှိတာ ကိုယ်ကိုယ်တိုင်ပါ။ ဘယ်လောက်ပဲ မအားဘူးပြောပြော အနည်းဆုံးတော့ လမ်းလျှောက် ပေးသင့်ပါတယ်။

ကလေးလို အိပ်ပါ။

ကလေးလို အိပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်ရမယ်ဆိုတာကို ပြောတာပါ။ ကလေးအိပ်ချိန်ဆိုပြီး တစ်နေ့ကို ၁၂နာရီလောက် အိပ်ရမယ်လို့ မဆိုလိုပါဘူး။ အရွယ်ရောက်ပြီးတဲ့သူတစ်ယောက် အနေနဲ့ တစ်နေ့ကို ၇-၉ နာရီအတွင်းအိပ်ပေးရင် ရပါတယ်။ အဓိကကတော့ ညဘက် အိပ်ရာစောစောဝင်ဖို့၊ အိပ်ချိန်ပြည့် အောင်အိပ်ဖို့နဲ့ ပုံမှန် အိပ်ရာဝင်တဲ့အချိန် သတ်မှတ်ထားဖို့ပါ။ အိပ်ရေးပျက်တာများရင် ရောဂါပေါင်းစုံ ဝင်လာနိုင်တာမို့ သင့်လိုချင်နေတဲ့ ကျန်းမာပျော်ရွင်တဲ့ ဘဝဆိုတာ အဝေးကြီးမှာ ရှိနေမှာပါ။

လေလိုပဲ ပေါ့ပါးအောင်နေပါ။

စိတ်ဖိစီးမှုဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုရော၊ လူမှုရေးတွေကို ပျော်ရွင်မှုတွေကိုရော ကိုဖျက်ဆီးပစ်တဲ့အရာပါ။ တကယ်တော့ စိတ်ဖိစီးမှု ကိုတွေးတာ၊ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို လက်ခံထားတာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ ဒီစိတ်ဖိစီးမှုတွေကို လွတ်ချဖို့ တာဝန်ရှိတာကလည်း ကိုယ်ကိုယ်တိုင်ပဲပေ့ါ။ နေ့ရက်တိုင်းကတော့ ပျော်ရွင်စရာ အတိဖြစ်နေမှာ မဟုတ်ပေမယ့် လောကကြီးက နေတတ်ရင် ကျေနပ်စရာကြီးပါ။

အစစ်အမှန်တွေကိုသာ စားသုံးပါ။

အစစ်အမှန်တွေကို စားသုံးပါ ဆိုတဲ့ အဓိပ္ပာယ် က တတ်နိုင်သမျှ သဘာဝအတိုင်း ရတဲ့ အသီးအနှံတွေ အသားငါးတွေကို စားသုံးဖို့ပါ။ တိုးတက်လာတယ်ဆိုတဲ့ခေတ်ကြီးမှာ သဘာဝကို လွန်ဆန်ပြီး အစားအသောက်တွေကို ပြုပြင်ထုတ်လုပ်လာကြတဲ့အတွက် သဘာဝအတိုင်းရတဲ့ အသီးအနှံတွေ အစားအသောက်တွေဆိုတာ အရမ်းကိုရှားပါးနေပါပြီ။ စည်သွပ်ဘူးတွေ၊ တာရှည်ခံ အောင်လုပ်ထားတဲ့ ကြက်အူချောင်းတို့ ၊ အသားခြောက်တို့ဟာ ဈေးရောင်စင်တာတွေမှာ နေရာအများဆုံး ယူထားတဲ့အရာတွေ ဖြစ်တာပါ။ ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်ရင်တော့ စားကောင်းပေမယ့်လည်း သူတို့ကို ရှောင်စားဖို့ တိုက်တွန်းချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/5-simple-rules-for-amazing-health#section6

Accessed Date 15.2.2019

https://www.healthline.com/nutrition/ways-to-improve-digestion#section1

Accessed Date 15.2.2019

 

 

ယခုပုံစံ

06/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement